post-featured-image

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (စတုတ္ထနေ့) ကျင်းပမှုတင်ပြခြင်း

၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂၄)ဦးအနက် (၁၉)ဦးတက်ရောက်၍ ရာခိုင်နှုန်းအားဖြင့် (၇၉.၁၇%) တက်ရောက်သည့်အတွက် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (စတုတ္ထနေ့) အထမြောက်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ (၁ဝးဝ၂)နာရီ အချိန်တွင် ကြေညာခဲ့ပါသည်။

(၁ဝး၁၀)နာရီအချိန်တွင် ချင်းပြည်နယ် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန” တွင် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်သည့် ဦးဖွေအားမှ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။

(၁ဝး၁၅)နာရီအချိန်တွင် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေးပြီးစီးကြောင်း ကြေညာခဲ့ ပါသည်

17.9.2019