ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ကြိုတင်ဖြန့်ဝေထားတဲ့အစီ အစဉ်အတိုင်း ဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း၊ ယခုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများထဲက ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအား တင်မြှောက်နိုင်ရန်အတွက် ၂၀၁၃ခုနှစ်၊ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၁၆)အရ ဥက္ကဋ္ဌကို ရွေးကောက်တင်မြှောက်မှာဖြစ်ကြောင်း၊ ဥက္ကဌလောင်းအမည်စာရင်း တင်သွင်းလိုတဲ့လွှတ်တော်ကိုယ်စားလှယ်များသာ အမည်စာရင်းတင်သွင်းပုံစံ (၁)ကို အခမ်းအနားမှူးထံ ပုံစံ(၂) လက်မှတ်ရေးမှတ်ရေးထိုးကာ ထုတ်ယူပြီး အမည်စာရင်း တင်သွင်းရန်ဖြစ်ကြောင်း၊ အမည်စာရင်းတင်သွင်းခံရသူဟာ အမည်စာရင်းတင်သွင်းခံရသူဟာ ဥက္ကဌအဖြစ်ရွေးကောက်တင်မြှောက်ခံရပါက လက်ခံဆောင်ရွက်ရန် သဘောတူကြောင်း၊ သဘောထားရယူပြီးဖြစ်ကြောင်း၊ အမည်စာရင်း တင်သွင်းလွှာမှ လိုအပ်တဲ့အချက်အလက်များကို ဖြည့်သွင်းပြီး သဘာပတိထံ ပြန်လည် တင်သွင်းရမှာ ဖြစ်ပါကြောင်း၊ ဥက္ကဌအမည်စာရင်းတင်သွင်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းလွှာ ပုံစံများကို အခမ်းအနားမှူး ဦးသက်လွင်(ညွှန်ကြားရေးမှူး)ထံ ထုတ်ယူနိုင်ကြောင်း အစီအစဉ်အလိုက် ဆောင်ရွက်သွားပါသည်။
ဥက္ကဌအမည်စာရင်းတင်သွင်းလွှာ ထုတ်ယူမှု (၁)စောင်ရှိပြီး အခမ်းအနားမှူးထံ ပြန်လည်အပ်နှံမှု (၁)စောင် ရှိကြောင်း၊ ဥက္ကဌလောင်းအဖြစ် ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းမှ ဟားခါးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဘွဲအား အမည်စာရင်းတင်သွင်းပြီး ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်းထောက်ခံပါသည်။မဲဆန္ဒနယ်အမှတ် (၁) ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဘွဲ၊ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း သဘာပတိဦးသက်လွင် ညွှန်ကြားရေးမှူးက ကြေညာပါသည်။
17.9.2019