
၁။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပခြင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နေရာယူခြင်း။
ချင်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ်ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၃၀)ရက် (ကြာသပတေးနေ့) နံနက် (၁၀၀၀)နာရီအချိန်၌ စတင်ကျင်းပပါသည်။
(အစည်းအဝေးအခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဦးက ဆောင်ရွက်ပါသည်။)
အခမ်းအနားမှူး။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား...ယခုအချိန်ကစပြီး ဒုတိယ အကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်အစည်းအဝေး (ပထမနေ့) အစီအစဉ်စတင် တော့မှာဖြစ်တဲ့အတွက် နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ခင်ဗျား...(၃)ကြိမ်
၂။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
အခမ်းအနားမှူး။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရောက်ရှိလာပါပြီခင်ဗျား........
ဥက္ကဋ္ဌ။ အားလုံးမင်္ဂလာပါ။
အခမ်းအနားမှူး။ အားလုံးထိုင်နိုင်ပါပြီခင်ဗျား။
၃။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခြင်း။

ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား..... ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေများ အခန်း၆၊ အပိုဒ် ၃၄၊ အပိုဒ်ခွဲ(ခ)တွင် လွှတ်တော်သက်တမ်းတစ်ခု အတွင်းကျင်းပသော လွှတ်တော်အစည်းအဝေးတစ်ရပ်ရပ်၏ ပထမနေ့တိုင်း၌ လွှတ်တော်အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် ဦးရေတက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။ အစည်းအဝေးအထမြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံတစ်ပုံတက်ရောက်လျှင် အစည်းအဝေးများအထမြောက် သည်ဟု ဖော်ပြပါရှိပါတယ်။ ယခုအစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် (၂၄)ဦးအနက် (၂၂)ဦးတက်ရောက်ပြီး၊ ရာခိုင်နှုန်းအားဖြင့် (၉၁.၆၇%) ရာခိုင်နှုန်း တက်ရောက် တဲ့အတွက် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား.......
(လက်ခုပ်သြဘာသံများ...)
၄။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) အစီအစဉ်ကြေညာခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား..... ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေအခန်း (၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (ခ)အရ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) အစီအစဉ်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးပြီးဖြစ်ပါတယ်....
၅။ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခွင့်ပန်ကြား ခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား...ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေအခန်း(၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ်(၁)အရ ခွင့်ပန်ကြားလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်သည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအတွက်အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကသော်လည်းကောင်း ခွင့်ပန်ကြားရမှာဖြစ်ပါတယ်....ဒီနေ့ အစည်းအဝေး မတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ခွင့်ပန်ကြားဖို့ ဖြစ်ပါတယ်...
ဦးပြေမင်း(ပလက်၀မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား...ကျွန်တော်ကတော့ ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးပြေမင်းဖြစ်ပါတယ်... ယနေ့ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)သို့ မတက်ရောက်နိုင်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ကျွန်တော် ကခွင့်ပြန်ကြားမှာဖြစ်ပါတယ်…တွန်းဇံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးပေါင်လွန်းမင့်ထန်(လူမှုရေးဝန်ကြီး)သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-II)နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၀ပြည့်နှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ(အခြေခံပညာ ကဏ္ဍ)ကိုလည်းကောင်း၊ ဖေဖော်ဝါရီ(၁) ရက်နေ့မှ (၇)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံအားကစားကွင်းတွင် တိုင်းရင်းသားလူ မျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် သွေးချင်းတို့ပွဲတော်ဆီ ၂၀၂၀ ပွဲတော် တက်ရောက်ရမည်ဖြစ်၍သော်လည်းကောင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးအောင်ကျော်သက်သည် ပြောင်းရွေ့နေပါသဖြင့် ဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော် (၂၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ မတက်ရောက်နိုင်ခြင်းကို ခွင့်အဖြစ် သတ်မှတ်ပေးနိုင်ပါရန် ယင်းတို့၏ကိုယ်စား လေးစားစွာ ခွင့်ပန်ကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်း၏ ခွင့်ပန်ကြားချက်ကို ခွင့်ပြုရန် သဘောတူပါသလားခင်ဗျား...(၃)ကြိမ်
(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုကြပါသည်။)
သဘောမတူသူပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါသလား... (၃ကြိမ်)
(သဘောမတူသူမရှိကြောင်း တိတ်ဆိတ်စွာဖြင့် ဆန္ဒပြုကြပါသည်။)
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ သဘောတူတဲ့အတွက် ခွင့်ပန်ကြားချက် ကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်...
(လက်ခုပ်သြဘာသံများ)
၆။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား........ ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေအခန်း(၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲငယ် (၂)အရ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦး၊ ယနေ့ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ (၂)ဦးနှင့် ခွင့်မဲ့ပျက်ကွက် သူ (မရှိကြောင်း)ကို တင်ပြပါတယ်.......
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ဒီကနေ့ ဒုတိယအကြိမ်ချင်းပြည်နယ် လွှတ်တော်(၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)သို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦးအနက် (၂၂) ဦးတက်ရောက်ပြီး ရာခိုင်နှုန်းအားဖြင့်(၉၁.၆၇%)
ရာခိုင်နှုန်းတက်ရောက်ပါတယ်။ ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေအခန်း(၂)၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ် (၂)အရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူရန်ဖြစ်ပါတယ်...
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ယနေ့အစည်းအဝေးတက်ရောက်မှု အခြေ အနေကို အတည်ပြုရန် အားလုံးသဘောတူပါသလားခင်ဗျား...(၃)ကြိမ်
(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုပါသည်။)
ဥက္ကဋ္ဌ။ လွှတ်တော်ကိုယ်စားလှယ်အားလုံးက အတည်ပြုရန် သဘောတူတဲ့အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်မှ မှတ်တမ်း တင်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား...
(လက်ခုပ်သြဘာသံများ...)
၇။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းမေးမြန်းခြင်းနှင့် မေးခွန်းများကို သက်ဆိုင် ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များကပြန်လည် ဖြေကြားခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား......... ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၇ တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်တွင် မေးခွန်းမေးမြန်းလိုလျှင် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ လွှတ်တော်အစည်းအဝေးမစတင်မီ အနည်းဆုံး (၁၀) ရက်ကြိုတင်၍ မေးခွန်းများကို လက်မှတ်ရေးထိုးပြီး မေးခွန်းမေးမြန်းလိုကြောင်း အကြောင်းကြားစာနှင့်အတူ ပေးပို့ရမည်။ သို့ရာတွင် အရေးကြီးကိစ္စနှင့်သက်ဆိုင်သော မေးခွန်းကို ကန့်သတ်ထားသော (၁၀)ရက်အတွင်း ဖြေဆိုရန် ဖြေကြားမည့် သက်ဆိုင်ရာပုဂ္ဂိုလ်က သဘောတူ ကြောင်းပြန်ကြားလာလျှင် ဖြေဆိုရန်သတ်မှတ်သောနေ့တွင် ဥက္ကဋ္ဌကမေးမြန်းခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားပြီး နည်းဥပဒေ ၁၀၅(ဂ)တွင် လွှတ်တော်ကိုယ်စားလှယ်များသည် မေးခွန်းစာရင်းတွင် မိမိအမည်နှင့် ယှဉ်တွဲ၍ပြထားသော အမှတ်စဉ်ကို ပြောကြားခြင်းဖြင့် ကြယ်ပွင့်ပြထားသော မေးခွန်းကို မေးမြန်းရမည်ဟု ပြဋ္ဌာန်းပါသည်။ ဒါကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းခြင်းနှင့်ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားဖို့ဖြစ်ပါတယ်...
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား.... ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၇နှင့်အညီ သတ်မှတ်ကာလအတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅)ဦးမှ မေးခွန်း (၁၈)ခု မေးမြန်းခြင်းအား ခွင့်ပြုထားပါတယ်... ယနေ့ကျင်းပပြုလုပ်တဲ့ (ပထမနေ့)၌ နည်းဥပဒေ ၁၀၅(ဂ)နှင့်အညီ အခမ်းအနားအစီအစဉ်တွင် မိမိအမည်နှင့် ယှဉ်တွဲ၍ဖော်ပြထားသော အမှတ်စဉ်အတိုင်း မေးခွန်းမေးမြန်းရန် ဖြစ်ပါတယ်......
ဥက္ကဋ္ဌ။ ပထမဦးစွာ...မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးအောင်လျန်မှ ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ဝဥစိုက် ပျိုးရန်အတွက် တစ်မြို့နယ်ကို သိန်း(၂၀၀)အသီးသီး ရင်းနှီးငွေထုတ်ချေးပေးနိုင်ရေးအား မည်ကဲ့သို့ သော အစီအစဉ် ဖြင့်ပြုလုပ်မည်ကို သိရှိလိုသောမေးခွန်းအား မေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်...
ဦးအောင်လျန်(မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ မတူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ဖြစ်ပါတယ်... ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ဝဥစိုက်ပျိုးရန်အတွက် (၁)မြို့နယ်ကို သိန်း(၂၀၀)အသီးသီး လျာထား အတည်ပြုထား သည့်စီမံကိန်းအား လက်ရှိချိန်ထိ သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် အကောင် အထည်ဖော်ဆောင် ရွက်ခြင်းမရှိသည့်အပြင် မည်ကဲ့သို့ အစီအစဉ်ဖြင့် လုပ်ဆောင်မည်ကိုလည်း သက်ဆိုင်ရာဌာန၊ မြို့နယ်အသီးသီးက မသိရှိသေးကြောင်းကို သိရှိရပါသည်။ ထို့ကြောင့် ပြည်နယ် အစိုးရအနေဖြင့် မည့်ကဲ့သို့သော အစီအစဉ်ဖြင့်ပြုလုပ်မည်ကို သိရှိလိုကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြားဖို့ ဖြစ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း (စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တောနှင့် သတ္တဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်…၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဝဥအပါအဝင် အခြားသီးနှံမျိုးများဝယ်ယူရန် ကျပ်သိန်းပေါင်း (၂၄၀၀)ဘတ်ဂျတ် ရရှိထားပြီးဖြစ်ပါသည်။ ဝဥမျိုးဝယ်ယူဖြန့်ဖြူးရေးအတွက် ကျပ်သိန်း(၂၀၀၀) ဖြစ်ပြီး အခြားသီးနှံ မျိုးများဝယ်ယူရန် ကျပ်သိန်း(၄၀၀) ဘတ်ဂျက်ရရှိထားပြီးဖြစ်ပါသည်။ ယခုအခါတွင် ဝဥမျိုးများ ဝယ်ယူစုဆောင်းလျက် ရှိပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ၊ မတ်လအတွင်းမြို့နယ် (၉)မြို့နယ်သို့ အရောက်ဖြန့်ဖြူးသွားမည်ဖြစ်ပြီး မြို့နယ် အသီးသီးရှိ တောင်သူများထံ ဆက်လက်ဖြန့်ဖြူးသွားမည် ဖြစ်ပါသည်။ ဝဥမျိုးဖြန့်ဖြူးရာတွင် တောင်သူများအား အခမဲ့ဖြန့်ဖြူးပေးမည်ဖြစ်ပြီး နောင်နှစ်များ တွင် ဝဥမျိုးစဉ်ဆက် မပြတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် တောင်သူတစ်ဦးအား ပိဿာ(၁၀၀)ပေးလျှင် နောင်နှစ် စိုက်ပျိုးရာသီတွင် တောင်သူမှ ပိဿာ(၁၅၀)ပြန်လည် အပ်နှံရမည်ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
ဥက္ကဋ္ဌ။ အဲဒါကို ချေးငွေအနေနဲ့ ကျွန်တော်တို့ SME ချေးငွေ (၁.၆) မီလီယံ ကိစ္စနှင့် ပတ်သက် ပြီးတော့ မဆိုင်ဘူးနော်...
ဦးမာန်ဟင်းဒါလ်း (စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ ဘတ်ဂျက်အနေနဲ့ တောင်းခံထားခြင်းဖြစ်ပါတယ်။
ဦးစိုးထက်(စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး)။ SMEက ကျွန်တော်တို့ ဘတ်ဂျက်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကို SME Development Bankက ရဖို့အဲဒါကို ကျွန်တော်တို့ ဆက်သွယ်ထားပါသည်။ ဟိုဘက်မှာတော့ ပေးဖို့ အဆင်သင့်ဖြစ်ထားပေမယ့် မြို့နယ်အနေနဲ့ ချေးငွေပေးလိုက်ပြီး ပြန်ဆပ်မယ့်အပိုင်းမှာ တာဝန်ခံမယ့် အဲဒီဟာလေးလုပ်နေလို့ Procedure ကြာသွားပါှတယ်။ ကျွန်တော်တို့အခု ပြီးခဲ့တဲ့ (၂၇)ရက်နေ့က SME ဘဏ်ကို ပို့ထားပြီး ဖြစ်ပါသည်။ သူတို့ကလည်း ဒီရက်ပိုင်းလေးမှာလည်းပဲ ပြည်နယ်အစိုးရရဲ့ KBZ ဘဏ်ကို ဖွင့်ထားတဲ့ ဘဏ် အကောင့်ထဲကို ထည့်ပြီးတော့မှ (၉)မြို့နယ်မှာရှိတဲ့ ထွေအုပ်က အုပ်ချုပ်ရေးမှူးတွေက ကြီးကြပ်ပြီး တော့ ချေးဖို့လုပ်ထားပါတယ်... ဖေဖော်ဝါရီလထဲမှာ ချေးငွေပေးဖို့ရမှာဖြစ်ပါတယ်..
ဥက္ကဋ္ဌ။ အဲဒီတော့ အဲဒီကိစ္စကိုလည်း ပုံစံ(၇)လိုတယ်ဆိုရင်တော့ တကယ်လို့ ကျေးရွာတောင် သူတွေကိုလည်း အမြန်ဆုံး ပုံစံ(၇)လုပ်ပေးဖို့ သက်ဆိုင်ရာကနေ အမြန်ဆုံး လမ်းညွှန်မှဖြစ်မယ်...
ဥက္ကဋ္ဌ။ တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့် မှ တီးတိန်မြို့နယ်၊ မွာလ်ဘင်းကျေးရွာ ဆုပ်လွီး(Suk lui) ချောင်း ရေအားလျှပ်စစ်စက်ရုံရေသွယ် မြောင်းတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယနေ့ထိ ဓါတ်အား ရရှိခြင်းမရှိသဖြင့် မည်သူတွင်တာဝန်ရှိကြောင်း၊ မည်သည့်အတွက် မရရှိနိုင်ကြောင်း၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှု ရှိ/မရှိ သိရှိလိုသောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဦးဆွန်ဒုတ်ကျင့်(တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့်ဖြစ်ပါတယ်... ချင်းပြည်နယ်တီးတိန်မြို့နယ်၊ မွာလ်ဘင်းကျေးရွာ ဆုပ်လွှီး(Suklui)ချောင်းရေအားလျှပ်စစ်စက်ရုံ ရေသွယ်မြောင်း (၂´×၂´×၇၀၀´)တည်ဆောက်ရေးလုပ်ငန်းအတွက် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် လျှပ်စစ် ဓာတ်အားလုပ်ငန်း၏ ပြည်နယ်ရန်ပုံငွေ ကျပ်(၁၆၀.၀၀၀)သန်းဖြင့် ရွှေတောင်ဇလပ်မြေဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်ကတင်ဒါအောင်မြင်၍ တည်ဆောက်ခဲ့ပါသည်။ သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်းပြီးစီးမှုမရှိသဖြင့် သက်ဆိုင်ရာမိဘပြည်သူများ၏ တင်ပြချက်အရ ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့်မှ ချင်းပြည်နယ် လွှတ်တော်ဒဿမအကြိမ်ပုံမှန်အစည်းအဝေး ပထမနေ့တွင် တည်ဆောက်ရေးလုပ်ငန်းများကို မည်သည့်နေ့ရက်တွင်ပြီးစီးမည်ဖြစ်ကြောင်း (ကြယ်ပွင့်ပြမေးခွန်း) ဖြင့်မေးမြန်းခဲ့ရာ တည်ဆောက် ရေးလုပ်ငန်းအား(၉၇%) ပြီးစီးပြီးဖြစ်ကြောင်း (၃၀.၁၀.၂၀၁၇)ရက်နေ့တွင် လုပ်ငန်းအပြီး ဆောင်ရွက်ရန် ကုမ္ပဏီနှင့် နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဆလိုင်းအိုက်ဇက်ခင်က ဖြေကြားခဲ့ပါသည်။ သက်ဆိုင်ရာ ဝန်ကြီးမှ (၃၀.၁၀.၂၀၁၇)ရက်နေ့တွင် ပြီးစီးရန် လွှတ်တော်၌ ကတိကဝတ်ပြုခဲ့သော်လည်း (၁၄.၈ .၂၀၁၈)နေ့အထိ လုပ်ငန်းပြီးစီးမှုမရှိသေးသဖြင့် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်ဦးဆွန်ဒုတ်ကျင့် မှဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) တွင် တည်ဆောက်ရေးလုပ်ငန်းအား မည်သည့်နေ့ရက်တွင် မီးလင်းရန်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း တိကျသောအဖြေပေးရန်(ကြယ်ပွင့်ပြမေးခွန်း)ဖြင့် ထပ်မံမေးမြန်းခဲ့ရာ၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်မှ တီးတိန်မြို့နယ်၊ မွာလ်ဘင်းကျေးရွာနေ မိဘပြည်သူ များအတွက် ဆုပ်လွှီး (Suklui)ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရန် ကျန်ရှိသောလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၁၁ကေဗွီလိုင်း၊ ၁၁/၀.၄ ကေဗွီထရန်စဖော်မာနှင့် (၄၀၀)ဗို့အားလိုင်းများ တည်ဆောက်ခြင်းကို အပြီးသတ်ဆောင် ရွက်ပေးမည်ဖြစ်ပြီး ၂၀၁၉ခုနှစ်၊ ဇွန်လကုန်တွင် လျှပ်စစ်ဓာတ်အားရရှိမည်ဖြစ်ကြောင်း ကတိပြုဖြေ ကြားခဲ့ပြန်ပါသည်။၂၀၁၉ခုနှစ်၊ ဇွန်လကုန်တွင်လည်း လျှပ်စစ်ဓာတ်အား ရရှိခြင်းမရှိသဖြင့် နယ်မြေ ခံလွှတ်တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့်ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးခဲ့ရာ(၄၀၀) ဗို့ဓာတ်အား လိုင်းများ တည်ဆောက်ရန်နှင့် မွာလ်ဘင်းကျေးရွာ အနောက်ပိုင်းနေရာများတွင် လျှပ်စစ်ဓာတ် တိုင်များ စိုက်ထူရန်ကျန်ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရမှလည်း လုံလောက်သောရန်ပုံငွေများ ခွဲဝေချပေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ(၄)နှစ်တိတိ ကြာမြင့်ခဲ့ပြီးဖြစ်ပါသည်။ သက်ဆိုင်ရာဝန်ကြီးအသီးသီးမှလည်း လုပ်ငန်းပြီးစီးမည့်နေ့ရက်ကို ကတိကဝတ်ပြုခဲ့ကြပြီးဖြစ်သော်လည်း ယနေ့အထိ လုပ်ငန်းပြီးစီးမှု၊ မီးလင်းမှုမရှိသေးပါ။ သက်ဆိုင်ရာအောက်ခြေ( မြို့နယ်အဆင့် ) တွင်လည်း လုပ်ငန်းအပေါ် အာရုံစိုက်မှု၊ အားထုတ်မှု အားနည်းနေသည်ဟု ယူဆသုံးသပ်မိပါသည်။သို့ဖြစ်ပါ၍ လျှပ်စစ်မီးအလင်းကို မျှော်လင့်စောင့် စားနေကြသော ကျေးရွာလူထု၏တင်ပြချက်အရ လွှတ်တော်ဥက္ကဌကြီးမှတဆင့် အောက်ပါကြယ် ပွင့်ပြမေးခွန်းများ မေးမြန်းလို ပါသည်။
(က) ဝန်ကြီးမှ ၂၀၁၉ခုနှစ်၊ ဇွန်လကုန်တွင် လျှပ်စစ်ဓာတ်အားရရှိရန် ကတိကဝတ်ပြုခဲ့ သော်လည်းမည်သူ့တွင်တာဝန်ရှိကြောင်း၊ မည်သည့်အတွက် မရရှိနိုင်ကြောင်း စုံစမ်းစစ်ဆေးမှု အရေးယူ ဆောင်ရွက်မှု ရှိ/မရှိ၊
(ခ) အရေးယူဆောင်ရွက်မှုရှိပါက မည်ကဲ့သို့အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊
(ဂ) သတ်မှတ်ရက်အတွင်းပြီးစီးရန် ခရိုင်၊ပြည်နယ် အဆင့်ဆင့်မှ တိကျသော ညွှန်ကြားမှု ရှိ/မရှိ၊
(ဃ) ဝန်ကြီးဌာန၏ နှောင့်နှေးကြန့်ကြာသော တည်ဆောက်ရေးလုပ်ငန်းအပေါ် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြားမှု၊ ကြပ်မတ်ဆောင်ရွက်မှု ရှိ/မရှိ၊
(င) ရှိပါကမည်ကဲ့သို့ ညွှန်ကြားပြီး မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း၊
(စ) မီးလင်းရေးကို မျှော်လင့်စောင့်စားနေကြသော ကျေးရွာရှိ ပြည်သူများအတွက် မည်သည့် နေ့ရက်တွင်လုပ်ငန်းပြီးစီးပြီးလျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ကြောင်းကို တိကျသောအဖြေ ကို သိရှိလိုပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးပါရန် ဖိတ်ခေါ်ပါတယ်...
ဦးစိုးထက်(စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးထက်ဖြစ်ပါတယ်...ရေအားလျှပ်စစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ အကြိုအင်ဂျင်နီယာ လုပ်ငန်းကွင်းဆင်းဆောင်ရွက် ခြင်း၊ ရေလွှဲဆည်၊ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ရေပိုလွှဲ၊ ဖိအားမြှင့် ပိုက်လိုင်း၊ ရေအားစက်ရုံအဆောက်အဦ၊ စက်(တာဘိုင် / အော်တာနေတာနှင့် ဆက်စပ်ပစ္စည်းများ)၊ ဖြန့်ဖြူးရေးထရန်စဖော်မာနှင့် ဓာတ်အားလိုင်း ( ၁၁ ကေဗွီနှင့် ၄၀၀ ဗို့လိုင်းများ ) တည်ဆောက်ခြင်း လုပ်ငန်းများကို အဆင့်ဆင့်တည်ဆောက်နိုင်ရန် ဘတ်ဂျက်လျာထားတင်ပြပြီး ရန်ပုံငွေရရှိနိုင်မှု အပေါ်မူတည်၍ စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ တီးတိန်မြို့နယ် ဆုပ်လွှီးရေအားလျှပ်စစ်စီမံကိန်းကို ရေလွှဲဆည်၊ ရေသွယ်မြောင်း၊ ရေထိန်းကန်နှင့်ရေအားစက်ရုံ (အဆောက်အဦ)တည်ဆောက်ရေးအတွက် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၎င်းဘဏ္ဍာရေးနှစ်တွင်ရေလွှဲဆည် ၊ရေစစ်ကန်၊ ရေထိန်းကန်နှင့် ရေအား စက်ရုံ(အဆောက်အဦ)တည်ဆောက်ခြင်းကိုပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ပြည်နယ်ရန်ပုံငွေကျပ်(၆၀.၀၀၀)သန်းဖြင့် ပြည်နယ်လျှပ်စစ်ရုံးမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ရေသွယ်မြောင်း (Turkey)စနစ်ဖြင့် တည်ဆောက်ခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်သော ရွှေတောင်ဇလပ်မြေဖွံ့ဖြိုးရေးကုမ္ပဏီလိမီတက်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ပြည်နယ်ရန်ပုံငွေ ကျပ်(၁၆၀.၀၀၀)သန်းဖြင့် ဆုပ်လွှီးရေအားလျှပ်စစ်စက်ရုံ၏ ရေသွယ်မြောင်း ပေ(၇၀၀၀)အား တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း သတ်မှတ်ချိန်ကာလအတွင်း ဆောင်ရွက်နိုင်မှု မရှိသည်ကို တွေ့ရှိရပါသဖြင့် သက်ဆိုင်ရာရွှေတောင်ဇလပ်မြေဖွံ့ဖြိုး ရေးကုမ္ပဏီလီမိတက်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆုပ်လွှီးရေအားလျှပ်စစ်စက်ရုံ၏ ရေသွယ်မြောင်း ပေ(၇၀၀၀) အား အပြီးဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်စေခဲ့ရာပြီးစီးပြီးဖြစ်ပါသည်။ ထို့အပြင် ရေသွယ်မြောင်းပေ(၃၀၀)အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ပြည်နယ်ဖြည့်စွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၃၀.၀၀၀)သန်းဖြင့် လျှပ်စစ်ရုံးမှ တာဝန်ယူဆောင်ရွက်ပြီး လုပ်ငန်းပြီးစီးပြီး ဖြစ်ပါသည်။ ဆုပ်လွှီးရေအားလျှပ်စစ်စက်ရုံမှ မွာလ်ဘင်းကျေးရွာသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန် ဆုပ်လွှီးရေအားလျှပ်စစ်စက်ရုံတွင် ၀.၄/ ၁၁ ကေဗွီ(၅၀)ကေဗွီအေထရန် စဖော်မာ (၂)လုံးနှင့် မွာလ်ဘင်းကျေးရွာတွင် ၁၁/၀.၄ ကေဗွီ(၅၀)ကေဗွီအေခွဲရုံ(၂)ရုံ၊ စက်ရုံမှကျေးရွာအထိ ၁၁ ကေဗွီလိုင်း (၃.၅)မိုင်၊ ကျေးရွာတွင် ၄၀၀ ဗို့ဓာတ်အားလိုင်း (၁)မိုင် တည်ဆောက်ရန်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ B.E ဘတ်ဂျက်တွင် လျာထားတင်ပြသော်လည်း ၁၁ကေဗွီလိုင်း(၃.၅)မိုင် တည်ဆောက်ရေးလုပ်ငန်းအတွက်သာ ခွင့်ပြုသဖြင့် ဆုပ်လွှီးရေအားလျှပ်စစ်စက်ရုံနှင့် မွာလ်ဘင်း ကျေးရွာကြား၁၁ကေဗွီလိုင်းကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ပြည်နယ်ရန်ပုံငွေကျပ် (၂၁၀.၀၀၀)သန်းဖြင့်ပြည်နယ်လျှပ်စစ်ရုံးမှ တာဝန်ယူတည်ဆောက်ပြီးစီး နိုင်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေကျပ်(၃၇.၆၄၀)သန်းဖြင့် ဆုပ်လွှီးရေအား လျှပ်စစ်စက်ရုံတွင် ၀.၄/၁၁ ကေဗွီ (၅၀)ကေဗွီအေ ထရန်စဖော်မာ(၂)လုံးနှင့် မွာလ်ဘင်းကျေးရွာတွင် ၁၁/၀.၄ ကေဗွီ(၅၀)ကေဗွီအေထရန်စဖော်မာခွဲရုံ(၂)ရုံ တည်ဆောက်ခွင့်ပြုသဖြင့် ၎င်းထရန်စဖော်မာ ခွဲရုံများပြည်နယ်လျှပ်စစ်ရုံးမှ တာဝန်ယူတည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ မွာလ်ဘင်းကျေးရွာ အတွင်း ၄၀၀ဗို့ဓာတ်အား လိုင်း(၂)မိုင်တည်ဆောက်ရေးအတွက်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ်(၉၀.၅၃၀)သန်း ခွင့်ပြုပြီးဖြစ်၍ ၎င်းလုပ်ငန်းဆောင်ရွက်နိုင်ရန် တင်ဒါခေါ် ယူသော်လည်း ယှဉ်ပြိုင်သူမရှိသဖြင့် ဌာနမှ ကြီးကြပ်ဆော်ရွက်ရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တီးတိန်မြို့နယ်၊ ဆုပ်လွှီးရေအားလျှပ်စစ်များ တပ်ဆင်ပြီးချိန်တွင် ရေသွယ်မြောင်း ဖောက်လုပ်တည်ဆောက်မှု ပြီးစီးနိုင်ခြင်းမရှိသဖြင့် စက်စမ်းသပ်လည်ပတ်ရန် လိုအပ်လျက်ရှိပြီး ယခု အခါရေသွယ်မြောင်းဖောက်လုပ် တည်ဆောက်မှု ပြီးစီးပြီးဖြစ်သည့်အတွက် ဖေဖော်ဝါရီလဆန်းပိုင်း အတွင်း ဆုပ်လွှီးရေအားလျှပ်စစ်စက်စမ်းသပ်လည်ပတ်မှုကို ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် မွာလ်ဘင်းကျေးရွာအတွင်း ၄၀၀ဗို့ဓာတ်အားလိုင်း(၂)မိုင် တည်ဆောက်ခြင်းကို ဌာနအနေဖြင့် အမြန်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ဆုပ်လွှီး ရေအားလျှပ်စစ်စက်ရုံမှ မွာလ်ဘင်းကျေးရွာသို့ မကြာမီအတွင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
ဥက္ကဋ္ဌ။ မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် လျန်မှ ဘုံဇုံးဘိလပ်မြေစက်ရုံစီမံကိန်းအား မည်သည့်ခုနှစ်တွင် လည်ပတ် နိုင်ရန် လျာထားသည်ကို သိရှိလိုသောမေးခွန်းအား မေးမြန်းရန်ဖိတ်ခေါ်ပါတယ်...
ဦးအောင်လျန် (မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ မတူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ဖြစ်ပါတယ်... ချင်းပြည်နယ်၏ ပထမဦးဆုံးသော ဘုံဇုံးဘိလပ်မြေ စက်ရုံစီမံကိန်းသည် တစ်နေ့တွင် မည်သည့်တန်ချိန် ထွက်ရှိသည့် စီမံကိန်းဖြစ်သည်ကို ကျွန်တော်များမသိရှိချေ။ ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် လိုအပ်သည့် ကုန်ကြမ်းဖြစ်သည့် ဂလင်ကာ၊ ထုံးကျောက်၊ ဂေါ်ဒန်ကျောက်များကို မည်ကဲ့သို့ရရှိမည်ကို မသိရှိရချေ။ ဂလင်ကာသည်အသင့်ထုတ် လုပ်ပြီးသားသာ သုံးစွဲမည် လော (သို့မဟုတ်) ဘုံဇုံးစက်ရုံတွင်သာ ဂလင် ကာထုတ်လုပ်မည်လောမသိရှိရချေ။ သည်စီမံကိန်းသည် ပြည်ထောင်စုအစိုးရ၏ တိုက်ရိုက်ကိုင် တွယ်မှုဖြစ်သော်လည်း ပြည်နယ် အစိုးရအနေဖြင့် ထိုစက်ရုံစီမံကိန်းတွင် ဒေသခံများမည်သည့် အဆင့်သို့ အလုပ်အကိုင်ဖန်တီးဆောင်ရွက်မည်ကို သိရှိဖို့လိုအပ်နေပြီဖြစ်သည်။ ချင်းပြည်နယ်၏ လူသားအရင်းအမြစ်မြှင့်တင်ဖို့လည်း ပြည်နယ်အစိုးရ၏ တာဝန်ပင်ဖြစ်သည်။ ပြည်နယ်အစိုးရမှ လူသားအရင်းအမြစ်မြှင့်တင်မှသာ ချင်းပြည်နယ်၏လူနေမှုစီးပွားရေးတိုးတက်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စု၏ ဘုံဇုံးဘိလပ်မြေစီမံကိန်းကို မည်သည့်အချိန်မှ စတင်လည်ပတ်ပြီးမည်ကဲ့သို့သောကုန်ကြမ်းများကိုအခြေခံကာ လည်ပတ်မည်ကို ဥက္ကဋ္ဌကြီးမှတစ် ဆင့် မေးမြန်းအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်ကဖြေကြားပေး ပါရန် ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... လွှတ်တော် ကိုယ်စားလှယ်မှ မေးမြန်းသော “ဘုံဇုံးဘိလပ်မြေစက်ရုံစီမံကိန်းအားမည်သည့်ခုနှစ်တွင် လည်ပတ် နိုင်ရန် လျာထားသည်ကို သိရှိလိုသော မေးခွန်း”နှင့်ပတ်သက်၍ ဟားခါးမြို့နယ်၊ ဘုံဇုံးဒေသရှိ ထုံးကျောက်တောင်အား စမ်းသပ်တိုင်းတာ ရေးနှင့်ဖြစ်မြောက်နိုင်စွမ်းလေ့လာရေး ဆောင်ရွက်ရန် အတွက် Brick Mountain Industrial Co.,Ltd (BMI)သို့ ခွင့်ပြုမိန့်အမှတ် ၀၀၁၁/ ၂၀၁၉ ELCHL ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ခွင့်ပြုမိန့်သက်တမ်းမှာစမ်းသပ်တိုင်းတာခြင်းလုပ်ငန်း အတွက် ( ၂.၁၂.၂၀၁၉ မှ ၁.၁၂.၂၀၂၂ )ထိ (၃)နှစ်၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းအတွက် (၂.၁၂.၂၀၂၂ မှ ၁.၁၂.၂၀၂၃ ထိ) (၁)နှစ်ဖြစ်ပါသည်။ စမ်းသပ်တိုင်းတာခြင်းလုပ်ငန်းများအရ ရရှိလာသော ရလဒ်များ အပေါ် အခြေခံတွက်ချက်ပြီး စီးပွားဖြစ် ဘိလပ်မြေထုတ်လုပ်ရန်အတွက် လုံလောက်သော ထုံးကျောက်သိုက်ပမာဏရှိမှသာ ဘိလပ်မြေထုတ်လုပ် ခြင်းလုပ်ငန်းအားကုမ္ပဏီ၊ ပြည်ထောင်စု၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရတို့မှ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ ကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ထန်တလန်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူဦးသေတလိန်း ပါတောင်သူ (၁၂)ဦး၏ ပြုပြင်ရန်လိုအပ်သော မြောင်းအရှည်ပေ (၆၀၀)အတွက် ကုန်ကျမည့်စရိတ်ကျပ်(၁၀၀) သိန်းအား ထောက်ပံ့ကူညီပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုသောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်(ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌ ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါတာမှုထန်ဖြစ်ပါတယ်... ထန်တလန်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူဦးသေတလိန်းပါ တောင်သူ(၁၂)ဦးသည် ဆပဲ့လ်အရပ်တွင် လယ်ဧက (၂၀)ကျော်အား လုပ်ကိုင်ကြရာ နှစ်စဉ်စပါးပုံး (၂၃၅၀)ခန့်ထွက်ရှိပါသည်။ ၂၀၁၉ မိုးရာသီ၌ ကျောက်စီသော အမြင့််(၁၂)ပေ၊ အရှည်ပေ(၁၀၀)ရေသွယ်မြောင်းအား ရေတိုက်စားပျက်စီး သွားသောကြောင့် လာမည့်နှစ်စိုက်ပျိုးရာသီတွင် ထွန်ယက်စိုက်ပျိုးရန်ခက်ခဲမည်ဖြစ်ပါသည်။ ယင်းရေမြောင်းအား ပြုပြင်ရန်လိုအပ်သောကြောင့် အရှည်မှာ ပေ(၆၀၀)ခန့်ဖြစ်ရာ ယင်းမြောင်း ပြုပြင်ရန်အတွက် လိုအပ်သော ကုန်ကျမည့်စရိတ်ကျပ် (၁၀၀)သိန်း (သိန်းတစ်ရာ) ခန့်အားထောက်ပံ့ ကူညီပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးပါရန် ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... လွှတ်တော် ကိုယ်စားလှယ်မှ မေးမြန်းသော ထန်တလန်မြို့၊အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူ ဦးသေတလိန်းပါ တောင်သူ(၁၂)ဦးသည် ဆပဲ့လ်အရပ်တွင် ဧက(၂၀)ကျော်ရေသွယ်မြောင်း ပြုပြင်ရန်အတွက် လိုအပ် သောကုန်ကျမည့်စရိတ် ကျပ်သိန်း(၁၀၀)ခန့်အား ထောက်ပံ့ကူညီပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်း၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၏ ဒေသန္တရစီမံကိန်းရည်မှန်း အဆိုပြုချက်စာရင်းတွင် ထည်သွင်းလျာထားပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရန်ပုံငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ ဟရီဖီး(က)ကျေးရွာနှင့် လေတပ်(က) ကျေးရွာများတွင် သားဖွါးဆရာမ ခွဲဝေချထားပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသော မေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်(ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါတာမှုထန်ဖြစ်ပါတယ်...ထန်တလန်မြို့နယ်ရှိ အောက်ပါကျေးရွာနှစ်ရွာ၏ တည်နေရာ၊ ကျေးလက်ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံများ၊ မြို့နယ် ဆေးရုံများနှင့် အလှမ်းဝေးကွာခြင်း၊ ကိုယ်ဝန်ဆောင်လူနာများပို့ဆောင်ရေး၊ သားဖွားဆရာမများ ခေါ်ယူရာ၌ အခက်အခဲကြုံရခြင်းစသည်များ မကြာခဏကြုံတွေ့နေရသည့်အတွက် သားဖွားဆရာမ ခွဲဝေချပေးပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြ အပ်ပါသည်။
၁။ ဟရီဖီး(က)ကျေးရွာ
၂။ လေတပ်(က)ကျေးရွာ
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးဖွေအား(လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး (ကိုယ်စား) လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြှစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဖွေအား ဖြစ်ပါတယ်… ထန်တလန်မြို့နယ် ဟရီဖီးကျေးလက်ကျန်းမာရေးဌာနခွဲတွင် သားဖွားဆရာမ ဒေါ်ခင်မာဝင်းအား (၁၃.၁.၂၀၀၈) ရက်နေ့မှလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ဦးဇာဟေးအား ၂၀၁၇ခုနှစ်တွင်လည်းကောင်း အသီးသီးတာဝန်ချထားပြီးလက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိပါသည်။ ထန်တလန်မြို့နယ် လေတပ်ကျေးလက်ကျန်းမာရေးဌာနတွင် သားဖွား ဆရာမဒေါ်သူဇာ ဦးအား(၂၂.၁၀. ၂၀၁၅) တွင် ခန့်ထားပြီး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်းနှင့် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ အမျိုးသမီးကျန်းမာရေး ဆရာမသင်တန်းတက်ရောက်လျက်ရှိပါ သည်။ လေတပ်ကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လစ်ဟင်းမှုမရှိစေရန်အတွက် ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၏ (၂၈.၁.၂၀၂၀)ရက်စွဲပါ စာအမှတ်၊ ပက(ချင်း) သနပ - ၁ / ၅ (၁၄၉၂) ၂၀၂၀ ဖြင့် မှောင်တလန်ကျေးလက်ကျန်းမာရေးဌာနမှ သားဖွား ဆရာမဒေါ်နီလာစန်းအား ပူးတွဲတာဝန်ချထားပါကြောင်း တင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ထန်တလန်မြို့ပေါ်နေ တောင်သူ(၂၉)ဦးတို့၏ လယ်ရေသွယ်မြောင်းကို ပြန်လည် မွမ်းမံထိန်းသိမ်းရန်နှင့် မြောင်းအသစ် (၁၂၀၀)ပေအား တူးဖော်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုသောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်(ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါတာမှုထန်ဖြစ်ပါတယ်...ထန်တလန်မြို့ပေါ် နေ တောင်သူ(၂၉)ဦးတို့သည် လဗားချောင်း၊ လိုင်နောန်နဲလ်နှင့် ဒွမ်နဲလ်အရပ်တွင် လယ်ဧက (၅၂.၇၀)အား မိုးကောင်းရေသောက်၊ တောင်ကျချောင်းရေကို အားကိုးထွန်ယက်လုပ်ကိုင်ခဲ့ကြ ပါသည်။၂၀၀၃ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုးဖြင့် ကျပ်သိန်း ၁၄.၅ (တစ်ဆယ့်လေးသိန်းငါးသောင်း) အကုန်အကျခံကာ ပေ(၁၂၈၀၀)ရှည်သော ရေမြောင်းအား တူးဖော်ခဲ့ပါသည်။ သို့သော် ရာသီဥတု ပြောင်းလဲခြင်း၊ မြေပြိုခြင်းများကြောင့် အခက်အခဲများစွာ ကြုံနေရပါသည်။ ထို့ကြောင့် အဆိုပါ လယ်ရေသွယ်မြောင်းကို ပြန်လည် မွမ်းမံထိန်းသိမ်းရန်နှင့် မြောင်းအသစ်(၁၂၀၀)ပေအား တူးဖော်နိုင် ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြ အပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... လွှတ်တော် ကိုယ်စားလှယ်မှ မေးမြန်းသော ထန်တလန်မြို့ပေါ်နေ တောင်သူ(၂၉)ဦးတို့သည် လဗားချောင်း၊ လိုင်နောန်နဲလ်နှင့် ဒွမ်နဲလ်အရပ်တွင် လယ်ဧက(၅၂.၇၀)အတွက် ကိုယ့်အားကိုယ်ကိုးဖြင့် တူးဖော် ထားသော ပေ(၁၂၈၀၀)ရှည်သော ရေမြောင်းအား ပြန်လည်မွမ်းမံထိန်းသိမ်းရန်နှင့် မြောင်းအသစ် ပေ(၁၂၀၀)အား တူးဖော်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် မေးခွန်းနှင့် ပတ်သက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ဒေသန္တရစီမံကိန်းရည်မှန်း အဆိုပြုချက်စာရင်းတွင် ထည်သွင်းလျာထားပြီးဖြစ်ပါကြောင်း နှင့်ခွင့်ပြု ချက်ရန်ပုံငွေရရှိပါကဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန် မှ ချင်းပြည်နယ်တွင် လိုင်စင်မဲ့သေနတ်ကိုင်စွဲပြီး အမဲတောလိုက်ခြင်းကို မည်ကဲ့သို့ ထိထိရောက် ရောက် အရေးယူမှုပြုလုပ်ပြီး မည်ကဲ့သို့လိုက်လံတားစီးဆောင်ရွက်နေသည်ကို သိရှိလိုသော မေးခွန်း အား မေမြန်းရန်ဖိတ်ခေါ်ပါတယ်...
ဦးအောင်လျန်( မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျန်ဖြစ်ပါတယ်…… လွှတ်တော်ဥက္ကဌကြီးခင်ဗျား ချင်းပြည်နယ်သည် ယခင်ကကျေးငှက်မျိုးစုံအကောင်ပေါကြွယ်ဝပြီး စိတ်ပျော်ရွှင်ဖွယ်ကျေးငှက်သံ ပေါင်းစုံနှင့် သာယာကြည်နူးဖွယ်ဖြစ်ကာ ချင်းပြည်နယ်သို့ ခရီးသွားအလည်ရောက်ရှိသည့် ဧည့်သည် များကလည်း စိတ်ကျေနပ်ဖွယ်နေရာဒေသအဖြစ် ခံစားရသည်။ ယခုကာလများတွင် ကျေးငှက်အကောင် များ တဖြည်းဖြည်း မျိုးတုန်းပျောက်ကွယ်လာပြီး ယခင်အလွယ် တကူမြင်ရသည့် ကျေးငှက်များလည်း မမြင်တွေ့ရတော့ချေ။ လက်ရှိချင်းပြည်နယ်တွင် လေသေနတ်များကိုင်စွဲပြီး နေ့စဉ်နှင့်အမျှ ကျေးငှက် အကောင်မျိုးစုံ အမဲလိုက်ခြင်းများ ထိုသေနတ်ဖြင့် တစ်နေ့ထဲပင် အလွယ်တကူ ငှက်အကောင် ရေ (၄-၅၀)ကောင်ရေအထိ ပစ်ခတ်မှုပြုလုပ်ခြင်းကြောင့် အလွန်ပင်စိတ်မကောင်းဖြစ်မိပါသည်။ ချင်းပြည်နယ် သည် မီးခိုးမဲ့ခရီးသွားလုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုင်စင်ရ လေသေနတ် များကို မည်ကဲ့သို့ အစီအမံပြုလုပ်ပြီး အမဲလိုက်ကိုင်စွဲခွင့်ပြုခြင်း၊ လိုင်စင်မဲ့သေနတ်များကိုလည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းများနှင့် သက်ဆိုင်ရာမြို့နယ်များတွင် ဒေသန္တရအမိန့်ထုတ်ပြီး မည်ကဲ့သို့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့သည်ကို သိရှိလို ကြောင်း ဥက္ကဌမှတစ်ဆင့် မေးမြန်းအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဗိုလ်မှူးကြီးဟန်ဝင်းအောင်(နယ်စပ်ရေးရာဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား.. ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်ဖြစ်ပါတယ်… မြန်မာနိုင်ငံတွင် မျိုးသုန်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များစာရင်းကို ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ(၂၆)ရက်၊ အမိန့်ကြော်ငြာစာအမှတ် ၅၈၃/၉၄ ဖြင့် ထုတ်ပြန်ထားပြီး ငှက်မျိုးစိတ်များစာရင်းကို အောက်ပါအတိုင်း ကာကွယ်ထားပါသည်-
(က)လုံးဝကာကွယ်ထားသည့်ငှက်မျိုးစိတ်(၅၀)မျိုး
(ခ) သာမန်ကာကွယ်ထားသည့်ငှက်မျိုးစိတ် (၄၃)မျိုး
(ဂ) ရာသီအလိုက်ကာကွယ်ထားသည့်ငှက်မျိုးစိတ် (၁၃)မျိုး
ချင်းပြည်နယ်အတွင်း လေသေနတ်များကို လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ တူမီးသေနတ်၊ ကျောက်မီးကဲ့သို့သော လက်နက်များကိုသာ ယခင်ကတည်းက လိုင်စင်ထုတ်ပေးထားကြောင်း စိစစ် တွေ့ရှိရပြီး လက်ရှိ အချိန်တွင်အဆိုပါလိုင်စင်ထုတ်ပေးထားသော လက်နက်များကိုသာ တစ်နှစ်လျှင် တစ်ကြိမ် လိုင်စင်သက်တမ်းတိုးပေးပြီး လိုင်စင်အသစ်ထပ်မံထုတ်ပေးခြင်းမရှိကြောင်း ရှင်းလင်းပြော ကြားလိုပါသည်။ ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်၍ ထိန်းချုပ်ကိုင်တွယ် နိုင်ရန်အတွက် ၁၉၄၈ခုနှစ် ချင်းဝိသေသတိုင်းအက်ဥပဒေပုဒ်မ ၃၄ အပိုဒ်ခွဲ(၅)အရ ချင်းပြည်နယ်၏ ဓလေ့ထုံးစံများကို အကြောင်းပြု၍ ဓါး၊ လှံ၊ လေး၊ မြှား၊ တူမီးသေနတ်၊ လေသေနတ်အပါအဝင် လက်နက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်ပါဝင်သည့်အရာများ၊ ပစ္စည်းများအား ကိုင်ဆောင်သွားလာ ခြင်းသည် လူ့အသက်အန္တရာယ်ကို ဘေးဖြစ်စေလောက်သောရာဇဝတ်မှုများ ပိုမိုကျူးလွန်လာနိုင် သဖြင့် ၎င်းအက်ဥပဒေပုဒ်မ ၃၄ အပိုဒ်ခွဲ(၄) နှင့် အပိုဒ်ခွဲ(၆)အရ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင် ကြောင်း ၎င်းအက်ဥပဒေ ၃၄ အပိုဒ်ခွဲ(၄)အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို(၇)နှစ်ထက်မ များသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်နိုင်ကြောင်း ပြဌာန်းထားပြီး ဖြစ်ပါသည်။ အမဲလိုက်လိုင်စင်လျှောက်ထားသူများသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားပြီး စိစစ်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ အမဲလိုက် ခြင်းနှင့်ပတ်သက်၍ ကြပ်မတ်နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ (၂၁.၅.၂၀၁၈)ရက်စွဲဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပြဌာန်းထားပြီးဖြစ်ပါသည်။ အဆိုပါ ဥပဒေတွင် လိုင်စင် မရှိဘဲ အမဲလိုက်ခြင်း၊ အမဲလိုက်ခွင့်လိုင်စင်ရရှိထားပြီး လိုင်စင်စည်းကမ်းချက်တစ်ရပ်ရပ်ကို ချိုးဖောက်ပါက အပြစ်ပေးအရေးယူ မှုအပိုင်းများကိုလည်း ထည့်သွင်းပြဌာန်းထားပါသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုအရ မြို့နယ်အသီးသီးတွင် လေသေနတ်များ ကိုင်ဆောင်ပြီး ကျေးငှက်တိရစ္ဆာန် မျိုးစုံကို အမဲလိုက်ခြင်းများပပျောက်အောင် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမျိုးရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်မှုများကိုလည်း စိစစ်ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက် ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ စိစစ်ဖော်ထုတ်ချက်အရ ၂၀၁၉ ခုနှစ်အတွင်း လိုင်စင်မဲ့လေသေနတ်ကိုင်ဆောင်၍ ဖမ်းဆီးရမိမှု(၄)မှုနှင့် တိရစ္ဆာန်များ၏ ဦးချို၊ သားရေ၊ ကြေးခွံများနှင့် အစိတ်အပိုင်းများအား သယ်ယူရောင်းချခြင်းပြုလုပ်သဖြင့် ဖမ်းဆီးရမိမှု(၅)မှု အား ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မင်းတပ်ခရိုင် အတွင်းရှိ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များတွင် ဒေသန္တရအမိန့်များ ကြေညာထုတ်ပြန် ဆောင်ရွက်ထားခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ကြေညာချက်ထုတ်ပြန်ပြီးနောက် ဌာန ဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးလျက်ရှိရာ ယနေ့အထိ လိုင်စင်မဲ့ သေနတ်ကိုင်ဆောင်မှု (၂)မှု၊ လိုင်စင်မဲ့လေသေနတ်ကိုင်ဆောင်မှု (၂)မှု၊ ဓါး၊ ပလိုင်း ကိုင်ဆောင်မှု (၈၅)မှု၊ စုစုပေါင်း(၈၉)မှု ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိပါသည်။ သို့ဖြစ်ပါ၍ ချင်းပြည်နယ်အတွင်း လိုင်စင်ဖြင့် လက်နက် ကိုင်ဆောင်နေသူများနှင့် လိုင်စင်မဲ့လက်နက်ကိုင်ဆောင်သူများမှ အမဲလိုက်နေသည့်ကိစ္စများအပေါ် အထက်ဖော်ပြပါအတိုင်း စိစစ်ကြပ်မတ်ခြင်း၊ ဥပဒေများကို အသိပညာပေးဆွေးနွေးခြင်း၊ ပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လိုက်နာမှုမရှိသောသူများ၊ ဥပဒေမဲ့လုပ်ရပ် များ ကျူးလွန်သူများကိုလည်း စိစစ်ဖော်ထုတ်၍ ဖမ်းဆီးအရေးယူခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ အဲဒါကိုလည်း သက်ဆိုင်ရာအစိုးရအနေနဲ့ သက်ဆိုင်ရာခရိုင်၊ မြို့နယ်ရပ်ကျေးတွေကို ထပ်လောင်းစာထုတ်ပေးပြီးတော့ သက်ဆိုင်ရာလူမှုအဖွဲ့အစည်း၊ လူငယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ပြီးတော့ အသိပညာပေးဖို့ ထပ်လောင်းပြီးမှသာ ကျွန်တော်တို့ ပိုပြီးတော့ ထိရောက်မယ်ဆိုတာ ပြောကြားလိုပါတယ်...
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မှုထန်မှ ထန်တလန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သော ဦးဇုံခါးရ်ပါ တောင်သူ(၄)ဦး အတွက် ပိုက်လုံးဝယ်ရန်လိုအပ်မည့် ငွေကျပ်သိန်း(၇၀)အား ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန် (ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ဖြစ်ပါတယ်... ထန်တလန်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သော ဦးဇုံခါးရ်ပါ တောင်သူ(၄)ဦးသည် ရွားဖိုင်အရပ် တွင် စပါးပုံး (၁၄၀၀)ခန့်ထွက်ရှိသော လယ်ဧက(၁၅)ကျော်အား လုပ်ကိုင်စားသောက်ကြပါသည်။ ၂၀၁၉ ခုနှစ်တွင် ကုန်းမြင့်လယ်ယာမှ တိုးချဲ့လယ်မြေ (၃)ဧကလည်း ဖောက်လုပ်ပေးခဲ့ရာ၊ ရာသီဥတု အပြောင်းအ လဲကြောင့် ရေလုံလောက်စွာ မရရှိနိုင်တော့ပါ။ သို့ဖြစ်ပါ၍ ရေသွယ်မြောင်းအရှည် (၁)မိုင်၊ (၃)ဖာလုံ အကွာရှိ ချောင်းရေမှ သွယ်ယူမည်ဆိုပါကထွန်ယက် စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် (၄)လက်မပိုက်လုံးဖြင့် ယင်းချောင်းမှ သွယ်ယူမည်ဆိုပါက ရေလုံလောက်စွာ ရရှိမည်ဖြစ် သော ကြောင့်ပိုက်လုံးဝယ်ရန်လိုအပ်မည့် ကျပ်ငွေသိန်း(၇၀)အား ထောက်ပံ့ရန် အစီအစည် ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် မေးမြန်းတင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... လွှတ်တော် ကိုယ်စားလှယ်မှ မေးမြန်းသော ထန်တလန်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သော ဦးဇုန်ခါးရ်ပါ တောင်သူ(၄)ဦးသည် ရွားဖိုင်အရပ်ရှိ လယ်(၁၅)ဧကအတွက်(၄)လက်မပိုက်လုံးဖြင့် ရေသွယ်ယူရန် အတွက် လိုအပ်မည့် ကျပ်ငွေသိန်း(၇၀)အား ထောက်ပံ့ရန် အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်၍၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ဒေသန္တရစီမံကိန်းရည်မှန်း အဆိုပြုချက်စာရင်းတွင်ထည်သွင်း လျာထားပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်းမှ ၂၀၂၀ပြည့်နှစ်၊ ကန်ပက်လက်မြို့၊ မြို့နယ်မြေပြန်လည် တိုင်းတာရေးကာလအတွင်း မြို့မြေကွက်များ စနစ်တကျဖြစ်စေရေးအတွက် ကန်ပက်လက်မြို့နယ်၊ မြေစာရင်းဦးစီးဌာနတွင် မြေတိုင်းကျွမ်းကျင်အင်အားဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုသောမေးခွန်းအား မေမြန်းရန်ဖိတ်ခေါ်ပါတယ်...
ဦးကွီးထန်း( ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်းဖြစ်ပါတယ်…၂၀၂၀ပြည့်နှစ်၊ ကန်ပက်လက်မြို့၊ မြို့မြေပြန်လည်တိုင်းတာရေးကာလအတွင်း မြို့မြေကွက်များ စနစ်တကျဖြစ်စေ ရေးအတွက် ကန်ပက်လက် မြို့နယ်မြေစာရင်းဦးစီးဌာနတွင် မြေတိုင်းကျွမ်းကျင်အင်အား ဖြည့်ဆည်း ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသော မေးခွန်းအား ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ဧရိယာ အကျယ်အဝန်းမှာ (၁.၄၁)စတုရန်းမိုင်၊ ဧရိယာ ဧက(၉၀၀) ကျယ်ဝန်းပြီး ရပ်ကွက်(၂)ရပ်ကွက်ဖြင့်ဖွဲ့စည်းထားရှိပါသည်။ ရပ်ကွက်(၂)ရပ်ကွက် အတွင်း အကွက် ပေါင်း(၃၀)အား ခန့်မှန်းကုန်ကျငွေ ကျပ် ၂၀၆၁၀၀၀၀/- (နှစ်ရာ့ခြောက်သိန်းတစ်သောင်း)ကို ပြည်နယ်ရန်ပုံငွေဖြင့် (၃၀.၁.၂၀၂၀ မှ ၃၀.၉.၂၀၂၀)အထိ (၈)လအတွင်း မြို့မြေကွက်များ စနစ်တကျဖြစ်စေရေးစီမံချက်ရေးဆွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကန်ပက်လက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီး ဌာန၏ဖွဲ့စည်းပုံအင်အားသည် ခွင့်ပြု(၂၅)ဦး၊ ခန့်ထား (၁၂)ဦးဖြစ်ပါသည်။ ကွင်းဝန်ထမ်းမှာ ခွင့်ပြု(၁၅)ဦး၊ ခန့်ထား(၉)ဦးရှိပါသည်။ မြို့မြေတိုင်းတာရာတွင် တိုင်းတာမည့် မြေတိုင်းကိရိယာကိုင်တွယ် အသုံးပြုတတ်သူ(၅)ဦးရှိပါသည်။ မိုးမကျခင်အချိန် အတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးအတွက် မြေတိုင်းကျွမ်းကျင်အင်အား ဖြည့်ဆည်းပေးပါရန် လိုအပ်လျက်ရှိပါသည်။ ထိုသို့ လိုအပ်မှုအပေါ် မင်းတပ်ခရိုင်အတွင်းရှိ အခြားမြို့နယ်မှ မြေတိုင်း ကျွမ်းကျင်ဝန်ထမ်းများအား ဖြည့်စွက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှူး၏ စီမံမှုဖြင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအာင်းဦးစီးဌာနမှူးမှ အနီးကပ်ကြီးကြပ်၍ လုပ်ငန်း များ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြေတိုင်းတာမည့် စက်ကိရိယာများဖြစ် သည့် (RTK GPS) နှင့် (Total Station)များကိုလည်း ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနအတွင်းရှိ ပစ္စည်းများအား အသုံးပြုသွားမည်ဖြစ်ပြီး၊ လိုအပ်နေသော ကွင်းဝန်ထမ်းများအား ဖြည့်တင်းခန့်ထားနိုင်ရေးအတွက် ပြည်နယ်လယ်ယာမြေစီမံခန့် ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်းမှ ကန်ပက်လက် မြို့နယ်၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျူးကျော်သူများအား ဖယ်ရှားရှင်းလင်းမည့် စည်ပင်ကျူးကျော်ရှင်းလင်းရေးကော်မတီအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အတူ ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသောမေးခွန်းအား မေးခွန်းအား မေးမြန်းရန်ဖိတ်ခေါ်ပါတယ်...
ဦးကွီးထန်း( ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ကန်ပက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်းဖြစ်ပါတယ်… ကန်ပက်လက် မြို့နယ်၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကျူးကျော်သူများအား ဖယ်ရှားရှင်းလင်းမည့် စည်ပင် ကျူးကျော် ရှင်းလင်းရေးကော်မတီအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အတူ ပြည်နယ် အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းအားဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ် ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးစိုးထက်(စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးထက်ဖြစ်ပါတယ်…မင်းတပ်ခရိုင်၊ ကန်ပက်လက် မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရှင်းလင်းနိုင်ရန် ကန်ပက်လက်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ စုစုပေါင်း(၁၈)ဦးပါဝင်သော ကျူးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးဦးစီးကော်မတီ အနေဖြင့် တရားမဝင်ကျူးကျော်ဆောက်လုပ်သည့် အဆောက်အဦများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစီမံချက်ပါအတိုင်း ကျူးကျော်အဆောက်အဦများ မြေပြင်စာရင်းကောက် ယူခြင်း၊ ပါဝင်သည့်မြေဧရိယာစိစစ်ခြင်း၊ ကျူးကျော်အဆောက်အဦတွင်နေထိုင်သူများအားခေါ်ယူ တွေ့ဆုံပြီး ချင်းပြည်နယ်စည်ပင်သာယာရေးဥပဒေ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းချပြခြင်း၊ ကာယကံရှင်များမှ ရသင့်ရထိုက်သောမြေနှင့် ပြန်လည်စွန့်လွှတ်စေ၍ အစိုးရမှ စီမံခန့်ခွဲရန် မြေများ စိစစ်ခြင်း၊ ပုဂ္ဂလိကများသို့ ချထားမည့် မြေကွက်များအား မြေယာလုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက် ထားစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ကန်ပက်လက်မြို့အမှတ်(၂)ရပ်ကွက်ရှိ ကာယကံရှင်များ ရသင့်ရထိုက်သော မြေများမှအပ အစိုးရမှစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများအပေါ် ကျူးကျော်၍ ခတ်ထားသောခြံစည်းရိုးများအား ဥပဒေနှင့်အညီ ဖျက်သိမ်းခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ အဆောက်အဦ အခိုင်အမာတည်ရှိပြီးဖြစ်သော ကျူးကျော်အိမ်များအား မြို့အင်္ဂါရပ်နှင့်အညီ လိုအပ်သော လမ်းဧရိယာများ ပြန်လည်သတ်မှတ်ခြင်း၊ ရေပေးရေးနှင့်မီးဘေး အန္တရာယ်အတွက် ရေကန်နေရာ များလျာထားခြင်း၊ လျှပ်စစ်မီးအတွက် လမ်းမီးတိုင်နှင့် Transforma ဧရိယာများ သတ်မှတ်ခြင်းကို ပြန်လည်စီမံခန့်ခွဲ၍ မလွတ်ကင်းသော အဆောက်အဦအစိတ်အပိုင်းများအား ဥပဒေနှင့်အညီ ဖျက်သိမ်းစေခြင်း၊ အမှတ်(၁)ရှိ ကျူးကျော်အိမ်များ အပေါ် မြို့ပြစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက စည်ပင်သာယာရေး ဥပဒေနှင့်အညီ ဂရန်ရရှိသူများကို ဥပဒေ၊ နည်းဥပဒေ၊ By-Laws စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆောက်အဦ ဆောက်လုပ်ခွင့်ပြုမိန့်များ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကန်ပက်လက်မြို့၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အဆောက်အဦဆောက်လုပ်နေထိုင်မှုများအား ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သော လမ်းညွှန်မှုများ ပြုခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ရန် ညွှန်ကြားမှုများပေးလျက်ရှိပြီး ကျူးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးဦးစီးကော်မတီမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ နည်းဥပဒေ ၁၁၅ ပါအတိုင်း ရက်ပေါင်း (၃၀)အတွင်း အဆောက်အဦများအား ဖြိုဖျက်ရန် နို့တစ်ထုတ်ပြန်ခြင်း၊ ထို့နောက် နည်းဥပဒေပုဒ်မ ၁၁၅၊ ၁၁၆၊ ၁၁၇၊ ၁၁၈၊ ၁၂၀၊ ၁၂၁ နှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း သို့တည်းမဟုတ် ပြစ်မှုနှင့် ပြစ်ဒဏ်ပါ ပြဋ္ဌာန်းချက်ပုဒ်မ ၇၇ နှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းမှ ထန်တလန်မြို့အနီးဝန်းကျင်တွင် တောင်သူအချို့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း အတွက် ဥပဒေနှင့် ညီညွတ်သောမြေများအား ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇)ထုတ်ပေးနိုင် ရေးကိစ္စနှင့် ပတ်သက်၍ (၄)လခန့်ကြာပြီးဖြစ်ပါသဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သိရှိလို သော မေးခွန်းအား မေးမြန်းရန်ဖိတ်ခေါ်ပါတယ်...
ဦးဗန်ထောင်း( ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်းဖြစ်ပါတယ်… ချင်းပြည်နယ်၊ ထန်တလန်မြို့အနီးဝန်းကျင်တွင်နေထိုင်သည့်တောင်သူအချို့သည်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ဉယျာဉ်ခြံလုပ်ငန်းကို တည်ထောင်လုပ်ကိုင်ကြသော်လည်း အစိုးရ၏ လယ်ယာမြေလုပ်ကိုင် ခွင့်လက်မှတ်(ပုံစံ-၇)ရရှိခြင်းမရှိကြသည့်အတွက် ၎င်းတို့အား စနစ်တကျစိစစ်ပြီး သတ်မှတ်ထား သော ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တို့နှင့် ကိုက်ညီသူများအား (ပုံစံ-၇) ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ကို(၂၆-၉-၂၀၁၉)နေ့တွင်ကျင်းပသော ချင်းပြည်နယ် လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ရာ ချင်းပြည်နယ် အစိုးရကိုယ်စားစိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောဝန်ကြီးမှ တောင်သူ (၉၂)ဦးအနက် တောင်သူ(၆၈) ဦးမှလည်း လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ(ပုံစံ-၁) ဖြင့်ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာစီမံ ခန့်ခွဲ ရေးအဖွဲ့ထံလျှောက်ထားပြီးဖြစ်ရာ၊မြေပြင်တွင် ကွင်းဆင်းစိစစ်ပြီး အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်သောမြေများအား ရပ်ကွက်/ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့တို့မှ အဆင့်ဆင့်စိစစ်၍ဥပဒေနှင့် ညီညွတ်သောမြေများ အား၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လယ်ယာမြေလုပ် ပိုင်ခွင့် လက်မှတ်(ပုံစံ-၇) ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ (၄)လ ခန့်ကြာပြီးဖြစ်ပါသဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သိရှိလိုပါသဖြင့် ရှင်းလင်းဖြေကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းအပ်ပါ သည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်… ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင်နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ဥယျာဉ်ခြံစိုက်ပျိုးခြင်း လုပ် ကိုင်သော တောင်သူ(၉၂)ဦး၏ကိုယ်စား ဦးရွာလ်အုပ်ပါ အမှုဆောင် (၁၀)ဦးတို့၏ တင်ပြချက် အရ ထန်တလန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ ဥယျာဉ်ခြံစိုက် တောင်သူ များအား စနစ်တကျစိစစ်မှုပြုလုပ်ပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန် ကြားချက်များနှင့် ညီညွတ်သူများကို လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇)ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ(ပုံစံ-၁)ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဖြန့်ဝေထားပြီး သက်ဆိုင်ရာတောင်သူများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားလာမှုအပေါ် ရပ်ကွက်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ထောက်ခံချက်နှင့်အတူ (၂၅.၉.၂၀၁၉) ရက်စွဲပါ စာဖြင့်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ တင်ပြထားရှိရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနရုံးမှ လုပ်ငန်းစာတွဲဖွင့်လှစ်ပြီး ကန့်ကွက်လိုသူရှိပါက ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ (ပုံစံ-၂)ဖြင့် ( ၂၃.၁၀.၂၀၁၉ ) မှ ( ၂၁.၁၁.၂၀၁၉) ရက်နေ့အထိကန့်ကွက်နိုင်ရန်ကြော် ငြာထားခဲ့ပါသည်။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ ရက်ပေါင်း(၃၀) အတွင်း ကန့်ကွက်လိုသူမရှိပါသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လုပ်ငန်းစာတွဲကို သဘောထားမှတ် ချက်နှင့်အတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြထားရှိပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် လယ်ယာမြေ လုပ်ပိုင်ခွင့်လုပ်ငန်းစာတွဲကို သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံသို့ တင်ပြရမည်ဖြစ်ပါသော်လည်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌသည် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၁၀)ရက်နေ့မှ ဒီဇင်ဘာလကုန်အထိ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းတက်ရောက်နေပါသဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့တင်ပြရန် နှောင့်နှေး ကြန့်ကြာခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်ပြီးဖြစ်၍ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်ပေးပို့ တင်ပြသွားမည် ဖြစ်ပါသည်။ အဆိုပါအမှုတွဲအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေ လုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲကို သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံသို့တင်ပြပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုကြောင်း(သို့မဟုတ်)ငြင်းပယ်ကြောင်း အကြောင်းကြား ချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိပါက (မှတ်ပုံတင်ကြေး ပေးသွင်းစေ၍) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ထုတ်ပေးနိုင်ရေးနှင့် ငြင်းပယ်ပါကငြင်းပယ်ကြောင်း အကြောင်းကြားစာ ပုံစံ(၈) အား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် လျှောက်ထားသူကာယကံရှင်ထံပေးအပ်ရန် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ အထူးသဖြင့် ချင်းပြည်နယ်(၉)မြို့နယ်စလုံးအား တောင်သူများဥယျာဉ်ခြံမြေနှင့် အသက်မွေးဝမ်းကျောင်းကို ရပ်တည်ဖို့ အစိုးရရဲ့ Policy ဖြစ်သည့် အားလျော်စွာ လိုအပ်တဲ့ ပုံစံ၉၇)ကို သက်ဆိုင်ရာအစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာအသီးသီးကို လမ်းညွှန်မှာကြားပြီးတော့ အမြန်ဆုံးထုတ် ပေးနိုင်ရန် ဒီကနေ အထူးတိုက်တွန်းလိုပါတယ်...
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ ကြောင်ထီးယာကျေးရွာအုပ်စု၊ ကုချကျေးရွာမှ တောင်သူ(၂၃) ဦးတို့ လယ်အားထွန်ယက်စိုက်ပျိုးနိုင်ရန်အတွက် လယ်ကွင်းမှ ပေပေါင်း (၁၃၀၀၀) အကွာတွင်ရှိ သော ခွေဗားချောင်းအား ရေသွယ်ယူပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလို သောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်( ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ဖြစ်ပါတယ်… ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာအုပ်စု၊ ကုချကျေးရွာမှ တောင်သူ(၂၃)ဦးတို့သည် ရွာ၏ အောက် ဖက်ခြမ်းတွင် ဧက(၃၈)ကျယ်ဝန်းသောလယ်အား ထွန်ယက်စိုက်ပျိုးနေကြပါသည်။ သို့သော် ယင်းဒေသသည် မိုးများသော အချိန်၌သာ အပြည့်အဝစိုက်ပျိုးနိုင်ပြီး၊ မိုးနည်းသောအခါတွင် ထွန်ယက်စိုက်ပျိုးခြင်း မလုပ်နိုင်ပါ။ တစ်ချို့တစ်ဝက်သာ စိုက်ပျိုးနိုင်ပါသည်။ ဒွေဗားချောင်းအား ရေသွယ်ယူနိုင်ပါက ကောင်းမွန်စွာစိုက်ပျိုး နိုင်မည်ဖြစ်ပါသည်။ သို့ပါသောကြောင့် လယ်ကွင်းမှ ပေပေါင်း(၁၃၀၀၀)အကွာတွင်ရှိသော ဒွေဗားချောင်းအား ရေသွယ်ယူပေးရန် အစီအစဉ်ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်… လွှတ်တော် ကိုယ်စားလှယ်မှ မေးမြန်းသော “ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာအုပ်စု၊ ကုချကျေးရွာမှ တောင်သူ(၂၃)ဦးတို့၏ လယ်ကွင်းအတွက် လိုအပ်သော စိုက်ပျိုးရေကိုမှ ပေပေါင်း(၁၃၀၀၀) အကွာ တွင် ရှိသော ဒွေဗားချောင်းမှ ရေသွယ်ယူပေးရန် အစီအစဉ် ရှိ / မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ဘဏ္ဍာရေးနှစ် (ပြည်နယ် ရန်ပုံငွေ) ဒေသန္တရစီမံကိန်းရည်မှန်းရန် အဆိုပြုချက်စာရင်းတွင် ထည့်သွင်းလျာထားပြီး ခွင့်ပြုရန်ပုံ ငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန် မှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်ခွဲဝေရာတွင် မည်ကဲ့သို့ ခွဲဝေပြီး မည်သည့်အရာကို အခြေခံ ကာဘတ်ဂျက်ခွဲဝေချပေးနေသည်ကို သိရှိလိုသောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဦးအောင်လျန်( မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ဖြစ်ပါတယ်… ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဘတ်ဂျတ်ခွဲဝေမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၂၉)၊(က)အရနိုင်ငံတော်သမ္မတက ဥက္ကဋ္ဌ၊ ဒုသမ္မတ များက ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် နေပြည်တော်ကောင်စီတို့ ကအဖွဲ့ဝင်၊ ပြည်ထောင်စုဘဏ္ဍာရေး ဝန်ကြီးတို့ကအတွင်းရေးမှူး အသီးသီးဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။ ဆက်လက်၍ ဖွဲစည်းပုံ အခြေခံဥပဒေ(၂၃၀)၊(ခ)၊(ဂ)၊ (ဃ)အရ ပြည်နယ်နှင့် တိုင်းဒေသကြီးရသုံးငွေခန့်မှန်းလျာထား စာရင်းများကိုဘဏ္ဍာရေးကော်မရှင်သို့တင်ပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လိုအပ်သလို ထောက် ပံ့ခြင်း၊ လျှော့ချခြင်း၊ ချေးငွေရယူခြင်း၊ ဖြည့်ဆည်းပေးခြင်း များကိုပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့ ထောက်ခံတင်ပြရမည်ဟုပါရှိသည်။ အခြေခံဥပဒေအရ လည်း ဖွဲ့စည်းထားပြီးဖြစ်သည်။ ထိုနည်းတူပြည်နယ်နှင့်တိုင်းဒေသကြီးတွင်လည်း ဝန်ကြီးချုပ်က ပြည်နယ်နှင့်တိုင်းဒေသကြီးတွင် ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီးဖြစ်သည်။ ဒုတိယအကြိမ်အစိုးရလက်ထက်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရသုံးငွေခန့်မှန်း စာရင်း(၄)နှစ် အတွင်း ထုတ်ပြန်ချက် အောက်ပါအတိုင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်
တိုင်းဒေသကြီး/ပြည်နယ်များ၏ အရ၊ အသုံး အခြေအနေ
(ကျပ်သန်းပေါင်း)
စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | ရငွေ | သုံးငွေ | လိုငွေ(-)/ ပိုငွေ(+) |
၁ | ကချင်ပြည်နယ် | ၁၁,၇၂၀.၆၂၄ | ၁၆၄,၀၁၀.၆၂၄ | -၁၅၂,၂၉၀.၀၀၀ |
၂ | ကယားပြည်နယ် | ၂,၁၉၄.၃၇၆ | ၅၂,၆၃၂.၃၇၆ | -၅၀,၄၃၈.၀၀၀ |
၃ | ကရင်ပြည်နယ် | ၄,၇၁၇.၈၂၁ | ၇၈,၆၁၆.၈၂၁ | -၇၃,၈၉၉.၀၀၀ |
၄ | ချင်းပြည်နယ် | ၁,၇၁၂.၅၃၂ | ၁၃၂,၄၅၁.၅၃၂ | -၁၃၀,၇၃၉.၀၀၀ |
၅ | စစ်ကိုင်းတိုင်ဒေသကြီး | ၂၁,၈၄၂.၁၇၇ | ၁၉၇,၃၄၈.၁၇၇ | -၁၇၅,၅၀၆.၀၀၀ |
၆ | တနင်္သာရီတိုင်းဒေသကြီး | ၆,၀၃၄.၁၈၂ | ၁၅၁,၄၂၅.၁၈၂ | -၁၄၅,၃၉၁.၀၀၀ |
၇ | ပဲခူးတိုင်းဒေသကြီး | ၂၂,၂၅၁.၄၂၅ | ၁၄၈,၆၁၆.၄၂၅ | -၁၂၆,၃၆၅.၀၀၀ |
၈ | မကွေးတိုင်းဒေသကြီး | ၁၄,၁၁၁.၆၅၉ | ၁၅၅,၆၃၆.၆၅၉ | -၁၄၁,၅၂၅.၀၀၀ |
၉ | မန္တလေးတိုင်းဒေသကြီး | ၁၁၂,၅၆၆.၇၂၀ | ၂၁၉,၇၉၁.၇၂၀ | -၁၀၇,၂၂၅.၀၀၀ |
၁၀ | မွန်ပြည်နယ် | ၈,၃၀၅.၉၄၀ | ၇၉,၂၇၂.၉၄၀ | -၇၀,၉၆၇.၀၀၀ |
၁၁ | ရခိုင်ပြည်နယ် | ၆,၈၅၆.၉၁၇ | ၁၄၇,၂၆၄.၉၁၇ | -၁၄၀,၄၀၈.၀၀၀ |
၁၂ | ရန်ကုန်တိုင်းဒေသကြီး | ၂၉၅,၃၆၀.၅၇၀ | ၃၃၆,၂၁၈.၅၇၀ | -၄၀,၈၅၈.၀၀၀ |
၁၃ | ရှမ်းပြည်နယ် | ၃၃,၂၉၃.၁၆၁ | ၂၄၉,၇၀၁.၀၆၁ | -၂၁၆,၄၀၈.၀၀၀ |
၁၄ | ဧရာဝတီတိုင်းဒေသကြီး | ၂၀,၅၄၀.၀၁၇ | ၁၃၆,၇၄၄.၀၁၇ | -၁၁၆,၂၀၀.၀၀၀ |
ပေါင်း | ၅၆၁,၅၁၂.၀၂၁ | ၂,၂၄၉,၇၃၀.၀၂၁ | -၁,၆၈၈,၂၁၉.၀၀၀ | |
၁၅ | ပြည်ထောင်စုမှ လိုငွေဖြည့်ဆည်းခြင်း (ထောက်ပံ့ငွေ) | ၁,၆၈၈,၂၁၉.၀၀၀ | +၁,၆၈၈,၂၁၉.၀၀၀ | |
စုစုပေါင်း | ၂,၂၄၉,၇၃၀.၀၂၁ | ၂,၂၄၉,၇၃၀.၀၂၀ | - |
တိုင်းဒေသကြီး/ပြည်နယ်များ၏ အရ၊ အသုံး အခြေအနေ
(ကျပ်သန်းပေါင်း)
စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | ရငွေ | သုံးငွေ | လိုငွေ(-)/ ပိုငွေ(+) |
၁ | ကချင်ပြည်နယ် | ၁၈,၇၄၁.၇၄၄ | ၁၇၂,၃၈၈.၀၈၇ | -၁၅၃,၆၄၆.၃၄၃ |
၂ | ကယားပြည်နယ် | ၆,၃၂၈.၉၁၃ | ၅၇,၇၇၀.၉၈၆ | -၅၁,၄၄၂.၀၇၃ |
၃ | ကရင်ပြည်နယ် | ၁၀,၇၂၄.၇၄၀ | ၈၆,၀၀၅.၃၈၆ | -၇၅,၂၈၀.၆၄၆ |
၄ | ချင်းပြည်နယ် | ၉,၅၈၄.၁၂၃ | ၁၄၂,၁၁၁.၇၅၉ | -၁၃၂,၅၂၇.၆၃၆ |
၅ | စစ်ကိုင်းတိုင်ဒေသကြီး | ၃၁,၃၀၃.၄၉၀ | ၂၀၈,၄၂၃.၈၉၉ | -၁၇၇,၁၂၀.၄၀၉ |
၆ | တနင်္သာရီတိုင်းဒေသကြီး | ၁၁,၀၇၅.၅၉၇ | ၁၅၇,၄၅၉.၈၈၃ | -၁၄၆,၃၈၄.၂၈၆ |
၇ | ပဲခူးတိုင်းဒေသကြီး | ၃၀,၃၆၅.၁၈၂ | ၁၅၈,၀၅၆.၆၅၇ | -၁၂၇,၆၉၁.၄၇၅ |
၈ | မကွေးတိုင်းဒေသကြီး | ၂၂,၈၇၈.၅၈၄ | ၁၆၅,၈၆၆.၇၃၄ | -၁၄၂,၉၈၈.၁၅၀ |
၉ | မန္တလေးတိုင်းဒေသကြီး | ၁၄၃,၄၀၁.၈၁၅ | ၂၅၁,၆၉၈.၆၃၈ | -၁၀၈,၂၉၆.၈၂၃ |
၁၀ | မွန်ပြည်နယ် | ၁၄,၄၃၉.၆၅၇ | ၈၆,၃၂၇.၀၆၄ | -၇၁,၈၈၇.၄၀၇ |
၁၁ | ရခိုင်ပြည်နယ် | ၁၆,၁၇၇.၃၇၁ | ၁၅၈,၅၇၀.၄၀၁ | -၁၄၂,၃၉၃.၀၃၀ |
၁၂ | ရန်ကုန်တိုင်းဒေသကြီး | ၃၈၂,၅၈၅.၃၁၆ | ၄၂၄,၂၈၀.၆၆၇ | -၄၁,၆၉၅.၃၅၁ |
၁၃ | ရှမ်းပြည်နယ် | ၄၀,၂၁၀.၉၂၇ | ၂၅၈,၈၄၀.၇၀၉ | -၂၁၈,၆၂၉.၇၈၂ |
၁၄ | ဧရာဝတီတိုင်းဒေသကြီး | ၂၉,၅၄၄.၁၂၃ | ၁၄၇,၁၄၁.၁၀၈ | -၁၁၇,၅၉၆.၉၈၅ |
ပေါင်း | ၇၆၇,၃၆၁.၅၈၂ | ၂,၄၇၄,၉၄၁.၉၇၈ | -၁,၇၀၇,၅၈၀.၃၉၆ | |
၁၅ | ပြည်ထောင်စုမှ လိုငွေဖြည့်ဆည်းခြင်း (ထောက်ပံ့ငွေ) | ၁,၇၀၇,၅၈၀.၃၉၆ | - | +၁,၇၀၇,၅၈၀.၃၉၆ |
စုစုပေါင်း | ၂,၄၇၄,၉၄၁.၉၇၈ | ၂,၄၇၄,၉၄၁.၉၇၈ | - |
၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်
တိုင်းဒေသကြီး/ပြည်နယ်များ၏ အရ၊ အသုံး အခြေအနေ
(ကျပ်သန်းပေါင်း)
စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | ရငွေ | သုံးငွေ | လိုငွေ(-)/ ပိုငွေ(+) |
၁ | ကချင်ပြည်နယ် | ၁၉,၅၂၃.၅၇၄ | ၁၇၇,၈၀၆.၁၃၄ | -၁၅၈,၂၈၂.၅၆၀ |
၂ | ကယားပြည်နယ် | ၅,၃၃၂.၉၇၂ | ၆၀,၂၆၆.၅၅၄ | -၅၄,၉၃၃.၅၈၂ |
၃ | ကရင်ပြည်နယ် | ၁၀,၂၈၅.၉၉၈ | ၈၉,၄၀၀.၉၃၇ | -၇၉,၁၁၄.၉၃၉ |
၄ | ချင်းပြည်နယ် | ၇,၈၃၆.၉၉၅ | ၁၄၄,၈၉၆.၄၂၁ | -၁၃၇,၀၅၉.၄၂၆ |
၅ | စစ်ကိုင်းတိုင်ဒေသကြီး | ၃၇,၉၉၅.၅၁၇ | ၂၂၀,၃၆၄.၉၂၆ | -၁၈၂,၃၆၉.၄၀၉ |
၆ | တနင်္သာရီတိုင်းဒေသကြီး | ၁၁,၇၇၈.၇၂၃ | ၁၅၉,၅၃၃.၀၀၉ | -၁၄၇,၇၅၄.၂၈၆ |
၇ | ပဲခူးတိုင်းဒေသကြီး | ၃၃,၈၉၇.၁၂၃ | ၁၆၅,၈၂၅.၅၉၈ | -၁၃၁,၉၂၈.၄၇၅ |
၈ | မကွေးတိုင်းဒေသကြီး | ၂၅,၄၂၈.၄၃၉ | ၁၇၂,၅၀၈.၅၈၉ | -၁၄၇,၀၈၀.၁၅၀ |
၉ | မန္တလေးတိုင်းဒေသကြီး | ၂၀၇,၉၀၆.၁၄၁ | ၃၂၂,၈၁၉.၉၆၄ | -၁၁၄,၉၁၃.၈၂၃ |
၁၀ | မွန်ပြည်နယ် | ၂၄,၂၉၃.၀၆၃ | ၁၀၃,၉၇၂.၇၇၁ | -၇၉,၆၇၉.၇၀၈ |
၁၁ | ရခိုင်ပြည်နယ် | ၁၅,၀၁၇.၈၄၆ | ၁၆၃,၅၉၇.၈၉၇ | -၁၄၈,၅၈၀.၀၅၁ |
၁၂ | ရန်ကုန်တိုင်းဒေသကြီး | ၅၈၇,၅၄၁.၁၀၉ | ၆၅၀,၁၉၄.၇၀၇ | -၆၂,၆၅၃.၅၉၈ |
၁၃ | ရှမ်းပြည်နယ် | ၄၅,၄၂၀.၉၁၄ | ၂၆၉,၅၁၁.၆၉၆ | -၂၂၄,၀၉၀.၇၈၂ |
၁၄ | ဧရာဝတီတိုင်းဒေသကြီး | ၃၃,၃၇၃.၇၄၉ | ၁၅၈,၅၇၈.၀၆၂ | -၁၂၅,၂၀၄.၃၁၃ |
ပေါင်း | ၁,၀၆၅,၆၃၂.၁၆၃ | ၂,၈၅၉,၂၇၇.၂၆၅ | -၁,၇၉၃,၆၄၅.၁၀၂ | |
၁၅ | ပြည်ထောင်စုမှ လိုငွေဖြည့်ဆည်းခြင်း (ထောက်ပံ့ငွေ) | ၁,၇၉၃,၆၄၅.၁၀၂ | - | +၁,၇၉၃,၆၄၅.၁၀၂ |
စုစုပေါင်း | ၂,၈၅၉,၂၇၇.၂၆၅ | ၂,၈၅၉,၂၇၇.၂၆၅ | - |
၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်
တိုင်းဒေသကြီး/ပြည်နယ်များ၏ အရ၊ အသုံး အခြေအနေ
(ကျပ်သန်းပေါင်း)
စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | ရငွေ | သုံးငွေ | လိုငွေ(-)/ ပိုငွေ(+) |
၁ | ကချင်ပြည်နယ် | ၂,၂၂၀၂.၄၇၆ | ၁၉၇,၂၂၃.၉၆၂ | -၁၇၄,၉၄၁.၄၈၆ |
၂ | ကယားပြည်နယ် | ၆,၅၄၄.၁၀၉ | ၇၁,၅၆၃.၉၆၁ | -၆၅,၀၁၉.၈၅၂ |
၃ | ကရင်ပြည်နယ် | ၂၂,၅၈၀.၀၆၈ | ၁၁၉,၁၁၅.၆၀၄ | -၉၆,၅၃၅.၅၃၆ |
၄ | ချင်းပြည်နယ် | ၉,၀၆၅.၆၁၃ | ၁၆၄,၈၃၂.၁၃၄ | -၁၅၅,၇၆၆.၅၂၁ |
၅ | စစ်ကိုင်းတိုင်ဒေသကြီး | ၄၃,၁၆၉.၅၃၉ | ၂၅၃,၀၈၃.၇၃၇ | -၂၀၉,၉၁၄.၁၉၈ |
၆ | တနင်္သာရီတိုင်းဒေသကြီး | ၁၃,၅၇၀.၅၄၈ | ၁၇၃,၁၄၆.၁၉၅ | -၁၅၉,၅၇၅.၆၄၇ |
၇ | ပဲခူးတိုင်းဒေသကြီး | ၄၀,၂၇၅.၇၅၇ | ၁၈၈,၈၀၇.၄၂၀ | -၁၄၈,၅၃၁.၆၆၃ |
၈ | မကွေးတိုင်းဒေသကြီး | ၃၂,၁၃၈.၉၈၂ | ၂၀၉,၆၉၁.၉၃၁ | -၁၇၇,၅၅၂.၉၄၉ |
၉ | မန္တလေးတိုင်းဒေသကြီး | ၂၂၅,၆၂၇.၉၁၃ | ၃၆၂,၇၀၅.၇၀၂ | -၁၃၇,၀၇၇.၇၈၉ |
၁၀ | မွန်ပြည်နယ် | ၃၉,၄၈၃.၀၈၄ | ၁၃၉,၁၄၀.၉၃၃ | -၉၉,၆၅၇.၈၄၉ |
၁၁ | ရခိုင်ပြည်နယ် | ၃၁,၄၃၉.၄၀၄ | ၂၀၁,၁၆၇.၂၈၀ | -၁၆၉,၇၂၇.၈၇၆ |
၁၂ | ရန်ကုန်တိုင်းဒေသကြီး | ၆၄၅,၆၁၅.၈၀၆ | ၇၇၂,၀၄၇.၈၆၈ | -၁၂၆,၄၃၂.၀၆၂ |
၁၃ | ရှမ်းပြည်နယ် | ၄၅,၃၀၅.၇၀၉ | ၂၉၅,၉၉၅.၄၆၆ | -၂၅၀,၆၈၉.၇၅၇ |
၁၄ | ဧရာဝတီတိုင်းဒေသကြီး | ၃၃,၆၀၄.၆၆၈ | ၁၇၆,၅၆၇.၄၄၅ | -၁၄၂,၉၆၂.၇၇၇ |
ပေါင်း | ၁,၂၁၀,၇၀၃.၆၇၆ | ၃,၃၂၅,၀၈၉.၆၃၈ | -၂,၁၁၄,၃၈၅.၉၆၂ | |
၁၅ | ပြည်ထောင်စုမှ လိုငွေဖြည့်ဆည်းခြင်း (ထောက်ပံ့ငွေ) | ၂,၁၁၄,၃၈၅.၉၆၂ | - | + ၂,၁၁၄,၃၈၅.၉၆၂ |
စုစုပေါင်း | ၃,၃၂၅,၀၈၉.၆၃၈ | ၃,၃၂၅,၀၈၉.၆၃၈ | - |
တိုင်းဒေသကြီးနှင့်ပြည်နယ်ရသုံးငွေခန့်မှန်းစာရင်းတွင် လူဦးရေကိုအခြေခံလျှင် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့သည် တိုးတက်သည့်အလျောက် သူတို့တိုင်းအစိုးရဝင်ငွေများ သော်လည်း ပြည်ထောင်စုကလည်း ထပ်မံပြီး ကယားပြည်နယ်၏ တစ်နှစ်အသုံးစရိတ်ထက်ပိုသော ငွေပမာဏကို နှစ်စဉ်ထောက်ပံ့နေသည်ကို တွေ့ရသည်။ ဒီလောက်တိုးတက်သည့် တိုင်းအစိုးရဝင်ငွေ အရ ရပ်တည်လို့ရပေမယ့် စီမံကိန်းများခြင်းကြောင့်လား ပြည်ထောင်စုက အမြဲဖြည့်ဆည်းပေးနေ သည်ကို မြင်တွေ့ရသည်။ သို့သော်လူဦးရေကိုအခြေခံပြီး ပြည်ထောင်စုက ပံ့ပိုးလျှင်ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး လူဦးရေနှိုင်းယှဉ်လျှင် ဧရာဝတီတိုင်းဒေသကြီးသည် ၂၀၁၄ သန်းခေါင်စာရင်းအရ (၆.၁)သန်းကျော်နှင့် ပဲခူးတိုင်းဒေသကြီးမှာ (၄.၈)သန်းကျော်သာရှိပြီး (၄)နှစ် အတွင်းတွင် ဧရာဝတီလူဦးရေမှာ ပဲခူးထက်များသော်လည်း ပြည်ထောင်စုရန်ပုံငွေပံ့ပိုးမှုမှာ ပဲခူးကနှစ် စဉ် ပိုများနေရသည်။ နယ်မြေဒေသအကျယ်အဝန်းအရဆိုလျှင် ကချင်ပြည်နယ်သည် မကွေးတိုင်း ထက် နယ်မြေအကျယ်အဝန်းရှိသော်လည်း မကွေးတိုင်းဒေသကြီးမှာ ပြည်ထောင်စုမှ ပို၍ပံ့ပိုး နေသည်ကို ၂၀၁၉-၂၀၂၀ခုနှစ်၊ ရသုံးငွေခန့်မှန်းစာရင်းတွင် တွေ့ရသည်။ အဆင်းရဲဆုံး ပြည်နယ်နှင့် တိုင်းဒေသကြီးအခြေခံလျှင် ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးအဆင်းရဲဆုံးဟုဖော်ပြပြီး ချင်းပြည်နယ် ထက် အဆမတန်တိုးတက်သည့် မကွေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့သည် ပြည်ထောင်စုမှ ရန်ပုံငွေပို၍ပံ့ပိုးထောက်ပံ့မှုကိုမြင်တွေ့ရသည်။ ၂၀၁၉-၂၀၂၀ ခုနှစ်၊ အဆင်းရဲဆုံး ညွှန်းကိန်းတွင် ချင်းပြည်နယ်သည်(၅၈%)နှင့် ရခိုင်ပြည်နယ်သည်(၄၁%)ဟု ထုတ်ပြန်ထားပါသည်။ နှစ်စဉ်အလိုက် ကုန်ထုတ်လုပ်မှုနှင့် တိုးတက်နှုန်းကို ၂၀၁၉-၂၀၂၀ခုနှစ်တွင် GDP 7:0 တိုးတက်မည်၊ လူတစ်ဦး၏ တစ်နှစ်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုငွေ (Per Capita GDP (၂.၁၈)သန်းကျော်ဟု ဖော်ပြထား သည်။ ချင်းပြည်နယ်သည် လူတစ်ဦး၏ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတစ်နှစ်ကို ကျပ်(၉)သိန်း ကျော်ဟု ချင်းပြည်နယ်ရသုံးငွေ၏ ထုတ်ပြန်ချက်မှာ တိုးတက်သည့်ဟားခါး၊ ထန်တလန်တို့နှင့် ကိုက်ညီသော်လည်း တစ်ပြည်နယ်လုံးနှင့် ပျမ်းမျှတွက်ခြေမကိုက်ခြေ၊ ကားလမ်း မပေါက်သေးသည့် နေရာ မဟာဓါတ်အားလိုင်း မရသေးသည့်မြို့နယ် ၊ဖုန်းလိုင်းမရသေးသည့် နေရာတို့မှာ ထုတ်ပြန်ချက် နှင့်မကိုက်ညီချေ။ ရန်ကုန်တိုင်းဒေသကြီးသည် မည်သည့်နေရာမဆို ဖုန်းလိုင်း၊ ကုန်းလမ်း၊ ရေကြောင်း၊ မီးရထား၊ လေကြောင်းရရှိပြီးဖြစ်၍ ထိုထုတ်ပြန်ချက်အရ မှန်ကန်မှုရှိကောင်းရှိနိုင်သည်။ ချင်းပြည်နယ်သည် အဆင်းရဲဆုံးဖြစ်သည့်အလျာက် ကုန်ဈေးနှုန်းလည်း အလွန်မြင့်မားနေသည်။ တစ်နေ့လုပ် တစ်နေ့စားအတွက်နေ့စဉ် ကျပ်(၅၀၀၀)ရဖို့အလုပ်အကိုင်၊ အခွင့်အလမ်းလုံးဝမရှိပါ။ ကျန်တိုင်းဒေသကြီးများမှာ စီမံကိန်းများ၍ဘတ်ဂျက်ပိုသုံးစွဲခြင်း၊ ပြည်နယ်အစိုးရ၏ ပြောလေ့ ပြောထရှိတဲ့ ဟားခါးမြို့တော်သည် စီမံကိန်းများသည့် အလျောက်ဘတ်ဂျက်ပိုသုံးစွဲခြင်းဟု ဖြေကြား သလို ကျွန်တော်တို့ချင်းပြည်နယ်သည်လည်း စီမံကိန်းများ ပိုမိုလျာထားမှသာ စီမံကိန်းလိုအပ်ချက် အရ ဘတ်ဂျက်ပိုထောက်ပံ့မည်ဟု ယူဆမိသည်။ အာရှဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်သည် ပြည်ထောင်စုမှ ရန်ပုံငွေများစွာ ပံ့ပိုးသော်လည်း လူနေမှုစီးပွားမှာ အောက်ဆုံးရာ ခိုင်နှုန်းကနေ တစ်မူထူးခြားမှုမရှိပါ။ သူ့ပြည်နယ်၏ တစ်နှစ်ဝင်ငွေမှာမူ ပြည်ထောင်စုမှ ပံ့ပိုးသည့်ရန်ပုံငွေအပေါ် အခွန်ပြန်ဆောင်ခြင်းသာ တွေ့ရ သည်ဟု ၂၀၁၈-၂၀၁၉ခုနှစ်၊ ဘဏ္ဍာရေးကို အခြေခံကာ ၂၀၁၉ခုနှစ်တွင် ထုတ်ပြန်ထားပါသည်။ ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်း ဆောင်ရွက်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးဖို့လိုသည်။ ပြည်ထောင်စုအဆင့်တွင်လည်း နိုင်ငံခြားငွေရရှိနိုင်ရန် ဆောင်ရွက်ဖို့လိုအပ်နေသည်။ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဟန်ချက်ညီ တပြေးညီ တိုးတက်ရမည်ဟု နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောလေ့ရှိသည်။ ကျွန်တော်တို့ ပြည်နယ် တွင် တောင်ယာလုပ်ငန်းဖြင့် ဝမ်းကျောင်းရာတွင် သားသမီးတွေ၏ အနာဂတ်ပညာရေး ထိထိရောက် ရောက် မဆောင်ရွက်နိုင်ပေ။ ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်၏ လိုအပ်ချက်အခြေအနေအရ လိုအပ်လျှင် ချင်းပြည်နယ်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို အချက်အလက်စုဆောင်းပြီး ထိထိမိမိတင်ပြစေသင့်သည်။ လက်ရှိတွင်ပြည်ထောင်စုက ချပေးသည့် ငွေပမာဏအရသာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြည်နယ် ဝန်ကြီးချုပ်သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်ဖြစ်သည်။ ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းများလျာထားပြီး ချင်းပြည်နယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဟန်ချက်ညီညီတင်ပြတောင်းဆိုမှသာ ချင်းပြည်နယ်ရှိ လူနေမှုစီးပွား တိုးတက်နှုန်း GDP 7:0 လျာထားသည့်အတိုင်း ကိုက်ညီမည်ဖြစ်သည်။ လက်ရှိတွင် စာရွက်ပေါ် တွင်သာ လူနေမှုစီးပွားတိုးတက်နှုန်းတိုးလာပြီး မြေပြင်တွင် ကိုက်ညီမှုမရှိပေ။ ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စု၏ တိုင်းဒေသကြီး နှင့် ပြည်နယ်ရန်ပုံငွေပံ့ပိုးမှုမှာ မည်သည့် အချက်ကိုအခြေခံပြီး ပံ့ပိုးခဲ့သနည်း။ စီမံကိန်းများသည့် ဒေသသည် ပို၍ထောက်ပံ့လျှင် ချင်းပြည်နယ် အစိုးရအနေဖြင့် စီမံကိန်းများများ လျာထားသင့်သည်ဟု ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း အပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးဝီကော(စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဝီကော ဖြစ်ပါတယ်... ပြည်ထောင်စုအရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်း ခြေငွေစာရင်းများနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေများ ရေးဆွဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များ သို့ ဘဏ္ဍာငွေဖြည့်ဆည်းပေးရာတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂၃၀(ဃ)ပါပြဋ္ဌာန်းချက်များနှင့်အညီ နှစ်စဉ်ထောက်ပံ့ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ ၏ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ဘဏ္ဍာငွေခွဲဝေစီးဆင်းမှု ပုံသဏ္ဍာန်ကို လေ့လာကြည့်လျှင်-
(က) တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေ များကို သင့်လျော်သလိုဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့်ထောက်ပံ့ခြင်း၊ ချေးငွေများခွင့်ပြုပေးခြင်းဖြင့်ခွဲဝေပေးခြင်း၊
(ခ) ပြည်ထောင်စုမှကောက်ခံရရှိသော အခွန် ဝင်ငွေများမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ သတ်မှတ်ပြဋ္ဌာန်းသည့် ဥပဒေနှင့် အညီအချိုးအစားသတ်မှတ်၍ခွဲဝေပေးခြင်း
(ဂ) ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ခွဲဝေသတ်မှတ်ပေးခြင်းနှင့်
(ဂ) အရေးပေါ်ရန်ပုံငွေကို သက်ဆိုင်ရာတိုင်း/ ပြည်နယ်အလိုက် ခွဲဝေပေးထားခြင်းများ ကို တွေ့ရှိရမှာဖြစ်ပါတယ်။
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ဘဏ္ဍာငွေခွဲဝေကျင့်သုံးမှုပုံစံကို တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုကောင်းမွန်စေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်အရ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များအား လိုက်လျောညီထွေဖြစ်အောင် လျှော့ချပေးရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ် များအကြား ဖွံ့ဖြိုးတိုးတက်မှု အချိုးကျ မျှတစေရန် ရည်ရွယ်၍ ပြည်ထောင်စုမှ လိုငွေဖြည့်ဆည်း ပေးခြင်းအတွက် နှစ်လတ်ဘဏ္ဍာရေး မူဘောင် ( Medium Term Fiscal Framework-MTFF)အရ ပုံသေနည်းအခြေခံတွက်ချက်မှုဖြင့် ထောက်ပံ့ပေးခဲ့သည့် ပုံစံကို ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျင့်သုံးခဲ့ပါသည်။ နှစ်လတ်ဘဏ္ဍာရေးမူဘောင် (MTFF)အရ တိုင်းဒေသကြီး/ ပြည်နယ် များအတွက် လိုငွေဖြည့်ဆည်းရန် ထောက်ပံ့ငွေကို တွက်ချက်ရာတွင်-
(က) စုစုပေါင်းလူဦးရေ(Total Population)
(ခ) ဆင်းရဲမှုညွှန်းကိန်း(Poverty Index)
(ဂ) မြေဧရိယာအကျယ်အဝန်း (Area)
(ဃ) တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စုစုပေါင်းလူဦးရေတွင် မြို့ပြလူဦးရေ ပါဝင်မှုအချိုး (Urban Population as percent of total state population)
(င) တစ်ဦးကျအခွန်ကောက်ခံမှု
(Per Capita Tax collection)
(စ) လူတစ်ဦးစီ၏ ပျမ်းမျှအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) စသည့် ညွှန်းကိန်း များကို အသုံးပြု၍ တွက်ချက်ခြင်းဖြစ် ပါသည်။
ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ် များအတွက် လိုငွေထောက်ပံ့ငွေဖြည့်ဆည်းသည့် ပမာဏကို နှိုင်းယှဉ်လေ့လာရာတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအလိုက်အသုံးစရိတ် ခွဲဝေသုံးစွဲနိုင်မှုကိုနှိုင်းယှဉ်လေ့လာရာတွင်လည်းကောင်း အထက်ပါနှစ်လတ်ဘဏ္ဍာရေးမူဘောင် ( Medium Term Fiscal Framework-MTFF)အရ ပုံသေနည်း အခြေခံတွက်ချက်ရာတွင် အသုံးပြုသည့် ညွှန်ကိန်းများအားလုံးဖြင့်သာ ချိန်ထိုးကြည့်သင့်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်း ခြေငွေစာရင်းများကို ဘဏ္ဍာရေးကော်မရှင်သို့ မတင်ပြမီဒုတိယသမ္မတ-၂စိစစ်သည့်အခါတိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ လိုငွေအတွက် ပြည်ထောင်စုမှ နှစ်လတ်ဘဏ္ဍာ ရေးမူဘောင်(Medium Term Fiscal Framework-MTFF) တွက်ချက်မှုအရ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှထောက်ပံ့ပေးနိုင်မည့် ငွေပမာဏပေါ် မူတည်၍ စိစစ်ပါသောကြောင့် လိုငွေဖြည့်ဆည်းရန် ထောက်ပံ့ငွေနှင့် အခွန်ဝေစုလျာထားချက်များကို နှစ်စဉ်ဇန်နဝါရီလ၌ တိုင်းဒေသကြီး/ပြည်နယ် များသို့ ပြည်ထောင်စုအစိုးရအဖွဲ့က အကြောင်းကြားစာပေးပို့ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များကလည်း မိမိတိုင်း/ပြည်နယ်များ၏ ကိုယ်တိုင်ရှာဖွေရငွေများနှင့် ပြည်ထောင်စုမှ ထောက်ပံ့မည့်ငွေရပ်များအပေါ် အခြေခံ၍ ကိုယ့်တိုင်း/ ကိုယ့်ပြည်နယ်အတွက်ဘတ်ဂျက် အသုံးစရိတ်များကို ရေးဆွဲတင်ပြကြရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်စားလှယ်ကြီး၏ မေးမြန်းဆွေးနွေး ချက်များတွင်ပါဝင်သကဲ့သို့တိုင်းဒေသကြီး/ ပြည်နယ်များက ရေးဆွဲတင်ပြသည့် လုပ်ငန်းစီမံကိန်းများရင် များသလို ပြည်ထောင်စုမှ ထောက်ပံ့ပေးနေခြင်း မဟုတ်သည်ကို ရှင်းလင်းဆွေးနွေးတင်ပြအပ်ပါသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့မှလည်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ မြေပြင်အခြေအနေအရ ဒေသအတွက် အမှန်တကယ်လိုအပ်ချက်များအား အဆင့်ဆင့်ပြုစု ရေးဆွဲတင်ပြလာသည့် စီမံကိန်းလုပ်ငန်းများအတွက် အသုံးစရိတ်များတင်ပြရာတွင် ပြည်နယ်၏စုစုပေါင်း ရငွေရင်းမြစ်ထက် အသုံးစရိတ်ပမာဏက ကျော်လွန်နေသဖြင့် ဦးစားပေးအဆင့်အလိုက်ခွဲခြားပြီး အချို့လုပ်ငန်းများကို နှစ်စဉ် စိစစ်လျှော့ချနေရသည်ကိုလည်း စိစစ်တွေ့ရှိရပါသည်။ ပြည်ထောင်စုမှလည်း ချင်းပြည် နယ်အတွက် ထောက်ပံ့ငွေများကို နှစ်စဉ်တိုးမြှင့်ပေး လျက်ရှိရာပြည်ထောင်စုမှ ချင်းပြည်နယ် အတွက် နှစ်အလိုက် ထောက်ပံ့ငွေဖြည့်ဆည်းမှုအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(ကျပ်သန်းပေါင်း)
ဘဏ္ဍာရေးနှစ် | မူလခန့်မှန်းခြေငွေစာရင်း အရ လိုငွေအတွက် ထောက်ပံ့ငွေရပ် | ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရ လိုငွေအတွက် ထောက်ပံ့ငွေရပ် |
၂၀၁၆-၂၀၁၇ | ၁၃၀,၇၃၉.၀၀၀ | ၁၃၃,၀၈၅.၈၀၀ |
၂၀၁၇-၂၀၁၈ | ၁၃၂,၅၂၇.၆၃၆ | ၁၃၂,၃၇၉.၈၂၂ |
ဘဏ္ဍာရေးနှစ် | မူလခန့်မှန်းခြေငွေစာရင်း အရ လိုငွေအတွက် ထောက်ပံ့ငွေရပ် | ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းအရ လိုငွေအတွက် ထောက်ပံ့ငွေရပ် |
၂၀၁၈ (၆လ) | ၆၅,၉၇၆.၀၁၈ | - |
၂၀၁၈-၂၀၁၉ | ၁၃၇,၀၅၉.၄၂၆ | ၁၃၈,၈၇၃.၄၆၀ |
၂၀၁၉-၂၀၂၀ | ၁၅၅,၇၆၆.၅၂၁ | ဆောင်ရွက်ဆဲဖြစ် ပါသည်။ |
၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ သည့်ငွေရပ် များချိန်ထိုးလေ့လာကြည့်ရာတွင် ချင်းပြည်နယ်အတွက် ထောက်ပံ့ငွေရပ်သည် တိုင်းပြည်နယ် (၁၄)ခုအနက် အဆင့်(၇)၌ ရှိနေပြီး ပြည်နယ်(၇)ခုအနက် အဆင့် (၄) ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုမှ သင့်တင့်လျောက်ပတ်စွာ ထောက်ပံ့ဖြည့်ဆည်းပေးနေသည်ကို တွေ့ရှိရပါကြောင်းနှင့်ပြည်ထောင်စု၏တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရန်ပုံငွေပံ့ပိုးမှုသည် အထက်ဖော်ပြပါ ညွှန်ကိန်း(၆)ခုကို အသုံးပြု၍ နှစ်လတ်ဘဏ္ဍာရေး မူဘောင်(MTFF) တွက်ချက်မှုကို အခြေခံပြီး ထောက်ပံ့ပေးခြင်းသာဖြစ်ပါသည်။ ဆက်လက်၍ ပြည်ထောင်စုမှ ချင်းပြည်နယ် အတွက် မဖြစ်မနေ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများအတွက် (အရေးပေါ် ရန်ပုံငွေ (ယခင်နိုင်ငံတော်သမ္မတ၏သီးသန့်ရန်ပုံငွေ)နှင့်အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေတို့မှ ) ထောက်ပံ့ဖြည့်ဆည်းပေးမှုများကိုရှင်းလင်းတင်ပြရလျှင်
(က) ဘဏ္ဍာရေးနှစ်အလိုက်အရေးပေါ်ရန်ပုံငွေမှခွင့်ပြုငွေ
(ကျပ်သန်းပေါင်း)
အကြောင်းအရာ | ၂၀၁၆-၂၀၁၇ | ၂၀၁၇-၂၀၁၈ | ၂၀၁၈(၆)လ ဘတ်ဂျက် | ၂၀၁၈-၂၀၁၉ | ၂၀၁၉-၂၀၂၀ |
၁။ အရေးပေါ်ရန်ပုံငွေ | ၆၉၀၇.၆၀၀ | - | - | - | ၁၀၀၀.၀၀၀ |
(က) ရုန်းတောင် ကာကွယ်ရေး | ၁၅၀၀.၀၀၀ | - | - | - | - |
(ခ) မင်းတပ်စျေး | ၃၁၅.၈၀၀ | - | - | - | - |
(ဂ) မြို့ပြနှင့်အိမ်ရာ | ၉၁.၈၀၀ | - | - | - | - |
(ဃ) ဖလမ်းရေပေး ဝေရေး | ၅၀၀၀.၀၀၀ | - | - | - | - |
(ခ) နှစ်အလိုက်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှရရှိခဲ့မှုအခြေအနေ
(ကျပ်သန်းပေါင်း)
အကြောင်းအရာ | ၂၀၁၆ခုနှစ် | ၂၀၁၇ခုနှစ် | ၂၀၁၈ ခုနှစ် | ၂၀၁၉ခုနှစ် | ၂၀၂၀ခုနှစ် |
အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ခြင်း | ၁၁၆၅.၄၁၈ | ၉၅၉.၉၅၆ | ၁၈၆၁.၈၄၈ | ၂၅၈၈.၁၂၂ | ၆၅၇၅.၃၄၄ |
ထို့အပြင်ကိုယ်စားလှယ်ကြီး ဆွေးနွေးချက် များ၌ “ပြည်နယ်နှင့် တိုင်းဒေသကြီးတွင်လည်း ဝန်ကြီးချုပ်က ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဖြစ်သည်”ဟု ဖော်ပြထားခြင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဥပဒေတို့၌ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်းရန်ကိစ္စရပ်များ ဖော်ပြထားခြင်း မရှိသလို ချင်းပြည်နယ်၌ လက်ရှိအချိန်ထိ ပြည်နယ်ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်းထားခြင်းမရှိ ကြောင်းကိုလည်း ဖြည့်စွက်၍ ရှင်းလင်းဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ ဟရီဖီး(ခ)ကျေးရွာတွင် နေထိုင်သော တောင်သူ(၁၁)ဦး၏ လယ်ကွက်(၇.၇၅)ဧကအား ရေပိုက်များ ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုသောမေးခွန်း အား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်( ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ဖြစ်ပါတယ်… ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ဟရီဖီး(ခ) ကျေးရွာတွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် ကုန်းမြင့်လယ်ယာဦးစီးဌာနမှ လယ်ကွက်(၇.၇၅)ဧက ဖော်ထုတ်ပေး ခဲ့ပါသည်။ သို့သော်ယင်းလယ်ကွက်များ သည် ရေလုံလောက် မှုမရှိသောကြောင့် ယနေ့အထိ ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိပါ။ ထို့ကြောင့် ယင်းလက် ကွက်ပိုင်ရှင်များအတွက် ပူးတွဲပါအတိုင်း ရေပိုက်များထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့်မေးမြန်းတင်ပြအပ်ပါသည်။
(တောင်သူများစာရင်းနှင့် လယ်ဧကစာရင်းပူးတွဲ)
တောင်သူများ၏ လယ်ဧကနှင့် ရေသွယ်မည့်အကွာအဝေးပေ
၁။ ဦးရမ်ဟရဲ (၁.၀၀) ဧက
၂။ ဦးကျုံးအုပ် (၀.၇၅)ဧက
၃။ ဦးဗန်ထာလျန် (၀,၅၀) ဧက
၄။ ဦးဘွေဇနှင်း (၁.၀၀) ဧက
၅။ ဦးဗန်ကျုံးလျန် (၀.၅၀) ဧက
၆။ ဦးဗန်ဒုလိန်း (၀.၅၀) ဧက
၇။ ဦးထန်ဘိခ့် (၁.၀၀) ဧက
၈။ ဦးငွန်ပဲန်း (၀.၇၅) ဧက
၉။ဦးတလွန်နောလ်(၀.၆၅) ဧက
၁၀။ ဦးထန်ထန် (၀.၆၅) ဧက
၁၁။ဦးသင်တလုံး (၀.၄၅) ဧက ရေထွက်သည့် ပေ(၃၀၀၀၀အကွာအဝေး တွင် သီးခြားသွယ်ယူရန်။
စုစုပေါင်း = (၇.၇၅) ဧက
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်…ထန်တလန်မြို့နယ်၊ ဟရီဖီး(ခ)ကျေးရွာတွင် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းအား ၂၀၁၇−၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကန်ထရိုက်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်ပြီး အဆိုပါ လုပ်ငန်းအား ဒေသခံကျေးရွာကုမ္ပဏီဖြစ်သော ဇိုဖေပါရ် ကုမ္ပဏီမှ (၂၆.၁၀၀)ကျပ်သန်းဖြင့် အဆိုပြုတင်ဒါအောင် မြင်၍လျာထားဧက(၂၅)ဧကအပေါ်(၂၆.၃၁)ဧကဖော်ထုတ် ဆောင်ရွက်ပေးခဲ့ပါ သည်။ ကုန်းမြင့်လယ်ယာမြေဖော် ထုတ်ဆောင်ရွက်ခြင်းလုပ်ငန်းအား (၁၅.၁၁.၂၀၁၇)ရက် နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂၅.၁.၂၀၁၈)ရက်နေ့တွင် လုပ်ငန်းများ ၁၀၀% ပြီးစီး၍ အကျိုးပြုတောင်သူ (၃၉)ဦးထံ ခွဲဝေချထားပေးမှုအား မြေစာရင်းပုံစံ(၁)၊ ဌာန၏စက်/ လယ်(၁၂)ပုံစံများဖြင့် အပ်နှံခဲ့ပါသည်။ ထန်တလန်မြို့နယ်၊ ဟရီဖီး(ခ)ကျေးရွာတွင် ဇိုဖေပါရ်ကုမ္ပဏီမှ ဖော် ထုတ်မှုအား အမှတ်(၃)ကုန်းမြင့်လယ်ယာမြေဖော်ထုတ် ရေးစီမံကိန်းရုံးမှ တာဝန်ရှိသူနှင့်ထန်တလန် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဝင်များဖြင့် (၂.၁၂.၂၀၁၇)၊ (၂၆.၂.၂၀၁၈)၊ (၇.၁၁.၂၀၁၈)ရက်နေ့များတွင် သုံးကြိမ်တိုင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အမှတ် (၃) ကုန်းမြင့်လယ်ယာမြေဖော်ထုတ် ရေးစီမံ ကိန်းရုံးမှကွင်းဆင်းစစ်ဆေးစဉ် ကျေးရွာဒေသခံတောင်သူများ၊ အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးပြုလုပ်ပြီး ဖော်ထုတ်ပြီး လယ်မြေများအား အောက်ပါအတိုင်းဆောင်ရွက်ရန် မှာကြား ခဲ့ပြီးဖြစ်ပါသည်-
- မိမိခွဲဝေရရှိသော လယ်ယာမြေများတွင် မြေဆီဩဇာထက် သန်စေရန် မိုးမကျမီကာလအတွင်း သစ်ရွက်ဆွေးမြေဩဇာ၊ နွားချေး/ဝက်ချေး/ကြက်ချေးများ ထည့်သွင်းပေးကြရန်၊
- မိုးကြိုထယ်ရေး ထွန်ယက်ထားရှိရန်၊
- မိုးဦးသီးနှံအနေဖြင့် မြေသြဇာရရှိရေးကို ရှေ့ရှု့လျက်ပဲသီး နှံတစ်မျိုးမျိုးအား ခပ်စိတ်စိတ်ကြဲပက်စိုက်ပျိုးထားရှိရန်၊
လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းသော တောင်သူများ လယ်ဧကနှင့်ရေသွယ်မည့် အကွာအဝေးစာရင်းတွင် ပါရှိသည့် တောင်သူ(၁၁)ဦးနှင့် လယ်ကွက် (၇.၇၅)ဧကစာရင်းအား စိစစ်ရာ တွင် အမှတ်(၃)ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးမှ လယ်ယာ မြေဖော်ထုတ်ဆောင်ရွက် ပေးခဲ့သည့် ကုန်းမြင့်လယ်ယာ (၂၆.၃၁)ဧက၊ အကျိုးပြုတောင်သူ (၃၉)ဦးစာရင်းတွင် ဦးရမ်ဟရဲနှင့် ဦးတလွန်နောလ် (၂)ဦးသာပါဝင်ကြောင်း စိစစ်တွေ့ရှိပါသည်။ သို့သော်လည်း လွှတ်တော် ကိုယ်စားလှယ်မှ မေးမြန်းသော ထန်တလန်မြို့နယ်ရှိ ဖရီဖီး(ခ)ကျေးရွာနေ တောင်သူ(၁၁)ဦး၏ လယ်ကွက် (၇.၇၅)ဧကအတွက် ရေပိုက်များ ထောက်ပံ့ပေးရန်အတွက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် (ပြည်နယ်ရန်ပုံငွေ) ဒေသန္တရ စီမံကိန်းရည်မှန်းရန် အဆိုပြုချက်စာရင်းတွင် ထည့်သွင်းလျာထားပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာ၏ လက်ရှိအခြေခံပညာအလယ် တန်းကျောင်းအား အခြေခံပညာအထက်တန်း ကျောင်းအဆင့်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်( ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ဖြစ်ပါတယ်… ထန်တလန်မြို့နယ်၊ ကြောင်ထီးယားရွာသည် အိမ် ခြေ(၂၀၀)ကျော်ရှိပြီး၊ အခြေခံပညာအလယ်တန်း ကျောင်းရှိပါသည်။ ကျောင်းသူကျောင်းသား(၂၁၆)ဦးရှိပါသည်။ ဒေသရပ်ရွာ၏စီးပွားရေးအခြေအနေ အရ၊ အလယ်တန်းအဆင့်အတန်းပြီးသူများ အထက်တန်းအဆင့် တက်ရောက်ရန် အခက်အခဲများ တွေ့ကြုံနေရပါသဖြင့် ကျေးရွာရှိ ကျောင်းသူကျောင်းသားများနောင်ရေး အတွက် ကြောင်ထီးယားရွာ ၏ လက်ရှိအခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်း ကျောင်းအဆင့်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးဖွေအား(လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး (ကိုယ်စား)လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဖွေအား ဖြစ်ပါတယ်... လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းသော “ထန်တလန်မြို့နယ်၊ ကြောင်ထီးယားရွာ ၏ လက်ရှိအခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ / မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကြောင်ထီးယားကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရ၏သဘောတူညီချက်ဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ (၁၆.၁.၂၀၂၀) ရက်စွဲပါစာ အမှတ်၊ ဌာနစု(၁-က)/ ၀၀၅၄/ ၀၁၇၉/ ကစသ(၂၀၂၀) ဖြင့် အခြေခံပညာဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်သို့ တင်ပြပြီးဖြစ်ပါသဖြင့် ခွင့်ပြုချက်ရရှိပါက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ အဆင့်တိုးမြှင့်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ သီးမြစ်-ကြောင်ထီးယားလမ်းမှ(၄)မိုင်သာဝေးသော ကုချကျေးရွာအထိ(၁၈) ပေအကျယ်ဖြင့် ကားလမ်းတူးဖော် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်( ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ဖြစ်ပါတယ်… ထန်တလန်မြို့နယ်၊ ကုချကျေးရွာသည် ထန်တလန်မြို့မှ(၁၀)အကွာတွင်ရှိပြီး အိမ်ခြေ (၆၅)၊လူဦးရေ (၃၁၅) ဦးရှိပါသည်။ ရွာသူရွာသားများသည် အိမ်ဆောက်ရာတွင် အသုံးပြုသည့် ထင်းရှူးသားနှင့် အခြားသစ်များ သစ်ခွဲသားအဖြစ် ရယူရန်အတွက်လည်းကောင်း၊ ဝမ်းစာဖူလှုံရေးအတွက် စပါး၊ ပြောင်း၊ အာလူးနှင့်အခြားသီးနှံ များစိုက်ပျိုးရန်အတွက်လည်းကောင်း၊ သီးမြစ်-ကြောင်ထီးယားကား လမ်းအပေါ်အောက်ရှိ တောင်ယာကွက်များအား အသုံးပြုလုပ်ကိုင်စား သောက်လျက်ရှိပါသည်။ ထိုကြောင့် ရွာသူရွာသားများ၏ တောင်ယာလုပ်ငန်းနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူစေရေးအတွက် သီးမြစ်- ကြောင်ထီးယားလမ်းမှ (၄)မိုင်သာဝေးသော ကုချကျေးရွာအထိ (၁၈)ပေအကျယ်ဖြင့် ကားလမ်းတူးဖေါ်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းတင် ပြအပ်ပါသည်။
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... ချင်းပြည်နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်(၉)မြို့နယ်ရှိ ကျေးရွာနေရွာသူရွာ သားများမှ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဝမ်းစာဖူလှုံရေးသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ စပါး၊ ပြောင်း၊ အာလူးနှင့်အခြား သီးနှံများစိုက်ပျိုးရန်အတွက် ကုန်ထုတ်လမ်းများကို ဖော်ထုတ် ပေးနိုင်ရန် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါသည်။ လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းသော “ထန်တလန် မြို့နယ်၊ ကုချကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပေးရန်နှင့် ပတ်သက်၍ မေးခွန်းပါ ထင်းရှူးသားနှင့်အခြားသစ်များအား သစ်ခွဲသားအဖြစ် ရယူရန် ရည်ရွယ်ချက်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလကုန်ထုတ်လမ်း ရည်ရွယ်ချက် နှင့်သွေဖည်ပြီး သဘာဝသစ်တော ကာကွယ်ထိန်းသိမ်းရေး အတွက်လည်း အနည်းနှင့်အများ ထိခိုက်ဆုံးရှုံးစေနိုင်ကြောင်း စိစစ်သုံးသပ်ရပါသည်။ သို့သော်လည်း ထန်တလန်မြို့နယ်၊ ကုချကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင် ရေးသက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ကုန်ထုတ်လမ်းဖော်ထုတ်ရမည့် ရည်ရွယ်ချက်များ နှင့် ကိုက်ညီမှုရှိကြောင်းနှင့် ဒေသခံပြည်သူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သတ်မှတ်ချက် အဆိုပြုလွှာပုံစံချက်နှင့်ကိုက်ညီအောင် ဖြည့်သွင်းပြီး စီမံကိန်းလျာထားချက်တွင် ပါဝင်အောင်ရေးဆွဲတင်ပြလာပါက ၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ်နောက်ပိုင်း သင့်တော်သည့် ဘဏ္ဍာ ရေးနှစ်တွင် ထည့်သွင်းတင်ပြတောင်းခံသွားမည်ဖြစ် ပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ ကြောင်ထီယားကျေးရွာအုပ်စု၊ ဖိုင်ခွါးမှ တောင်သူ(၂၁)ဦးတို့၏ လယ်ယာမြေအား ကောင်းမွန်စွာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်းတည်ဆောက် ပေးနိုင်ပါရန် အစီးအစဉ် ရှိ/မရှိ သိရှိလိုသောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်( ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ဖြစ်ပါတယ်… ထန်တလန်မြို့နယ်၊ကြောင်ထီယားကျေးရွာအုပ်စု၊ ဖိုင်ခွါးမှ တောင်သူ(၂၁)ဦးတို့သည် ထန်ဟောရ်နယ် တွင်လယ် မြေ(၃၄)ဧကအား ထွန်ယက်စိုက်ပျိုးနေသည်မှာ နှစ်ပေါင်း (၇၀)ကျော်ပြီဖြစ်ပါသည်။ ယင်းစပါး စိုက်ခင်းအတွက် လွန်ခဲ့သောနှစ်ပေါင်း(၄၀)ခန့်က တော်တော်ခိုင်ခံ့သော ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တည်ဆောက်သည့် ထန်ဟောရ်ချောင်းကို ပိတ်ပြီး ရေသွယ်သည့် ရေသွယ်မြောင်းရှိပါသည်။ ယင်းရေသွယ် မြောင်းနှင့် တာသည် နှစ်ကြာလာ သည်နှင့်အမျှ ပျက်စီးပြီး ချောင်းရေတိုက်စားမှု၊ မြောင်း ပြိုကျမှုများကြောင့် ယခုအချိန်မှာဆိုလျှင် ချောင်းရေသည် ရေမြောင်းထက် တော်တော်နက်နေပြီဖြစ်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် တောင်သူ(၂၁)ဦး၏ လယ်ယာမြေအား ကောင်းမွန်စွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဆည် မြောင်းတည်ဆောက်ပေးနိုင်ရန် အစီအစည်ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ် ပါသည်။ (ဓာတ်ပုံပူးတွဲ)
စဉ် | အမည် | စိုက်ဧက | မှတ်ချက် |
၁။ | ဦးချန်မှုန် | ၂.၀၀ ဧက | |
၂။ | ဦးလျန်ကျုံး | ၁.၀၀ ဧက | |
၃။ | ဒေါ်ဇအီယာန် | ၁.၀၀ ဧက | |
၄။ | ဦးဟရန်ကျင်း | ၂.၀၀ ဧက | |
၅။ | ဒေါ်ဇုန်းနှဲမ် | ၀.၅၀ ဧက | |
၆။ | ဦးတလွန်နောလ် | ၁.၀၀ ဧက | |
၇။ | ဦးထလာကမ် | ၂.၅၀ ဧက | |
၈။ | ဦးရမ်လျန် | ၁.၀၀ ဧက | |
၉။ | ဒေါ်တီလ်တလဲမ် | ၁.၅၀ ဧက | |
၁၀။ | ဦးရာလ်ဟရဲ | ၁.၀၀ ဧက | |
၁၁။ | ဦးရမ်ထန် | ၁.၀၀ ဧက | |
၁၂။ | ဦးထပ်ဒွင်း | ၁.၀၀ ဧက | |
၁၃။ | ဦးဗျက်မှုန် | ၂.၀၀ ဧက | |
၁၄။ | ဦးဖွန်ကမ် | ၀.၅၀ ဧက | |
၁၅။ | ဒေါ်မန်ငဲန် | ၂.၅၀ ဧက | |
၁၆။ | ဦးမန်တလိန်း | ၃.၀၀ ဧက | |
၁၇။ | ဦးအုပ်ကဲမ် | ၃.၅၀ ဧက | |
၁၈။ | ဦးဆန်အုပ် | ၂.၀၀ ဧက | |
၁၉။ | ဦးကျဲအိုကျုံး | ၃.၀၀ ဧက | |
၂၀။ | ဦးငွန်ကျဲအို | ၃.၀၀ ဧက | |
၂၁။ | ဦးရမ်ကုန် | ၁.၀၀ ဧက | |
စုစုပေါင်း | ၃၆.၀၀ ဧက |
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... လွှတ်တော်ကိုယ် စားလှယ်မှ မေးမြန်းသော “ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာအုပ်စု၊ ဖိုင်ခွါးကျေးရွာမှ တောင်သူ(၂၁)ဦး၏ လယ်ယာမြေအား ကောင်းမွန်စွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်း တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ / မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် (ပြည်နယ်ရန်ပုံငွေ) ဒေသန္တရစီမံ ကိန်းရည်မှန်းရန် အဆိုပြုချက်စာရင်းတွင် ထည့်သွင်းလျာထားပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
ဥက္ကဋ္ဌ။ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်မှ ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာအုပ်စု၊ ဖိုင်ခွါးကျေးရွာနားတွင် ရှိသော အန်းမှောင်လယ်ကွင်းတွင် ဖိုင်ခွါးနှင့် ကြောင်ထီးယားရွာသား တောင်သူ(၁၁)ဦးတို့၏ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းအတွက် အန်းမှောင်ချောင်းရေသွယ်မြောင်းအား တည်ဆောက်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောမေးခွန်းအား မေးမြန်းရန် ဖိတ်ခေါ် ပါတယ်...
ဒေါက်တာမှုထန်( ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ဖြစ်ပါတယ်… ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာအုပ်စု၊ ဖိုင်ခွါးကျေးရွာနားတွင်ရှိသော အန်းမှောင်လယ် ကွင်းတွင် ဖိုင်ခွါးနှင့် ကြောင်ထီးယားရွာသား တောင်သူ(၁၁)ဦးတို့သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါသည်။ ယင်းအတွက် အန်းမှောင်ချောင်းအား လျှိုပိတ်ပြီး ရေသွယ်ယူရပါ သည်။နှစ်ပေါင်း(၄၀)ကျော်ကြာပြီဖြစ်သော ယင်းအန်းမှောင် ချောင်းလျှိုပိတ် ရေသွယ်မြောင်းသည် ကာလရှည်ကြာတာ နှင့်အမျှ ချောင်းရေတိုက်စားမှုခံနေရသောကြောင့် ယခုချိန် အခါမှာ ယင်းချောင်းလျှိုပိတ် နေရာသည် (၅)ပေကျော်နက် နေပြီဖြစ်သည်။ ထို့ကြောင့် ယင်းအန်းမှောင်ချောင်းရေသွယ်မြောင်းအား တည်ဆောက်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါသည်။ (ဓါတ်ပုံနှင့်တောင်သူစာရင်းပူးတွဲ)
စဉ် | အမည် | လယ်ဧက | မှတ်ချက် |
၁။ | ဦးဆာခွဲ | ၁.၅၀ဧက | |
၂။ | ဦးဇုန်ဟဲ | ၁.၀၀ဧက | |
၃။ | ဦးတီလ်လိန်း | ၁.၅၀ဧက | |
၄။ | ဦးလျန်လို | ၂.၅၀ဧက | |
၅။ | ဦးမန်ကျုံး | ၂.၅၀ဧက | |
၆။ | ဦးငါးလိန်း | ၀.၅၀ဧက | |
၇။ | ဦးဇထောန် | ၂.၀၀ဧက | |
၈။ | ဦးဟွတ်လိန်း | ၂.၀၀ဧက | |
၉။ | ဦးရမ်လျန် | ၁.၀၀ဧက | |
၁၀။ | ဦးလှေလျန် | ၁.၀၀ဧက | |
၁၁။ | ဦးငွန်အုပ် | ၀.၅၀ဧက | |
စုစုပေါင်း | ၁၄.၅၀ဧက |
ဥက္ကဋ္ဌ။ ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်...
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... လွှတ်တော်ကိုယ် စားလှယ်မှ မေးမြန်းသော “ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာအုပ်စု၊ ဖိုင်ခွါးနှင့် ကြောင်ထီးယားရွာသား တောင်သူ(၁၁)ဦး တို့၏အန်းမှောင်လယ်ကွင်းအတွက် အန်းမှောင်ချောင်းရေ သွယ်မြောင်းအား တည်ဆောက်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ / မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် (ပြည်နယ်ရန်ပုံငွေ) ဒေသန္တရစီမံကိန်း ရည်မှန်းရန် အဆိုပြုချက်စာရင်းတွင် ထည့်သွင်း လျာထားပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
၈။ ချင်းပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်/ မြို့များအလိုက် မြေတန်ဘိုးနှင့် နှစ်စဉ်စည်းကြပ်သည့် မြေငှားရမ်းခနှုန်းထားများ အစိုးရအဖွဲ့မှ တင်သွင်းခြင်း။
ဥက္ကဋ္ဌ။ ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်/ မြို့များအလိုက် မြေတန်ဘိုးနှင့် နှစ်စဉ်စည်း ကြပ်သည့် မြေငှားရမ်းခနှုန်းထားများအားပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခြင်း အစီအစဉ်ဖြစ်ပါ တယ်...
ဥက္ကဋ္ဌ။ ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်/ မြို့များအလိုက် မြေတန်ဘိုးနှင့် နှစ်စဉ်စည်း ကြပ်သည့် မြေငှားရမ်းခနှုန်းထားများအား ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းရန် ဖိတ်ကြားပါတယ်..
ဦးမာန်ဟင်းဒါလ်း(စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးဦးမာန်ဟင်းဒါလ်းဖြစ်ပါတယ်... ချင်းပြည်နယ် အစိုးရအဖွဲ့(ကိုယ်စား) ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန် ကြီးဌာန၊ဝန်ကြီးတာဝန်ထမ်းဆောင်နေသူကျွန်တော်ဦးမန်ဟင်းဒါလ်းမှ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်/မြို့များအတွင်း မြေတန်ဖိုးနှင့် မြေငှားရမ်းခ များ ပြန်လည်သတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုအကျဉ်းချုပ်အား ချင်းပြည်နယ်လွှတ်တော်သို့ တင်ပြခွင့်ပြုပါရန် တင်ပြအပ်ပါတယ်..... ချင်းပြည်နယ်အတွင်းရှိ မြေငှားဂရန်အတွက် ပြည်နယ်ဘတ်ဂျက်သို့ ပေးသွင်းရမည့် မြေကွက်တန်ဖိုး နှင့်စပ်လျဉ်း၍ ခရိုင်(၃)ခရိုင်မှ မိမိခရိုင်များအတွင်းရှိ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်မှုအထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများမှ ညှိနှိုင်းပြီး (၆၀x၆၀)ပေ မြေကွက်ကာလပေါက်ဈေးဖြင့် တွက်ချက်တင်ပြမှုအပေါ် (၆.၆.၂၀၁၄)ရက်နေ့ (၀၈၀၀)နာရီအချိန် ကျင်းပပြုလုပ်သော ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၅/၂၀၁၄)ဆုံးဖြတ်ချက်(၁၆)အရ မြို့နယ်/မြို့ အလိုက်မြေကွက်များကို ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစားစသည့်ဖြင့် ခွဲခြားပြီး မြေငှားဂရန် အတွက် ပြည်နယ်ဘတ်ဂျက်သိုံ ပေးသွင်းရမည့် မြေတန်ဖိုးများကို သတ်မှတ်ခဲ့ကြောင်း ဦးစွာတင်ပြ လိုပါသည်။ ချင်းပြည်နယ်အတွင်း မြေငှားရမ်းခကောက်ခံမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)အရ မြေယာခွန်သည် ပြည်နယ်အစိုးရမှ ကောက်ခံရသည့် အခွန်ငွေဖြစ်ရာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတိုးတက် ရရှိရေးအတွက် မြို့မြေငှားရမ်းခများသည် ခေတ်ကာလနှင့် လျော်ညီပြီး အခွန်ထမ်းပြည်သူများ ထမ်းဆောင်နိုင်သည့် အခွန်ပမာဏဖြင့် မြေငှားရမ်းခများကို တိုးမြှင့်ကောက် ခံနိုင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့၏ (၆.၆.၂၀၁၄)ရက်နေ့ (၀၈၀၀)နာရီအချိန် ကျင်းပပြုလုပ်သော ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၅/၂၀၁၄)ဆုံးဖြတ်ချက် (၁၆)အရ သတ်မှတ်ခဲ့ သည့် မြေငှားဂရန်အတွက် ပြည်နယ်ဘတ်ဂျက်သို့ ပေးသွင်းရမည့် မြေကွက်တန်ဖိုးကို မြေကွက်ရောင်းဈေးအဖြစ်သတ်မှတ်ပြီး မြေကွက်ရောင်းဈေး၏ (၆%)အပေါ် တွက်ချက်ထားသော မြို့နယ်/မြို့အလိုက် မြို့မြေငှားရမ်းခများကို ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ အမှာစာပြုစု တင်ပြခဲ့ရာ(၃၀.၄.၂၀၁၅)ရက်နေ့ (၀၉၀၀)အချိန် ကျင်းပပြု လုပ်သော ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၅) ဆုံးဖြတ်ချက် (၂၂)အရ သဘောတူဆုံးဖြတ်ခဲ့သည့် မြို့နယ်/မြို့အလိုက် တိုးမြှင့်ကောက်ခံရမည့် မြေငှားရမ်းခအတိုင်း တိုးမြှင့်ကောက်ခံခဲ့ပါသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည့် မြေအသုံးချမှုစီမံခန့်ခွဲရေး ဆိုင်ရာညွှန်ကြားချက်တွင် ပါရှိသည့်အတိုင်း ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အလိုက်မြေတန်ဖိုး များအား ပြန်လည်ပြင်ဆင် သတ်မှတ်နိုင်ရေး အမိန့်ချမှတ်ပေးနိုင်ပါရန် ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးမှ ချင်းပြည်နယ်အစည်းအဝေးသို့ အမှာစာပြုစု တင်ပြမှုအပေါ် (၇.၉.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီအချိန် ကျင်းပပြုလုပ်သော ချင်းပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၁၈)ဆုံးဖြတ်ချက်အရ “ချင်းပြည်နယ်အတွင်းရှိ မြို့နယ်/ မြို့များအားလုံးတွင် မြေတန်ဖိုးသတ်မှတ်မှုအား ဖြစ်သင့်သည့်နှုန်းထား (စည်းကြပ်တန်ဖိုး၊ ကာလတန်ဖိုး)တို့ဖြင့် ပြန်လည် စိစစ်တင်ပြရန် " ချင်းပြည်နယ် အစိုးရအဖွဲ့၏ (၁၂.၉.၂၀၁၈) ရက်စွဲပါစာအမှတ်၊ ၃/၅ -၁၇ (၄)/ဦး၃ဖြင့် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ အကြောင်းကြားခဲ့ပါသည်။ ချင်းပြည်နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်များသို့ မိမိခရိုင်အတွင်းရှိ မြို့နယ်အလိုက် မြေတန်ဖိုးများနှင့် နှစ်စဉ်ကြီးကြပ်သည့် မြို့မြေငှားရမ်းခများ ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် မြေတန်ဖိုးသတ်မှတ် မှုအားဖြစ်သင့်သည့် နှုန်းထား(ကာလတန်ဖိုး၊ စည်းကြပ်တန်ဖိုး)တို့အား စိစစ်ပြီးတင်ပြရန် အကြောင်းကြားခဲ့ပါသည်။ ခရိုင်များ၏ တင်ပြချက်အပေါ် ချင်းပြည်နယ်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်း ဒေသအတွင်းရှိ မြို့နယ်များ၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များ၏ မြေတန်ဖိုး ကာလပေါက်ဈေးများနှင့် စည်းကြပ်သည့် မြေငှားရမ်းခများသည် ပိုမိုများပြားကြောင်း စိစစ်တွေ့ရှိ ရသည့်အတွက် ပထမတန်းစားမြေကွက်များအား မူလမြေတန်ဖိုးများထက် လျော့နည်းစေပြီး ၊ ဒုတိယ၊ တတိယတန်းစားမြေကွက်များအား မြို့နယ်/မြို့အလိုက် တူညီမျှတမှုရှိစေရန် တိုးမြှင့်၍ (၆၀x၆၀)ပေ မြေကွက်(၁)ကွက်လျှင် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေသို့ ပေးသွင်းရန် မူလမြေတန်ဖိုးနှင့် စည်းကြပ်သည့် မြေငှားရမ်းခပြင်ဆင် သတ်မှတ်လိုသည့် မြေတန်ဖိုးနှင့် မြေငှားရမ်းခနှုန်းထား နှိုင်းယှဉ်ပြဇယားဖြင့် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ အမှာစာပြုစုတင်ပြခဲ့ရာ (၂၂.၃.၂၀၁၉) ရက်နေ့ (၁၃၀၀) နာရီအချိန် ကျင်းပပြုလုပ်သော ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၅/၂၀၁၉) ဆုံးဖြတ်ချက်(၁၇)အရ “ပြင်ဆင်သည့် နှုန်းထားများအတိုင်း အတည်ပြုကြောင်းနှင့် ချင်းပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြသွားရန်" ဆုံးဖြတ်ခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်/မြို့များအလိုက် မြေတန်ဖိုးနှင့် နှစ်စဉ် စည်းကြပ်သည့် မြေငှားရမ်းခနှုန်းထားများအား ချင်းပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ (၂၆၀၄.၂၀၁၉) ရက်စွဲပါစာအမှတ်၊ ၃/၅ -၅၂ (၅)/ဦး ၅ဖြင့် ချင်းပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါတယ်။
ယခုတင်ပြသည့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်/ မြို့များအားလုံးတွင် မူလ(မြေတန်ဖိုး/ စည်းကြပ်သည့်နှုန်းထား) ပြင်ဆင်သည့် (မြေတန်ဖိုး၊ စည်းကြပ်သည့် နှုန်းထား)တို့အား လွှတ်တော် ကိုယ်စားလှယ်များထံသို့ အားလုံးဖြန့်ဝေပြီးဖြစ်သည့်အတွက် ချင်းပြည်နယ်အတွင်း မြို့နယ်/ မြို့ အလိုက် ပြန်လည်သတ်မှတ်သည့် မြေတန်းဘိုး/စည်းကြပ်နှုန်းထားများအား ကိုယ်စားလှယ်တော် ကြီးများအား အတည်ပြုပေးနိုင်ပါရန်နှင့် အတည်ပြုချက်ရရှိပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ ကျင့်သုံးဆောင်ရွက်နိုင်ရေး သတ်မှတ်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်ခင်ဗျား...
၉။ ချင်းပြည်နယ်အတွင်း ခွင့်ပြုချထားသော ယစ်မျိုးလိုင်စင်ကောက်ခံရန်အတွက် ဒေသနှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲမှုအား အစိုးရအဖွဲ့မှ တင်သွင်းခြင်း။
ဥက္ကဋ္ဌ။ ချင်းပြည်နယ်အတွင်း ခွင့်ပြုထားသော ယစ်မျိုးလိုင်စင်ကောက်ခံရန်အတွက် ဒေသနှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲမှုအား ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခြင်းအစီအစဉ်ဖြစ်ပါတယ်..
ဥက္ကဋ္ဌ။ ချင်းပြည်နယ်အတွင်း ခွင့်ပြုထားသော ယစ်မျိုးလိုင်စင်ကောက်ခံရန်အတွက် ဒေသနှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲမှုအား ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းရန် ဖိတ်ခေါ်ပါတယ်...
ဦးဝီကော(စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဝီကော ဖြစ်ပါတယ်…ချင်းပြည်နယ်အစိုးရအဖွဲ့(ကိုယ်စား)ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝီကောမှ ချင်းပြည်နယ်အတွင်းရှိမြို့နယ်/မြို့များအတွင်း ယစ်မျိုးလိုင်စင်ခွန် နှုန်းထားများ တိုးမြှင့်ကောက်ခံနိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုအကျဉ်းချုပ်အား လွှတ်တော်သို့ တင်ပြခွင့်ပြု နိုင်ပါရန်တင်ပြအပ်ပါတယ်....ယစ်မျိုးကိစ္စနှင့်စပ်လျဉ်း၍ ၁၉၁၇ခုနှစ်၊ မြန်မာနိုင်ငံတော်ယစ်မျိုး ဥပဒေပုဒ်မ ၁၂အရ မည်သူမဆိုလိုင်စင်မရှိဘဲ ယစ်မျိုးသက်ဝင်ပစ္စည်းများ စုဆောင်းခြင်း၊ ချက်လုပ် ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းများပြုလုပ်ခွင့်မရှိကြောင်း ပြဌာန်းထားရှိပြီး ဥပဒေပြဌာန်းချက်တွင် ယစ်မျိုးမင်းကြီး၊ တိုင်းမင်းကြီး၊ ကော်လိတ္တော်အရာရှိ၊ လက်ထောက်ကော် လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ၁၉၈၉ခုနှစ်မှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အပ်နှင်းထားရှိမှုအရ ယစ်မျိုးစီမံခန့်ခွဲရေးလုပ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယစ်မျိုးဆိုင်ရာစီမံခန့်ခွဲမှုများတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များအပြည့်အဝ ရရှိစေရန် လိုင်စင်ခွန်တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ ((Task Focce)ကို ဗဟိုအဆင့်၊ တိုင်း/ပြည်နယ်အဆင့်၊ ခရိုင်/မြို့နယ်အဆင့် ၊ ယစ်မျိုးလုပ်ငန်းစိစစ်ကြပ်မတ် ရေးအဖွဲ့ငယ်၊ သတင်းစုံစမ်းဖော်ထုတ်ရေးအဖွဲ့ငယ်နှင့် တားဆီးနှိမ်နင်းရေးအဖွဲ့ငယ်များကို မြို့နယ်များ၌ ဖွဲ့စည်းတာဝန်ပေးအပ်သွားရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၀.၄.၂၀.၄) ရက်စွဲပါစာအမှတ်၊ ပထရ/၂-၃(၅၁၉)/ထောက် ၁ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ လိပ်မူပြီး တိုင်း/ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ မိတ္တူပေးပို့ခဲ့ရာ ညွှန်ကြားချက်အတိုင်း ဖွဲ့စည်းဆောင် ရွက်ခဲ့ပါတယ်...ယစ်မျိုးလိုင်စင်ခွန်များတိုးမြှင့်ကောက်ခံ ရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့များ ဖွဲ့စည်းရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၏ (၁၁.၁၁.၂၀၁၁)ရက်စွဲ ပါစာအမှတ်၊ ပထရ/၂-၃/ထောက် ၁ဖြင့် ထုတ်ပြန်သော ညွှန်ကြား စာအရ ချင်းပြည်နယ်အစိုးရအဖွဲ့၏ (၆.၁၂.၂၀၁၁)ရက်စွဲပါ ရုံးမိန့်အမှတ်(၄၀/၂၀၁၁)ဖြင့် ပြည်နယ်/ ခရိုင်/ မြို့နယ်ခွဲအလိုက် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့များ ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်.... ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၆.၁၂.၂၀၁၁ရက်စွဲပါ ရုံးမိန့်အမှတ် (၄၀/၂၀၁၁)ဖြင့် ဖွဲ့စည်းသည့် ပြည်နယ်ယစ်မျိုးလိုင်စင်ခွန်များတိုးမြှင့်ကောက်ခံရေးနှင့် စိစစ် ကြပ်မတ်ရေးအဖွဲ့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ပြည်နယ်ရဲမှူး(ဦးစီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တွဲဖက်အတွင်းရေးမှူး အဖြစ်လည်း ကောင်း ပါဝင်ဖွဲ့စည်းခဲ့ပါတယ်.... ချင်းပြည်အတွင်း ယစ်မျိုးမူဝါဒဖြစ်သော “အရက်သေစာ သောက်စားခြင်း၊ အလေ့အထပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်၊ သေရည်သေရက်ဖြန့်ဖြူး ရောင်းချရာတွင် ပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်၊ သေရည်သေရက် ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင်ထုတ်လုပ်မှုမရှိစေဘဲ အရက်များပေါ်တွင် အခွန်ကြီးမြှင့်နိုင်သမျှ ကြီးမြှင့်ကောက်ခံရန်၊ မူးယစ်စေသော သေရည်သေရက်ရောင်းချခြင်းမှာ အခွန်ငွေရရှိစေရန်အလို့ငှာ အဓိကမဟုတ် ဘဲ၎င်းကို သောက်စားသုံးစွဲခြင်း ခေါင်းပါးစေရန် သေရည်သေရက်ရောင်းချခြင်းကို ကောက်ခံသည် ဟု အမြဲနှလုံးသွင်းရမည်”ဟု ပါရှိသည့်အတိုင်း ချင်းပြည်နယ်အတွင်း အရက်သေစာသောက်သုံး မှုလျော့ နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ယစ်မျိုးခွန်များကို တိုးမြှင့်ကောက်ခံနိုင်ရေး အတွက် ခရိုင်(၃)ခုသို့ သဘောထားတောင်းခံခဲ့ရာ ခရိုင်(၃)ခုမှ တင်ပြချက်အပေါ် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ယစ်မျိုးလိုင်စင်ခွန်နှုန်းထားများနှင့် နှိုင်းယှဉ်စိစစ်ရာတွင် ချင်းပြည်နယ်အတွင်းရှိ ယစ်မျိုးလိုင်စင်ခွန် နှုန်းထားသည် ပိုမိုနည်းပါးလွန်းကြောင်း စိစစ်တွေ့ရှိ ရပါသဖြင့် ပြည်နယ်ယစ်မျိုးခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ၁၁.၁.၂၀၁၉ရက်နေ့တွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(၅)အရ တိုးမြှင့်ကောက်ခံမည့် ယစ်မျိုးလိုင်စင်ခွန်နှုန်းထားများကို ချင်းပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၁၉)သို့ တင်ပြခဲ့ရာဆုံးဖြတ် ချက်(၁၈)အရ “ယစ်မျိုးလိုင်စင်ခွန်နှုန်းထားများအား တိုးမြှင့်ကောက်ခံသွားရန် အတည်ပြုကြောင်း နှင့် ချင်းပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြသွားရန်” ဆုံးဖြတ်ခဲ့ပါကြောင်း တင်ပြအပ်ပါ တယ်....၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်ယစ်မျိုးခွန်ဥပဒေအခန်း(၃)၊ ပုဒ်မ ၄တွင် “ပြည်နယ်အစိုးရသည် ဘဏ္ဍာရေးနှစ်အလိုက်ကောက်ခံရမည့် ယစ်မျိုးခွန်နှုန်းထားများကို တစ်နှစ်တစ်ကြိမ် အမိန့်ကြော်ငြာ စာထုတ်ပြန်သတ်မှတ်ရမည်”ဟု ပြဌာန်းထားရာပြင်ဆင်သတ်မှတ်သည့် ယစ်မျိုးလိုင်စင်ခွန်နှုန်းထား များအား ချင်းပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အမိန့်ကြော်ငြာ စာထုတ်ပြန်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၅.၄.၂၀၁၉ရက်စွဲပါစာအမှတ်၊ ၃/၅-၅၂(၂၆)/ဦး ၅ ဖြင့် ချင်းပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါတယ်ခင်ဗျား.. .ဥက္ကဋ္ဌကြီး ခင်ဗျား... ယခုတင်ပြသည့် ချင်းပြည်နယ်အတွင်း တိုးမြှင့်ကောက်ခံမည့် ယစ်မျိုးလိုင်စင်ခွန်နှုန်း ထားများအား လွှတ်တော်ကိုယ်စားလှယ်များထံသို့ အားလုံးဖြန့်ဝေပြီးဖြစ်သည့်အတွက် အသေးစိတ် ဖတ်ကြား တင်ပြခြင်းမပြုတော့ဘဲ ချင်းပြည်နယ်အတွင်း ပြင်ဆင်သတ်မှတ်သည့် ယစ်မျိုးလိုင်စင် ခွန်နှုန်းထားများအား အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါသည်ခင်ဗျား...
၁၀။ ချင်းပြည်နယ်စည်ပင်သာယာရေအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/ မြို့စည်ပင်သာယာရေးအ ဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေစာရင်းများကို စနစ်တကျသတ်မှတ်၍ အဆောက်အဦနှင့် မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးအမှုအလိုက် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံရေးအား တင်သွင်းခြင်း။
ဥက္ကဋ္ဌ။ ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/ မြို့စည်ပင်သာ ယာရေးအဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေစာရင်းများကို စနစ်တကျ သတ်မှတ်၍ အဆောက်အဦနှင့်မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးအမှု အလိုက် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံရေးအား တင်သွင်းခြင်း အစီအစဉ်ဖြစ်ပါတယ်...
ဥက္ကဋ္ဌ။ ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/ မြို့စည်ပင်သာ ယာရေးအဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေစာရင်းများကို စနစ်တကျ သတ်မှတ်၍ အဆောက်အဦနှင့်မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးအမှု အလိုက် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံရေးအား ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းရန် ဖိတ်ကြားအပ်ပါ တယ်...
ဦးစိုးထက်(စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား...ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးထက်ဖြစ်ပါတယ်... ချင်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ချင်းပြည်နယ်ရှိ မြို့နယ်/ မြို့(၂၀)မြို့အနက် (၉)မြို့နယ်နှင့် မြို့(၉)မြို့ စုစုပေါင်းမြို့(၁၅)မြို့ ရှိ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပစ္စည်းအခွန်နှုန်းထားပြင်ဆင်သတ်မှတ်မှုအား အတည်ပြု ပြန်လည်သတ်မှတ်နိုင်ရေး ချင်းပြည်နယ်လွှတ်တော်သို့ တင်ပြသွားမှာဖြစ်ပါတယ်...ချင်းပြည်နယ် အတွင်း မြေတန်ဖိုးနှင့် မြေငှားရမ်းခများ ပြန်လည်သတ်မှတ်ပေးရန် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးမှလည်း ချင်းပြည်နယ်လွှတ်တော်သို့ တင်ပြပြီးဖြစ်ပါတယ်... မိမိတို့ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အနေနှင့်လည်း ခေတ်ကာလနှင့်ကိုက်ညီသည့် ပစ္စည်းအ ခွန်နှုန်းထားများကို မြို့နယ်/မြို့များတွင် ကောက်ခံနိုင်ရေးအတွက် သင့်တင့်မျှတသည့် နှုန်းထားများ သတ်မှတ်ကာ ပြည်နယ်ရန်ပုံငွေနှင့် အခွန်အခတိုးမြှင့်ရရှိရေးကောက်ခံရန် လွှတ်တော်သို့ တင်ပြရ ခြင်းဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပစ္စည်းခွန်(၄)မျိုးလျာထားချက်မှာ ကျပ်၁၆၅၃၁၆ဝဝဝိ/-ဖြစ်ပြီး အမှန်ကောက်ခံရရှိငွေမှာ ကျပ်၂၆၂၇၇၂ဝဝဝိ/-ရရှိခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုလျာထားငွေမှာ ကျပ်၅ဝ၅၁၂၆၇ဝဝိ/-ဖြစ်ပါသဖြင့် ပိုမို၍ ကျပ်၃၃၉၈၁ဝ၇ဝဝိ/-ရရှိမှာဖြစ်ပါသည်။ အမှန်ကောက်ခံရရှိမည့် ပစ္စည်းခွန်မှာ ပိုမိုရရှိမှာဖြစ်ပါတယ် လို့ မျှော်မှန်းထားပါတယ်ခင်ဗျား...
လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား...ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေး အတွက် အိမ်ခြေစာရင်းများကို အမှတ်ပေးစည်းမျဉ်းစနစ်တကျသတ်မှတ်၍ အဆောက်အဦနှင့် မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးမှုအလိုက် ပစ္စည်းခွန်းတိုးမြှင့်ကောက် ခံနိုင်ရေး မြို့နယ်/မြို့(၁၅)မြို့ရှိ ပြည်သူလူထုထံ ချပြရှင်းလင်းခြင်း သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်ရယူခြင်း သက်ဆိုင်ရာမြို့နယ်/ မြို့ အုပ်ချုပ်ရေးမှူးများ ၏ သဘောထားမှတ်ချက် ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လက်ဝယ်လည်း အသေးစိတ်နှုန်းထားဇယားများ ပေးပို့ပြီးဖြစ်ပါသည်။ ပစ္စည်းခွန်နှုန်းထားများအား ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ ပြင်ဆင်ကောက်ခံခွင့်ပြုရန် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ တင်ပြမှုကို (၁၁.၁၂.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၂၀/၂၀၁၉ ဆုံးဖြတ်ချက်အမှတ် ၂၆ အရ “အခွန်နှုန်း ထားပြင်ဆင်ကောက်ခံမှုအား အတည်ပြုကြောင်းနှင့် ပြည်နယ်လွှတ်တော်သို့ ပေးပို့သွားရန်” သဘောတူ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ သို့ပါ၍ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးသို့ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ ရက်စွဲပါစာအမှတ် ၄/၁၀-၅(၇) /ဦးဖြင့် ပေးပို့ပြီးဖြစ်၍ မှတ်တမ်းတင်အတည်ပြုပေးနိုင်ပါရန် ပြည်နယ်အစိုးရအဖွဲ့(ကိုယ်စား) ချင်းပြည်နယ်လွှတ်တော်သို့ လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား... ကျေးဇူးတင်ပါတယ်...
၁၁။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အဆိုတင်သွင်းခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…. ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း(၁၂)၊ နည်းဥပဒေ(၁၁၆)အရ အဆိုတင်သွင်းရန် အစီအစဉ် ဖြစ်ပါတယ်...
ယနေ့ကျင်းပပြုလုပ်တဲ့ အစည်းအဝေးပထမနေ့တွင် နည်းဥပဒေ ၁၂၅(ခ)နှင့်အညီ အခမ်း အနားအစီအစဉ်တွင် မိမိအမည်နှင့်ယှဉ်တွဲ၍ ဖော်ပြထားသောအမှတ်စဉ်အတိုင်း အဆိုများကို တင်သွင်းကြရန်ဖြစ်ပါတယ်…
ဥက္ကဋ္ဌ။ ပထမဦးစွာ... ချင်းပြည်နယ် (၆)မြို့နယ်တွင် တိုင်းရင်းသား ဘာသာစကား (၄)မျိုးသင် ကြားရန် လွှတ်တော်နှင့် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်မှုအား အမြန်ဆုံးပုံနှိပ်ဖြန့်ဖြူးပေးနိုင်ပါရန် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသော အဆိုအား တင်သွင်းရန် ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်းအား ဖိတ်ခေါ်ပါတယ်...
ဦးဗန်ထောင်း(ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။ လေးစားအပ်ပါသောလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား... ကျွန်တော်ကတော့ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်းဖြစ်ပါတယ်... ချင်းပြည်နယ် မြို့နယ်အသီးသီးတွင် မိမိမြို့နယ်သို့မဟုတ် မျိုးနွယ်စုအလိုက် ပြောဆိုကြသည့် တိုင်းရင်းဘာ သာစကားအမျိုးမျိုးကို ပြောဆိုကြလျက်ရှိပါသည်။ ထိုတိုင်းရင်းဘာသာစကားများစွာအနက် အများဆုံးပြောဆို ကြသည့်ဘာသာစကားကို မြို့နယ်အတွင်းရှိဘုံဘာသာစကားအဖြစ် သင်ယူစေခြင်း ဖြင့် ဘာသာစကားမြောက်များစွာ ပြောဆိုခြင်းမှ အထိုက်အလျှောက်ကင်းဝေးစေရန်၊ ချင်းလူမျိုးခေါင်း ဆောင်များ၊ ရပ်မိရပ်ဖများ၊ ပညာတတ်လူ့အဖွဲ့အစည်းများမှ ဆန္ဒပြင်းပြစွာ လိုလားလျက်ရှိကြပါသည်။ ထိုသို့သော အခြေအနေအရ၊ ချင်းပြည်နယ်အတွင်း အများဘာသာစကား(၅)မျိုး (သို့မဟုတ်) (၆)မျိုးခန့်သာ တိုင်းရင်းဘာသာစကားအဖြစ် သတ်မှတ်သင်ကြားရန် လွှတ်တော်နှင့် အစိုးရအဖွဲ့မှစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာမှတ်သားသိရှိရပါသည်။
ထိုကဲ့သို့ စီစဉ်ဆောင်ရွက်ကြရာတွင် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များက ဇိုလိုင်(ကမ်ဟောက်) ဘာသာစကားကို သင်ကြားရန်လည်းကောင်း၊ ဖလမ်းမြို့နယ်အနေဖြင့် လိုင်ဇိုးဘာသာစကားကို သင်ကြားရန်လည်းကောင်း၊ ဟားခါးနှင့်ထန်တလန်မြို့နယ်များက လိုင်(ဟားခါး) ဘာသာစကားကိုသင်ကြားရန်လည်းကောင်း၊ ပလက်ဝမြို့နယ် အနေဖြင့် ခူမီးဘာသာစကားကို သင်ကြားစေရန်လည်း ကောင်း၊ သတ်မှတ်ထားရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ ထိုဘာသာစကားများကို သင်ကြားနိုင်ရန် ပြဋ္ဌာန်းထားသော စာအုပ်များ ပုံနှိပ်ထုတ်ဝေဖြန့်ဖြူးရန် အရေးတကြီးလိုအပ်လျက်ရှိပါသည်။
ဥက္ကဋ္ဌကြီးခင်ဗျား...သို့ဖြစ်ပါ၍ ဒေသအလိုက်သင်ကြားရန် သတ်မှတ်ထားပြီးဖြစ်သော အထက် ဖော်ပြပါ တိုင်းရင်းဘာသာ(၄)မျိုးအား အမြန်ဆုံး ပုံနှိပ်ဖြန့်ဖြူးပေးနိုင်ပါရန် ချင်းပြည်နယ်အစိုးရအား လေးစားစွာ တိုက်တွန်းအပ်ပါသည်။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်း၏အဆိုကို ထောက်ခံသူကိုယ်စား လှယ်များရှိပါက ထောက်ခံရန် ဖိတ်ခေါ်ပါတယ်...
ဒေါက်တာမှုထန်(မင်းတပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်- ၂)။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား... ကျွန်တော်ကတော့ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမှုထန်ဖြစ်ပါတယ်... ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်း၏အဆိုကို လေးလေးနက်နက်ထောက်ခံပါတယ် ခင်ဗျား...
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…. ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဗန်ထောင်းမှ တင်သွင်းသောအဆိုကို ထန်တလန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမှုထန်က ထောက်ခံသဖြင့် လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒရယူရမှာ ဖြစ်ပါတယ်...
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….. ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်းမှ တင်သွင်းသောအဆိုကို လက်ခံ ဆွေးနွေးရန် အားလုံးသဘောတူပါသလားခင်ဗျား... အားလုံးသဘောတူပါသလားခင်ဗျား... အားလုံး သဘောတူပါသလားခင်ဗျား...
(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တညီတညွတ်တည်း ဆန္ဒပြုကြပါသည်။)
သဘောမတူသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ရှိပါသလားခင်ဗျား...(၃)ကြိမ်
(လွှတ်တော်ကိုယ်စားလှယ်များမှ သဘောမတူသူမရှိကြောင်း ငြိမ်သက်လျက် ဆန္ဒပြုကြပါသည်။)
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…..ထန်တလန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်းမှ တင်သွင်းသည့်အဆိုကို လွှတ်တော်၌ ဆွေးနွေးရန် အားလုံးသဘောတူသည့်အတွက် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ လွှတ်တော် အစည်းအဝေး(ဒုတိယနေ့)တွင် ဆွေးနွေးမည်ဖြစ်သဖြင့် အဆိုကို ဆွေးနွေးလိုသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ ညနေ (၁၈:၀၀)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံသို့ အမည်စာရင်း ပေးသွင်းရန်ဖြစ်ပါတယ်...
၁၁။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့) နေ့ရက်/ အချိန် ကြေညာခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့) ရပ်နားမည်ဖြစ်ပါတယ်...
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၃၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား...
( လက်ခုပ်ဩဘာသံများ )
အခမ်းအနားမှူး။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွါပါက အခန်းတွင်းရှိပုဂ္ဂိုလ်များ အားလုံး မတ်တပ်ရပ်ပေးကြပါရန် ဖြစ်ပါတယ်… ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွါပါပြီခင်ဗျား...