ခွါန်ကြွဲပွဲတော်


ခွါန်ကြွဲပွဲတော်ကို ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်ရှိ ချင်းလူမျိုးတို့၏ အကြီးအကျယ်ဆုံးသော ဂုဏ်တုဂုဏ်ပြိုင်ပွဲတော်ဖြစ်သည်။ ပွဲတော်မှာ (၇)ရက်ခန့်ကြာပြီး ပွဲပြုလုပ်သူအိမ်ရှင်၏ တတ်နိ်ုင်သည့်အတိုင်း အတာဖြင့် နွားနောက်ငါးကောင်မှာ အကောင်(၂၀)အထိ အကုန်ကျခံကျင်းပသည်
ခွါန်ကြွဲပွဲတော်ကို ရိုးရာဓလေ့များအရ နတ်ပွဲငယ်များကို အစဉ်လိုက်အားလုံးကျင်းပပြီးမှသာ နောက်ဆုံး ကျင်းပသည့် အဆင့်အမြင့်ဆုံးပွဲတော်ဖြစ်သည်။ ခွါန်ကြွဲပွဲတော်ကို တတ်နိုင်ပါက အကြိမ်အကန့်အသတ်မရှိ ကျင်းပနိုင်သည်။ ပထမနေ့သည် ဆွေမျိုးညာတိများဖိတ်သောနေ့ဖြစ်သည်။ ဒုတိယနေ့သည် နယ်မှဧည့်သည် များရောက်နေသာနေ့ဖြစ်သည်။ တတိယနေ့သည် နွားနောက်သတ်သောနေ့ဖြစ်သည်။ လက်ရွေးစင်အက အဖွဲ့များအား ကျွေးမွေးပြီးမှ အခြားဧည့်သည်များ ကျွေးရသည်။ (၄)ရက်မြောက်သောနေ့သည် နွားနောက် သားစားသောနေ့ဖြစ်သည်။ ပွဲရှင်၏ဇနီးအား ထမ်းတင်ရန် ခေါင်ခေါ်သစ်သားထမ်းစင်လှပစွာ ပြုလုပ်ထားသည်။ ပွဲရှင်၏ ဇနီးကို ထမ်းစင်ပေါ်တင်ပြီး မြှောက်ချီနိမ့်ချီပြုလုပ် သီဆိုကခုန်ကြသည်။ အနားယူ လိုက်၊ မြှောက်ပင့်လိုက်အား ခုနှစ်ကြိမ်ပြည့်သော့အခါ ခွါန်ကြွဲပွဲပြီးဆုံး၍ ရပ်နားကြလေသည်။