post-featured-image

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)

၁။      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပခြင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နေရာယူခြင်း။

          ချင်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ်ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၃၁)ရက် (အင်္ဂါနေ့) နံနက်(၁ဝး၀၀)နာရီအချိန်၌ စတင်ကျင်းပပါသည်။

          (အစည်းအဝေးအခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဦးက ဆောင်ရွက်ပါသည်။)

၂။      ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်း။

အခမ်းအနားမှူး။  ပြည်နယ်လွှတ်တော်ကိုယ်စားလှ‌ယ်များခင်ဗျား…ယခုချိန်ကစပြီး ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) အစီအစဉ် စတင်တော့မှာ ဖြစ်တဲ့အတွက် နေရာယူပေးကြပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျား… (၃)ကြိမ်

အခမ်းအနားမှူး။       ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ရောက်ရှိလာပါပြီခင်ဗျား…

ဥက္ကဋ္ဌ။           အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး         အားလုံးထိုင်နိုင်ပါပြီခင်ဗျား။

၃။      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခြင်း။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေများ အခန်း၆၊ နည်းဥပဒေ(၃၄)၊ နည်းဥပဒေ ခွဲ(ခ)တွင် လွှတ်တော် သက်တမ်းတစ်ခုအတွင်းကျင်းပသော လွှတ်တော်အစည်းအဝေး တစ်ရပ်ရပ်၏ ပထမနေ့တိုင်း၌ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေတက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။ အစည်းအဝေးအထ မြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံတစ်ပုံ တက်ရောက်လျှင် အစည်းအဝေးများ အထမြောက်သည်ဟု ဖော်ပြပါရှိပါတယ်၊ ယခုအစည်းအဝေး တက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦးအနက်(၂၂)ဦး တက်ရောက်ပြီး၊ ရာခိုင်နှုန်းအားဖြင့် (၉၁.၆၇%) ရာခိုင်နှုန်းတက် ရောက်တဲ့အတွက် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာအပ်ပါတယ် ခင်ဗျား….

(လက်ခုပ်ဩဘာသံများ…)

၄။      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစီအစဉ်ကြေညာခြင်း။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေအခန်း(၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ခ)အရ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစီအစဉ်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးပြီးဖြစ်ပါတယ်…

၅။      အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန် ကြားခြင်း။

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ် လွှတ်တော် ဆိုင်ရာနည်းဥပဒေအခန်း (၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ် (၁)အရ ခွင့်ပန်ကြားလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်သည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအတွက် အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကသော်လည်းကောင်း ခွင့်ပန်ကြားရမှာ ဖြစ်ပါတယ်… ဒီကနေ့ အစည်းအဝေးမတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ ခွင့်ပန်ကြားဖို့ဖြစ်ပါတယ်…

(ခွင့်ပန်ကြားသူမရှိပါ)

၆။      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့ ) တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း။

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေအခန်း(၂)၊ နည်းဥပဒေ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲ ငယ်(၂)အရ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦး၊ ယခင်ခွင့်ပန်ကြားသဖြင့် လွှတ်တော်က ခွင့်ပြုသူ(၂)၊ ယနေ့ခွင့်ပန်ကြားသူ(၂)ဦးနှင့် ခွင့်မဲ့ပျက်ကွက်သူ(-)(မရှိကြောင်း)ကို တင်ပြပါတယ်…

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ဒီကနေ့ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)သို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦးအနက် (၂၂)ဦးတက်ရောက်ပြီး ရာခိုင်နှုန်းအားဖြင့် (၉၁.၆၇%)ရာခိုင်နှုန်းတက်ရောက်ပါတယ်။ ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း(၂)၊ နည်းဥပဒေ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ် (၂)အရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို ပြည်နယ်လွှတ်တော်၏ အတည်ပြု ချက်ရယူရန် ဖြစ်ပါတယ်…

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ယနေ့အစည်းအဝေး တက်ရောက်မှု အခြေအနေကို အတည်ပြုရန် အားလုံးသဘောတူပါသလားခင်ဗျား…(၃)ကြိမ်

(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုကြပါသည်။)

သဘောမတူသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါသလား…(၃)ကြိမ်

(သဘောမတူသူမရှိကြောင်း တိတ်ဆိတ်စွာဖြင့် ဆန္ဒပြုကြပါသည်။)

ဥက္ကဋ္ဌ။          လွှတ်တော်ကိုယ်စားလှယ်အားလုံးက အတည်ပြုရန်သဘောတူတဲ့အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်မှ အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…

(လက်ခုပ်ဩဘာသံများ…)

။      ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများကို မေးမြန်းခြင်းနှင့် မေးခွန်းများအား သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း။

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၉၇ တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်တွင် မေးခွန်းမေးမြန်းလိုလျှင် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ လွှတ်တော်အစည်းအဝေး မစတင်မီ အနည်းဆုံး (၁၀)ရက် ကြိုတင်၍ မေးခွန်းများကို လက်မှတ်ရေးထိုးပြီး မေးခွန်းမေး မြန်းလိုကြောင်း အကြောင်းကြားစာနှင့်အတူ ပေးပို့ရမည်။ သို့ရာတွင် အရေးကြီးကိစ္စနှင့် သက်ဆိုင်သော မေးခွန်းကို ကန့်သတ်ထားသော (၁၀)ရက်အတွင်း ဖြေဆိုရန် ဖြေကြားမည့် သက်ဆိုင်ရာပုဂ္ဂိုလ်က သဘောတူ ကြောင်း ပြန်ကြားလာလျှင် ဖြေဆိုရန် သတ်မှတ်သောနေ့တွင် ဥက္ကဋ္ဌကမေးမြန်းခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားပြီး နည်းဥပဒေ ၁၀၅၊ နည်းဥပဒေခွဲ(ဂ)တွင် လွှတ်တော်ကိုယ်စားလှယ်များသည် မေးခွန်း စာရင်းတွင် မိမိအမည်နှင့် ယှဉ်တွဲ၍ ပြထားသော အမှတ်စဉ်ကို ပြောကြားခြင်းဖြင့် ကြယ်ပွင့်ပြ ထားသော မေးခွန်းကို မေးမြန်းရမည်ဟု ပြဌာန်းပါသည်။ ဒါကြောင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းခြင်းနှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ဖြေကြား ဖို့ဖြစ်ပါတယ်…

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၇ နှင့်အညီ သတ်မှတ်ကာလအတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄)ဦးမှ မေးခွန်း(၅)ခု မေးမြန်းခြင်းအား ခွင့်ပြုထားပါတယ်… ယနေ့ကျင်းပပြုလုပ်တဲ့ (ပထမနေ့)၌ နည်း ဥပဒေ ၁၀၅ နည်းဥပဒေခွဲ (ဂ)နှင့်အညီ  အခမ်းအနားအစီအစဉ်တွင် မိမိအမည်နှင့် ယှဉ်တွဲ၍ ဖော်ပြ ထားသော အမှတ်စဉ်အတိုင်း မေးခွန်းမေးမြန်းရန် ဖြစ်ပါ တယ်…

ဥက္ကဋ္ဌ။           ပထမဦးစွာ….. မွာလ်ဘင်းကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံသို့ အဆင့်တိုး မြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း သိရှိ လိုသော မေးခွန်းအား မေးမြန်းရန် တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့်အား ဖိတ်ခေါ်ပါတယ်……

ဦးဆွန်ဒုတ်ကျင့်(တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။         လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌ ကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….. ကျွန်တော်ကတော့ တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဆွန်ဒုတ်ကျင့်ဖြစ်ပါတယ်……      တီးတိန်မြို့နယ်၊ မွာလ်ဘင်းကျေးရွာ၊ ကျေးလက် ကျန်းမာရေးဌာနခွဲကို(၁.၉.၁၉၆၂)ရက်နေ့တွင် ဖွင့်လှစ်ပြီး (၂၀.၆.၁၉၇၅)ရက်နေ့တွင် ကျန်းမားရေးဌာနအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ မွာလ်ဘင်းကျန်းမာရေးဌာနသည် အနီးဆုံးထုတ်လိုင်တိုက်နယ်ဆေးရုံနှင့် မိုင် (၃၀)ကွာ ဝေးပြီး၊ အရေးကြီးလူနာများပို့ဆောင်ရာတွင် များစွာအခက်အခဲဖြစ်ပါသည်။ မြို့နယ်ပြည်သူ့ဆေးရုံနှင့်လည်း မိုင်(၂၀)ကွာဝေးပါသည်။ မွာလ်ဘင်းကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနအောက်တွင် အိမ်ခြေ (၇၉၈)၊ လူဦးရေ(၃၈၇၆) ရှိပါသည်။ မွလ်ဘင်းကျေးလက်ကျန်းမာရေးဌာနသည် ဟေလေး ကျန်းမာရေးဌာန၊ ဆွောင်းပီးကျန်းမာရေးဌာနနှင့် ဗန်တဲ့ ကျန်းမာရေးဌာနတို့၏ အလယ်ဗဟို၌ရှိပြီး၊ အဆိုပါကျန်း မာရေးဌာနများသို့ အချိန်မရွေးကားဖြင့် ဆက်သွယ်သွားလာနိုင်ပါသည်။ မွာလ်ဘင်း ကျန်းမာရေးဌာနအား တိုက် နယ်ဆေးရုံသို့ အဆင့်တိုးမြှင့်နိုင်ပါက ဟေလေးကျန်းမာရေးဌာန အောက်ရှိ လူဦးရေ (၃၈၃၅)၊ အိမ်ခြေ (၅၆၂)၊ ဆွောင်းပီးကျန်းမာရေးဌာနအောက်ရှိ လူဦးရေ (၅၃၅၃)၊ အိမ်ခြေ (၉၈၇)၊  စုစုပေါင်းလူဦးရေ (၁၈၉၈၈)၊  အိမ်ခြေ  (၂၉၉၃) တို့ကိုပါ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ပေးသွားနိုင်မှာဖြစ်ပါသည်။ ထို့ပြင် မွာလ်ဘင်းကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံသို့တိုးမြှင့်ဖွင့်လှစ်ပေးပါက ၎င်းကျေးရွာအနီးရှိ တီးတိန်မြို့နယ်ပြည်သူလူထု များအပြင်မွာလ်ဘင်းကျေးရွာသည် တီးတိန်နှင့် ဖလမ်းနယ်စပ်တွင် ရှိနေပါသဖြင့် ဖလမ်းမြို့နယ် အတွင်းရှိကျေးရွာအချို့မှပြည်သူလူထု များကပါ ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားရမည် ဖြစ်ပါသည်။ ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာနမှူးရုံး၏ ၆.၉.၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ပကသ/ စီမံ-တီထွင် (၁၁၀၄) ၁၈ ဖြင့် မိမိမြို့နယ်အတွင်း တိုးမြှင့်ပေးစေလိုသော တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဦးစားပေးတန်းစီဇယားရေးဆွဲရန်အကြောင်း ကြားသဖြင့် တီးတိန်မြို့နယ်ဆေးရုံအုပ်ကြီးနှင့် တီးတိန်မြို့နယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးပူထန်ဒိတ်ခုတ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့်တို့ အကျေအလည် ညှိနှိုင်းဆွေးနွေးပြီး မွာလ်ဘင်းကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံသို့လည်း ကောင်း၊ ဖူနွမ်းကျန်းမာရေး ဌာနခွဲအား  ကျန်းမာရေးဌာနသို့လည်းကောင်း၊  ဘွင်လီကျေးရွာ ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန်လည်းကောင်းဆုံးဖြတ်ခဲ့ပြီး၊ တီးတိန်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန ရုံး၏ ၁၃.၉.၂၀၁၈ရက်စွဲပါစာအမှတ်၊၁၄၀၂/ အသထဖြင့် ပြည်နယ် ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီး ဌာနမှူးရုံးသို့ ထောက်ခံ တင်ပြခဲ့ပြီးဖြစ်ပါသည်။(မိတ္တူမှန် ပူးတွဲပါသည်။) ပြည်နယ်ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာနမှူးရုံး၊ ဟားခါးမြို့အနေဖြင့်လည်း၊ ယင်း၏ ၁၅.၂.၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ကုသ (ချင်း) စီမံ/ တီထွင် (၃၆၉) ၁၉ စာဖြင့် မွာလ်ဘင်းကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဆင့် သို့တိုးမြှင့်ဖွင့်လှစ်ပေးသင့်ကြောင်း၊ ညွှန်ကြားရေးမှူးချုပ် ကုသရေးဦးစီးဌာန၊ ရုံးအမှတ်(၄) နေပြည်တော်သို့ ထောက်ခံ တင်ပြခဲ့ပြီးဖြစ်ပါသည်။(မိတ္တူမှန် ပူးတွဲပါသည်။) သို့ဖြစ်ပါ၍ မွာလ်ဘင်းကျေးလက်ကျန်းမာရေးဌာန နယ်မြေအတွင်းရှိ မိဘပြည်သူများ၏ ကိုယ်စားလွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းလိုပါသည် –

      (က) မွာလ်ဘင်းကျန်းမာရေးဌာနအား တိုက်နယ်ဆေး ရုံသို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ / မရှိ၊

      ( ခ) အစီအစဉ်ရှိပါက   မည်သည့်အချိန်၊  မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း မေးမြန်း သိရှိလိုပါသည်။ ချင်းပြည်နယ်တီးတိန်မြို့နယ်၊ မွာလ်ဘင်းကျေးရွာဆုပ်လွှီး (Suklui)ချောင်းရေအားလျှပ်စစ်စက်ရုံ ရေသွယ်မြောင်း (၂´×၂´×၇၀၀´)တည်ဆောက်ရေးလုပ်ငန်း အတွက် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် လျှပ်စစ်ဓာတ်အားလုပ်ငန်း၏  ပြည်နယ်ရန်ပုံငွေ ကျပ်(၁၆၀.၀၀၀) သန်းဖြင့် ရွှေတောင်ဇလပ်မြေဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်ကတင်ဒါအောင်မြင်၍ တည်ဆောက်ခဲ့ပါ သည်။ သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်းပြီးစီးမှုမရှိ သဖြင့် သက်ဆိုင်ရာမိဘပြည်သူများ၏ တင်ပြချက်အရ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊  မဲဆန္ဒနယ်အမှတ်(၂)မှ   ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့်မှ ချင်းပြည်နယ်လွှတ်တော် ဒသမအကြိမ်ပုံမှန်အစည်းအဝေး ပထမနေ့ တွင်တည်ဆောက်ရေးလုပ်ငန်းများကိုမည်သည့် နေ့ရက်တွင်ပြီးစီးမည်ဖြစ်ကြောင်း (ကြယ်ပွင့်ပြ မေးခွန်း) ဖြင့်မေးမြန်းခဲ့ရာ တည်ဆောက်ရေးလုပ်ငန်းအား(၉၇%) ပြီးစီးပြီးဖြစ်ကြောင်း (၃၀.၁၀.၂၀၁၇)ရက်နေ့တွင် လုပ်ငန်းအပြီးဆောင်ရွက်ရန် ကုမ္ပဏီနှင့် နှစ်ဦးသဘောတူစာချုပ်ချုပ်ဆို ပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၊စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ဖြေကြားခဲ့ပါသည်။ သက်ဆိုင်ရာဝန်ကြီးမှ (၃၀.၁၀.၂၀၁၇)ရက်နေ့တွင် ပြီးစီးရန် လွှတ်တော်၌ ကတိကဝတ်ပြုခဲ့သော်လည်း (၁၄.၈.၂၀၁၈)နေ့အထိ လုပ်ငန်းပြီးစီးမှုမရှိသေးသဖြင့် နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့်မှ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၁၅) ကြိမ်မြောက် (ပထမ)နေ့တွင်တည်ဆောက်ရေးလုပ်ငန်းအား မည်သည့်နေ့ရက်တွင် မီးလင်းရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိကျသော အဖြေပေးရန်(ကြယ်ပွင့်ပြမေးခွန်း)ဖြင့် ထပ်မံမေးမြန်းခဲ့ ရာ၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်မှ တီးတိန်မြို့နယ်၊   မွာလ်ဘင်းကျေးရွာနေ မိဘပြည်သူများအတွက် ဆုပ်လွှီး(Suklui)ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားရရှိရေး အတွက်    ဆောင်ရွက်ရန် ကျန်ရှိသောလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၁၁ကေဗွီလိုင်း၊ ၁၁/၀.၄ ကေဗွီထရန်စဖော်မာနှင့် (၄၀၀)ဗို့အားလိုင်းများ  တည်ဆောက်ခြင်းကို အပြီး သတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၂၀၁၉ခုနှစ်၊ ဇွန်လကုန်တွင် လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ကြောင်း ကတိပြုဖြေကြားခဲ့ပြန်ပါသည်။၂၀၁၉ခုနှစ်၊ ဇွန်လကုန်တွင်လည်း လျှပ်စစ်ဓာတ်အား ရရှိခြင်းမရှိသဖြင့်    နယ်မြေခံလွှတ်တော်ကိုယ်စားလှယ် ဦးဆွန်ဒုတ်ကျင့်ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးခဲ့ရာ(၄၀၀) ဗို့ဓာတ်အားလိုင်းများ တည်ဆောက်ရန်နှင့် မွာလ်ဘင်းကျေးရွာ  အနောက်ပိုင်း နေရာများတွင်လျှပ်စစ်ဓာတ်တိုင်များ   စိုက်ထူရန်ကျန်ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

      နိုင်ငံတော်အစိုးရမှလည်း လုံလောက်သောရန်ပုံငွေများ ခွဲဝေချပေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ  ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ(၄)နှစ်တိတိ ကြာမြင့် ခဲ့ပြီးဖြစ်ပါသည်။ သက်ဆိုင်ရာဝန်ကြီးအသီးသီးမှလည်း လုပ်ငန်းပြီးစီးမည့်နေ့ရက်ကို ကတိကဝတ်ပြုခဲ့ကြပြီးဖြစ်သော်လည်း ယနေ့အထိ လုပ်ငန်းပြီးစီးမှု၊ မီးလင်းမှု မရှိသေးပါ။ သက်ဆိုင်ရာအောက်ခြေ( မြို့နယ်အဆင့် ) တွင်လည်း လုပ်ငန်းအပေါ် အာရုံစိုက်မှု၊ အားထုတ်မှုအားနည်းနေသည်ဟု ယူဆသုံးသပ်မိပါသည်။သို့ဖြစ်ပါ၍ လျှပ်စစ်မီးအလင်း ကို မျှော်လင့်စောင့်စားနေကြသော ကျေးရွာလူထု၏တင်ပြချက်အရ  လွှတ်တော်ဥက္ကဌကြီးမှ တဆင့် အောက်ပါကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းလိုပါသည်။

(က) ဝန်ကြီးမှ ၂၀၁၉ခုနှစ်၊ ဇွန်လကုန်တွင် လျှပ်စစ်  

        ဓာတ်အားရရှိရန်   ကတိကဝတ်ပြုခဲ့သော်လည်း ယနေ့အထိ ဓာတ်အားရရှိခြင်းမရှိသေးသ ဖြင့် မည်သူ့တွင်တာဝန်ရှိကြောင်း၊ မည်သည့်အတွက် မရရှိနိုင်ကြောင်း စုံစမ်းစစ်ဆေးမှု အရေးယူ ဆောင်ရွက်မှု ရှိ/မရှိ၊

(ခ)  အရေးယူဆောင်ရွက်မှုရှိပါက မည်ကဲ့သို့အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊

     (ဂ)   သတ်မှတ်ရက်အတွင်းပြီးစီးရန် ခရိုင်၊ပြည်နယ် အဆင့်ဆင့်မှ တိကျသော ညွှန်ကြားမှု ရှိ/မရှိ၊

     (ဃ) ဝန်ကြီးဌာန၏ နှောင့်နှေးကြန့်ကြာသော တည် ဆောက်ရေးလုပ်ငန်းအပေါ် ချင်းအစိုးရ အဖွဲ့မှ ညွှန်ကြားမှု၊ ကြပ်မတ်ဆောင်ရွက်မှု ရှိ/မရှိ၊

     (င) ရှိပါကမည်ကဲ့သို့ ညွှန်ကြားပြီး မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း၊

     (စ)  မီးလင်းရေးကို မျှော်လင့်စောင့်စားနေကြသော ကျေးရွာရှိ ပြည်သူများအတွက် မည်သည့်  နေ့ ရက်တွင်လုပ်ငန်းပြီးစီးပြီးလျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ကြောင်းကို တိကျသောအဖြေကို သိရှိလိုပါသည်။

ဥက္ကဋ္ဌ။          ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်……

ဦးဖွေအား(လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး)။     လေးစားအပ်ပါသသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး(ကိုယ်စား) လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ဝန်ကြီးဦးဖွေအားဖြစ်ပါတယ်… ချင်းပြည်နယ် ပြည်သူ့  ကျန်းမာရေး/ ကုသရေး ဦးစီးဌာန၏(၁၅.၂.၂၀၁၉)ရက်စွဲပါစာအမှတ်၊ ကုသ (ချင်း) စီမံ/တီထွင် (၃၆၉) ၁၉ ဖြင့် တီးတိန်မြို့နယ် မွာလ်ဘင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန အား(၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရန်အတွက်လိုအပ်သောအချက် အလက်များ၊ တီးတိန်ပြည်သူ့ဆေးရုံနှင့် တီးတိန်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ(၃)ခုတို့၏ (၅)နှစ်စာ ဆေးရုံလုပ်ငန်းဆောင်ရွက်မှု အညွှန်းကိန်း၊ ဝန်ထမ်းအင်အား၊ တီးတိန်မြို့နယ်ဆေးရုံအုပ်၏ သဘောထားမှတ်ချက်နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး၏ သဘောထား မှတ်ချက်တို့နှင့်အတူ ကုသရေးဦးစီးဌာန(ရုံးချုပ်)သို့ထောက်ခံတင်ပြခဲ့ပြီးဖြစ်ပါသည်။ ကုသရေး ဦးစီးဌာန၊ နေပြည်တော်၏(၂၁.၁. ၂၀၂၀) ရက်စွဲပါစာအမှတ်၊ ကမဘ/ ဃ – ထွေ/ ၀၂၁ ဖြင့် တီးတိန် မြို့နယ်၊ မွာလ်ဘင်းကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ရန် ကိစ္စနှင့် ပတ်သက်၍ စိစစ်နိုင်ရန်အတွက် လိုအပ်သော အချက်အလက်များနှင့်  ပြည်နယ်ကုသ ရေးဦးစီး ဌာနမှူး၏သဘောထားမှတ်ချက်တို့ကို တောင်းခံလာခဲ့ရာ ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေး/ ကုသရေးဦးစီးဌာန၏(၂၃.၁. ၂၀၂၀)ရက်စွဲပါစာအမှတ်၊ ကုသ (ချင်း) / စီမံ / တီထွင် (၀၆၈၀) ၂၀၂၀ ဖြင့် ကုသရေးဦးစီးဌာန၊ နေပြည်တော်သို့ ပြန်လည်ထောက်ခံ တင်ပြခဲ့ပြီး ဖြစ်ပါသည်။  တီးတိန်မြို့နယ်၊ မွာလ်ဘင်းကျေးလက် ကျန်းမာရေးဌာနအား (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံသို့ တိုးမြှင့်ဖွင့်လှစ်ရန်ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ကုသရေးဦးစီးဌာန၊ နေပြည်တော်မှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ဥက္ကဋ္ဌ။     တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာ၊ ငါလ်ဇန် လေယာဉ်ကွင်းငယ် ဖော်ထုတ်နိုင်ရန် နိုင်ငံတော်အစိုးရမှ အရေးယူဆောင်ရွက်ခြင်း ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက် အစီအစဉ် မရှိကြောင်း၊ အရေးယူဆောင်ရွက်မည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ် ကာလတွင် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိလိုသော တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးပူထန်ဒိတ်ခုပ်အား ဖိတ်ခေါ်ပါတယ်……

ဦးပူထန်ဒိတ်ခုပ်(တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-)။        လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌ ကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….. ကျွန်တော်ကတော့ တီးတိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပူထန်ဒိတ်ခုပ်ဖြစ်ပါတယ်…… ချင်းပြည်နယ်၊ဖလမ်းခရိုင်၊တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာ၊ ငါလ်ဇန်လေယာဉ်ကွင်းငယ် တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက မည်ကဲ့သို့ စီမံကိန်းရေးဆွဲခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းအစီအစဉ် ရှိ/မရှိ သိရှိလိုသော မေးခွန်းဖြစ်ပါသည်။ အကယ်၍ စီမံကိန်းရေးဆွဲခြင်း၊ အရေးယူခြင်းမရှိပါက မည်သည့်အတွက်ကြောင့်အရေးယူခြင်းမရှိကြောင်းသိရှိလိုပါသည်။ အရေးယူ ဆောင်ရွက်ရန် စီမံကိန်းရေးဆွဲပါက မည်သည့် ဘဏ္ဍာရေးနှစ် ကာလတွင် ဆောင်ရွက်ရန် စီမံရေးဆွဲ ခြင်းကို သိရှိလိုသော မေးခွန်းဖြစ်ပါသည်။ ချင်းပြည်နယ်၊ဖလမ်းခရိုင်၊ဆိုင်းဇန်ကျေးရွာ၊ ငါလ်ဇန် လေယာဉ်ကွင်းငယ်တည်ဆောက်နိုင်ရေးအတွက် ၂၀၁၉ခု၊ ဇွန်လ ၆ ရက်နေ့တွင် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးတင်ထွန်းပါ (၃)ဦးတို့သည် တီးတိန်မြို့သို့ ရောက်ရှိလာပြီး အဆိုပါလေယာဉ်ကွင်းငယ်အား သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ၂၀၁၉ခု၊ ဇွန်လ(၁၇)ရက်နေ့ တွင်လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှညွှန် ကြားရေးမှူး ဦးကျော်စိုး၊ အင်ဂျင်နီယာမှူး  ဒေါ်အေးအေးသန်းပါ (၇)ဦးတို့သည် တီးတိန်မြို့သို့ ထပ်မံရောက်ရှိလာပြီး ဆိုင်းဇန်ကျေးရွာ၊ ငါလ်ဇန်လေယာဉ်ကွင်းပြေးလမ်းကြောင်းနှင့် လေယာဉ်ကွင်းဒီဇိုင်းများ ဖော်ထုတ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ဆိုင်းဇန်ကျေးရွာ၊ ငါလ်ဇန်လေယာဉ်ကွင်းဖော်ထုတ်နိုင်ရန် နိုင်ငံတော်အစိုးရမှ အရေးယူဆောင်ရွက်ခြင်း အစီအစဉ် ရှိ/မရှိ သိရှိလိုပါသည်။ အကယ်၍ အရေးယူဆောင်ရွက် ခြင်းမရှိပါက မည်သည့်အတွက် အစီအစဉ်မရှိကြောင်းကို သိရှိလိုပါသည်။ အရေးယူ ဆောင်ရွက်မည် ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုသော မေးခွန်းအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။

ဥက္ကဋ္ဌ။          ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်……

ဦးရွှေထီးယို(လမ်းပန်းဆက်သယ်ရေးဝန်ကြီး)။  လွှတ်တော်ဥက္ကဌကြီးခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးရွှေထီးယိုဖြစ်ပါတယ်… လွှတ်တော် ကိုယ်စားလှယ်မှ မေးမြန်းသော     ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန် ကျေးရွာ၊ ငါလ်ဇန်လေယာဉ်ကွင်းငယ် တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက မည်ကဲ့သို့ စီမံကိန်းရေးဆွဲခြင်း၊ အရေးယူဆောင်ရွက်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းမှုအပေါ်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ညွှန်ကြားချက်ဖြင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထန်တလန် မြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် လေယာဉ်ကွင်းငယ် (Air Strip)များ တည်ဆောက်နိုင်မှု ရှိ/မရှိအား ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။ လိုင်လင်းပီမြို့တွင် Mission Aviation Fellow-ship(MAF)၏အစီအစဉ်ဖြင့် လေယာဉ်ငယ်များ ဆင်း/ တက်နိုင်ရန် လေယာဉ်ကွင်းငယ် (Air Strip)အား တည်ဆောက်သကဲ့သို့ တီးတိန်မြို့နယ်တွင် လေယာဉ်ကွင်းငယ် (Air Strip) တည်ဆောက် နိုင်ရန်အတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒီဇိုင်း ရေးဆွဲပေးခဲ့ပါသည်။  သို့ဖြစ်ပါ၍ စီမံကိန်းသစ်တစ်ခု အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စီးပွားဖြစ်လုပ်ကိုင်နိုင်မှုရှိ/မရှိ တွက်ချက်လေ့လာဆန်းစစ်ပြီးမှသာတည်ဆောက် ခြင်းဖြစ်ပါသော ကြောင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် (National Transport Master Plan)အရ ချင်းပြည်နယ်တွင် နောက်ထပ် လေယာဉ်ကွင်းအသစ်တည်ဆောက် ပေးရန်လတ်တလောတွင် လျာထားချက်မရှိသေးပါကြောင်း ပြန်ကြား ထားမှုကိုသိရှိနိုင်ပါရန် ရှင်းလင်းဖြေကြားအပ်ပါသည်။

ဥက္ကဋ္ဌ။     ချင်းပြည်နယ်အစိုးရအနေဖြင့် ချင်းပြည်နယ်တွင် ရထားလမ်းဖောက်လုပ်ဖို့ ပြည်ထောင် စုအစိုးရသို့ တင်ပြရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသော မေးခွန်းအား မတူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်အား ဖိတ်ခေါ်ပါတယ်……

ဦးအောင်လျန်(မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-)။             လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….. ကျွန်တော်ကတော့ မတူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျန်ဖြစ်ပါတယ်…ချင်းပြည်နယ်သည် ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဖလမ်းမြို့နယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရန် မေးခွန်း မေးမြန်းရာတွင်လူထုအားလုံးက ချင်းပြည်နယ်သည် မြေပြန့်မရှိသည် မည်ကဲ့သို့ဆောင်ရွက်မည်နည်းဟု ဝေဖန်ထောက်ပြကြသည်။ သို့သော် အစိုးရ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို လေးစားခြင်းအားဖြင့် ကွင်းဆင်းတိုင်းတာကာ အလယ် အလတ်လေယာဉ်ကွင်းကို ဆင်းသက်နိုင်သည်ကို တွေ့ရှိရပါသဖြင့် အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကာ လက်ရှိအစိုးရက ၂၀၂၀ ခုနှစ်တွင် အပြီးသတ်တည် ဆောက်ဖွင့်လှစ်သွားမည်ဟု သတင်းမီဒီယာများရှေ့တွင်      ထုတ်ဖော်ပြောကြားခြင်းကိုသိရှိရသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ချင်းပြည်နယ်တစ်ခုတည်းသာ ရထားလမ်းမရှိသဖြင့် ပြည်နယ်အစိုးရ အနေဖြင့် လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အထိ ရထားလမ်းဖောက်လုပ်ပြီးဖြစ်ပြီး  ကျောက်တော်မြို့နှင့် ပလက်ဝမြို့ဆက်သွယ်သည့် ရထားလမ်းဖောက်လုပ်ပါက ချင်းပြည်နယ်သည် ကုန်ကြောင်းတွင် မော်တော်ကားလမ်း၊ ရထားလမ်း၊ ဝေဟင်လေကြောင်းတွင်လည်း ဖလမ်းမြို့နယ် ဆူရ်ဘုန်လေဆိပ်၊ ရေကြောင်းတွင် လက်ရှိပလက်ဝရေနက်ဆိပ်ကမ်းတို့ တည်ရှိမည်ဖြစ်ပြီး ပြည်နယ်၏အင်္ဂါရပ်တစ်ခု ပြည့်စုံသွားမည်ဖြစ်သည်။ လက်ရှိတွင်လည်း ကျောက်တော်မှ မဟာမုနိ – ဝေသာလီ -မြောက်ဦးမီးရထားစီမံကိန်းလည်း ဆောင်ရွက်ရန် လျာကြသည်ဖြစ်သည်။ မြောက်ဦးမှ တစ်ဆင့်လေမြိုမြစ်တစ်လျှောက် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေအရ မတူပီလည်း ဖောက်လုပ် ရမည့် အနေအထားရှိနိုင်သည်။ ပြည်နယ်အစိုးရမှ စီမံကိန်းလျာထားရန်အတွက် မြေပြင်မှာ ကွင်းဆင်းဆောင်ရွက်ဖို့ လည်းလိုအပ်နေသည်ဖြစ်သည်။ကချင်ပြည်နယ် မန္တလေး – မြစ်ကြီးနား ရထားလမ်းသည် တောတောင်တွေ ဖြတ်ကျော်ပြီးခက်ခက်ခဲခဲ ဖောက်လုပ်ထားသည်ကို တွေ့ရှိရသည်။ ထိုနည်းတူ ရှမ်းပြည်နယ်တွင်  နာမည်ကျော် ဂုံးထိပ်ရထားလမ်းသည် ထိုကဲ့သို့ခက်ခက် ခဲခဲဖောက်လုပ်ထားခြင်းဖြစ်သည်။ထိုကြောင့် ပြည်နယ်အစိုးရအနေဖြင့် ချင်းပြည်နယ်တွင် ရထားလမ်းဖောက်လုပ်ဖို့ ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆိုရန် အစီအစဉ်ရှိ/မရှိဥက္ကဋ္ဌကြီးမှ တစ်ဆင့်မေးမြန်း အပ်ပါသည်။

ဥက္ကဋ္ဌ။          ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်……

ဦးရွှေထီးယို(လမ်းပန်းဆက်သယ်ရေးဝန်ကြီး)။  လွှတ်တော်ဥက္ကဌကြီးခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုဖြစ်ပါတယ်… လွှတ်တော် ကိုယ်စားလှယ်မှ မေးမြန်းသော “ ပြည်ထောင်စု မြန်မာနိုင်ငံတွင်ချင်ပြည်နယ်တစ်ခုတည်းသာ ရထားလမ်းမရှိသဖြင့်  ပြည်နယ်အစိုးရအနေဖြင့်လက်ရှိတွင်ရခိုင်ပြည်နယ် ကျောက်တော်ထိ ရထားလမ်း ဖောက်လုပ်ထားပြီးဖြစ်၍ ကျောက်တော်မြို့နှင့်  ပလက်၀မြို့ဆက်သွယ်သည့် ရထားလမ်း ဖောက်လုပ်မည်ဆိုပါက ချင်းပြည်နယ်သည် ရထားလမ်းရောက်ရှိလာမည်ဖြစ်ကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်သို့ ရထားလမ်းဖောက်လုပ် မည်ဆိုပါက ချင်းပြည်နယ်သည် တောင်ထူထပ်သော ဧရိယာဖြစ်သဖြင့် မြေမျက်နှာပြင်အနေအထားကြမ်းတမ်းခြင်း၊  မြေပြင်အနိမ့် အမြင့်ကွာခြားချက် များပြားခြင်းတို့ကြောင့် ရထားလမ်းတူးမြေအနက်ပေများစွာ တူးရမည်ဖြစ်ခြင်း၊  ဖို့မြေအမြင့်များပြားခြင်းများဖြစ်ပေါ်နိုင်မည်ဖြစ်ပြီး မြေသားတည်ငြိမ်ခိုင်မာမှုမရရှိ နိုင်သည့်အပြင် ရထားလမ်းဖောက်လုပ်မည့်ကုန်ကျစရိတ်မှာလည်း များပြားပြီး ရေရှည်အတွက် အကျိုးဖြစ်ထွန်းနိုင် မည်မဟုတ်ပါ။ ခေတ်မီနည်းစနစ်များအသုံးပြုပြီး ရထားလမ်းဖောက်လုပ်မှသာ ရေရှည်အကျိုးဖြစ် ထွန်းနိုင်မည် ဖြစ်ပါသည်။ ရထားလမ်းဖောက်လုပ်ရာတွင်    ကန့်သတ်ထားရှိသော အများဆုံးဆင်ခြင် လျောမှာ (၁:၈၀)နှင့် အများဆုံးကွေ့ ဒီကရီမှာ (၁၂)ဖြစ်ပါသည်။ ဖြတ်သန်းဖောက်လုပ်ရမည့် လမ်းအူကြောင်း တစ်လျှောက်ရှိ မြို့ရွာများ၏ မြေပြင်အနိမ့်အမြင့် ကွာခြားချက်များကြောင့် ဖောက်လုပ်သော ရထားလမ်းသည် အဆိုပါမြို့ရွာ များနှင့် အနီးဆုံးဖြစ်အောင် ချဉ်းကပ်ဖောက်လုပ်ရန် လွယ်ကူမည်မဟုတ်ပါ။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်၊ စစ်တွေမှ မကွေးတိုင်းဒေသကြီး၊  မင်းဘူးမြို့ထိ ရထားလမ်းဖောက်လုပ်ရန်စီစဉ် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရခိုင်ပြည်နယ်တွင် စစ်တွေမှ ကျောက်တော်ထိ ရထားလမ်းဖောက်လုပ်ခဲ့ပြီး စစ်တွေမှ ရေချမ်းပြင် ထိအပိုင်းနှင့် ကွမ်းတောင်မှ ကျောက်တော်အပိုင်းဟူ၍အပိုင်း (၂)ပိုင်းခွဲပြီး ရထားများပြေး ဆွဲလျက်ရှိသော်လည်း တစ်ဆက်တည်းရထားပြေးဆွဲနိုင်ရန်အတွက် မင်းချောင်းတံတားတည် ဆောက်ရန် ကျန်ရှိနေပါသည်။ ယခုလက်ရှိ အခြေအနေအရခရီး သည်စီးနင်းမှု နည်းပါးခြင်းကြောင့် လည်းကောင်း၊ စီးပွားရေးတွက်ချေ ကိုက်မှုမရှိခြင်းကြောင့်လည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအခြေအနေအရလည်းကောင်း စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ ရပ်ဆိုင်းထားရပြီး တည်ဆောက်ရန်ကျန်ရှိသော မင်းချောင်းတံတားကြီးကိုလည်း တည်ဆောက်နိုင်ခြင်းမရှိသေးပါ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မှ ပလက်၀မြို့အထိ ရထားလမ်း ဖောက်လုပ်ရန်အတွက် မြေမျက်နှာသွင်ပြင်အနေအထား၊ ခရီးသည်ရရှိနိုင်မှုအခြေအနေ ကုန်စည်ရရှိ နိုင်မှုအခြေအနေ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ/မရှိ ကို Feasibility Study (F.S) ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုများပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။   Feasibility Study (F.S) ဖြစ်မြောက် နိုင်စွမ်းလေ့လာဆန်းစစ်မှုအပေါ်မူတည်၍ နိုင်ငံတော်အကျိုး၊   ဒေသခံပြည်သူတို့၏ အကျိုးရရှိနိုင်မည်ဆိုပါက နိုင်ငံတော်၏ ငွေအင်အားကောင်းမွန်လာချိန်တွင်လည်းကောင်း၊ ပြည်ပချေး ငွေအကူအညီများ ရရှိမှုအ​ခြေအနေအပေါ်မူတည်၍ လည်းကောင်း စစ်တွေ-ကျောက်တော်မှ ပလက်၀ထိရထားလမ်းတစ်ဆက်တည်းဖြစ်အောင် စီမံကိန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှတဆင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ရရှိရန် တင်ပြဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ် ပါသည်။

ဥက္ကဋ္ဌ။     မင်းတပ်- မတူပီ(NH30)(၁၁၈)မိုင်အား လာမည့်နှစ်တွင် လမ်းအဆင့်မြှင့်နိုင်ရေး ဘတ်ဂျက်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောမေးခွန်းအား မတူပီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်အား ဖိတ်ခေါ်ပါတယ်……

ဦးအောင်လျန်(မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-)။             လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….. ကျွန်တော်ကတော့ မတူပီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျန်ဖြစ်ပါတယ်…… မင်းတပ်-မတူပီလမ်းအရှည်(၁၁၈)မိုင်အား နှစ်ပေါင်း မြောက်များစွာပြုပြင်သော်လည်း တစ်နှစ်တွင်ဘတ်ဂျက် အခြေအနေကြောင့် မိုင်(၂၀)ခန့်သာ တာချဲ့ခြင်း၊ ကျောက် ချောခင်းခြင်း၊ ကတ္တရာလမ်းခင်းခြင်း၊ ရေပြွန်ရေမြောင်းပြု လုပ်ခြင်းတို့ဆောင်ရွက်ခြင်းဖြစ်သော်လည်း လက်ရှိလမ်း ၏အရည်အသွေးမှာမူ မြင့်တက်လာခြင်းမရှိဘဲ ယခုနှစ် တွင်ဆောင်ရွက်သည့် လမ်းအပိုင်းများသည် နောက်တစ် နှစ်မိုးတွင်းတွင် ယိုယွင်းပျက်စီးကာ နှစ်စဉ်နှစ်တိုင်းဒီလမ်း မပေါ်များတွင်သာ သံသရာလည်ပတ်နေ ဆဲပင်ဖြစ်သည်။ လမ်းတာချဲ့လုပ်ဆောင်ရာတွင်လည်း လမ်းကန်ထရိုက်များက လိုအပ်ရင် လိုအပ်သ လို မြေစာသယ်ယူပြီး မြေသား ခိုင်ခံ့သည့်နေရာများတွင် မြေစာစွန့်ပစ်ခြင်းမရှိခြင်း၊ တာချဲ့ လုပ်ငန်းများတွင်လည်း မိုးမလာခင်ရေပြွန်ရေမြောင်း၊ လိုအပ်ရင်လိုအပ်သလို မြေထိန်းနံရံတည် ဆောက်မည့် ဘတ်ဂျက်တပါးတည်း ချပေးနိုင်ခြင်းမရှိခြင်း၊ လမ်းမအပေါ် အောက်လမ်းသား ကာကွယ်ဖို့ လမ်းနည်းစနစ်အရ မြက် ပင်ကဲ့သို့သော အပင်များစိုက်ပျိုးရန်ဘတ်ဂျက်တပါးတည်း ချပေးနိုင်ခြင်းမရှိခြင်းတို့ကြောင့် ယခုအခါတွင်လမ်းတာချဲ့လမ်း၊ မိုးတွင်းရောက်တာနဲ့ လမ်းတာပြန်ပဲ့ ကျလိုက် လမ်းအပေါ်ကဘန်းခံထားသည့် မြေများတအိအိပြိုလိုက် ခြင်းတို့ကြောင့် မတူပီမြို့နယ်၏ ပြည်သူလူထုမှာ နေ့စဉ်နှင့်အမျှ ဒုက္ခကြုံနေရဆဲပင်ဖြစ်သည်။ တိုင်းဒေသကြီးအသီးသီးတွင် ကျေးရွာချင်းဆက်မော်တော်ကားလမ်းမှာ ကွန်ကရစ်လမ်းအထိ ခင်းနေရသည်ကိုမြင်တွေ့ရသည်။ မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်သည်၂၀၀၇-၂၀၀၈ခုနှစ် ကျေးရွာတစ်ချို့သည် မော်တော်ကားလမ်း တောင် မရှိသေးသည့် ကျေးရွာချင်းဆက်လမ်းများမှာ ယခုတွင် ကွန်ကရစ် မော်တော်ကားလမ်းများ အထိ ဆောင်ရွက်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်တွင်ယခင်ကကားလမ်းမရှိသည့်ကျေးရွာချင်းဆက်လမ်းများသည် ယခုအခါတွင် ကျေးရွာချင်း ဆက်ကွန်ကရစ်လမ်း နေရာတော်တော်များများ ပြီးစီးနေ သည်ကို တွေ့ရှိရသည်။ ယခုလမ်း မင်းတပ်-မတူပီလမ်း (၁၁၈)မိုင်သည်(၅)နာရီသာမောင်းရသည့် ခရီးမိုင်ဖြစ် သော်လည်း ယခုတွင်(၈)နာရီကြာမောင်းနေရပြီး ပြည်နယ် အစိုးရအနေဖြင့် မင်းတပ် – မတူပီလမ်း(၁၆)မိုင်မှ ရှစ်-တွီလ – ဒုတ် – အောက်ချိုင် – မားဒူ – အမ်ဆွေး- မတူပီ လမ်းကြောင်းကိုဖြစ်နိုင်/မဖြစ်နိုင် ကွင်းဆင်း ဆောင်ရွက်ဖို့ လိုအပ်သည်။ ထိုနည်းတူ မင်းတပ်-မတူပီလမ်းမအတွက် လမ်းအူကြောင်းအသစ်ရှာ ဖွေရန်ပြင်ဆင်ဖို့လိုအပ်နေသည်။ ထိုကြောင့်ချင်းပြည်နယ်အစိုးရအနေဖြင့် မင်းတပ်-မတူပီလမ်းမအား လာမည့်နှစ်တွင် ဘတ်ဂျက်တိုးပြီး လမ်းအဆင့်မြင့်ခြင်း၊ လမ်းတာချဲ့ခြင်း၊ တစ်ချို့နေရာများတွင် ကွန်ကရစ်ခင်းခြင်း၊ကတ္တရာလမ်းခင်းခြင်း၊ ရေပြွန်/ ရေမြောင်းမြေထိန်းနံရံတည်ဆောက် ခြင်းနှင့် လိုအပ်သည့် နည်းပညာများရယူ ကာ အပြီးဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။

ဥက္ကဋ္ဌ။          ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်……

ဦးရွှေထီးယို(လမ်းပန်းဆက်သယ်ရေးဝန်ကြီး)။  လွှတ်တော်ဥက္ကဌကြီးခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုဖြစ်ပါတယ်… ချင်းပြည်နယ် အတွင်းရှိ မင်းတပ်-မတူပီကား လမ်းမကြီးသည် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံ ခန့်ခွဲသည့်လမ်းဖြစ်ပြီး (၁၀၂)မိုင်ရှည်လျားပါသည်။ (၃၀.၉.၂၀၁၉)ရက်နေ့ရှိ လမ်းအမျိုးအစားမှာ ကတ္တရာကွန်ကရစ်လမ်း (၁)မိုင်၊ ကွန်ကရစ်လမ်း (၂)ဖာလုံ၊ ကတ္တရာလမ်း (၁၀၀ မိုင် ၆ ဖာလုံ) ဖြစ်ပါသည်။၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ဆိုးရွားသော သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း များအတွက် ရာသီမရွေးသွားလာနိုင်ရန်အတွက် နှစ်အလိုက်စီမံချက်များရေးဆွဲ၍ ရန်ပုံငွေများ တင်ပြတောင်းခံပြီး ဆောင်ရွက်လျက်ရှိပါသည်။၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင်ပြည်ထောင်စု နှင့်ပြည်နယ်ရန်ပုံငွေ ကျပ်(၁၀၈၂၃.၃၂၆)သန်းဖြင့် လမ်းတာချဲ့ခြင်း( ၄၄ မိုင် ၄ ဖာလုံ)၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း(၁၈မိုင်၄ဖာလုံ)၊ သံကူကွန်ကရစ် ရေထုတ်ပြွန်တည်ဆောက်ခြင်း(၂၁)စင်း၊ ရေမြောင်း တည်ဆောက်ခြင်း(၂၂၉၀)ပေ၊ အမာခံလမ်းခင်း ခြင်း(၂)မိုင်၊မြေကာနံရံပါရေမြောင်းတည်ဆောက် ခြင်း(၁၁)စင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း (၂၂၁)ပေ၊ သံကူကွန်ကရစ်တံတားတည်ဆောက် ခြင်း(၂)စင်းစသည့်လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု နှင့် ပြည်နယ်ရန်ပုံငွေ ကျပ်(၆၂၈၀.၆၇၄)သန်းဖြင့် လမ်းတာချဲ့ခြင်း ( ၆ မိုင် ၄ ဖာလုံ)၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း(၁၇)မိုင်၊ ကျောက်လမ်းခင်း ခြင်း(၂ မိုင် ၆ ဖာလုံ)၊ အမာခံလမ်းများပြုပြင်ခြင်း (၈ မိုင် ၄ ဖာလုံ)၊ သံကူကွန်ကရစ်ရေထုတ်ပြွန် (၄၂)စင်း၊ မြေကာ/မြေထိန်းနံရံတည်ဆောက်ခြင်း (၁၄)ခု၊ ရေမြောင်းတည်ဆောက်ခြင်း(၁၂၄၀၁)ပေ၊ ရေပြွန်ပါမြေထိန်းနံရံ(၈)ခု၊ ရေမြောင်းပါမြေထိန်း နံရံ(၃၉)ခုတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်( ဧပြီလမှစက်တင် ဘာလ)တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေ ကျပ် (၂၁၈၁.၉၄၈)သန်းဖြင့် လမ်းတာချဲ့ခြင်း (၂)မိုင်၊  လမ်းကွေ့ဖြောင့်၍ အမာခံလမ်းခင်းခြင်း ( ၈ မိုင် ၆ ဖာလုံ)၊ သံကူကွန်ကရစ်ရေထုတ်ပြွန် (၉)စင်း၊ ရေမြောင်းတွဲလျက် Gabion Wall (၆၃၅၅)ပေ၊ရေပြွန်ပါမြေထိန်းနံရံ(၃)ခု၊ ရေမြောင်း ပါမြေထိန်းနံရံ(၇)ခု၊ Pucca Drain (၄၄၃)ပေ၊ ရေပြွန်ထပ်ဆက်တည်ဆောက်ခြင်း (၁၅)စင်း စသည့်လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။၂၀၁၈၂၀၁၉ဘဏ္ဍာနှစ်(ဧပြီလမှစက်တင်ဘာလ)အပြီးတွင်(၃၄)ပေအကျယ်လမ်းတာချဲ့ခြင်း(၆၄ မိုင် ၆ ဖာလုံ) ဆောင်ရွက်ပြီး ဖြစ်သော်လည်းရန်ပုံငွေရရှိမှု အခြေအနေအရ မြေထိန်းနံရံ၊ မြေကာ နံရံများလိုအပ်ချက်အတိုင်း မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် နှစ်စဉ်မိုးဒဏ် တောင်ပြိုလမ်းသားပဲ့ကျမှုများကြောင့် လမ်းပြတ် တောက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေကျပ်(၄၆၃၀.၈၄၅)သန်းဖြင့် ကတ္တရာကွန်ကရစ်လမ်းခြင်း (၂)မိုင်၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း( ၁၂ မိုင်၊ ၅ ဖာလုံ ) တံတားပေါ် ကတ္တရာလမ်းခင်းခြင်းနှင့်ချင်းကပ်လမ်းတည်ဆောက် ခြင်း(၂)စင်း ၊ရေထုတ်ပြွန်တည် ဆောက်ခြင်း(၂)စင်းနှင့် မြေကာနံရံ တည်ဆောက်ခြင်း(၃)ခု စသည့်လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသည်။ ပြည်ထောင်စုလမ်းမကြီးဖြစ်သော မင်းတပ် – မတူပီလမ်း အားမင်းတပ်ခရိုင် လမ်းဦးစီးဌာနမှ အလေးထားပြုပြင်ထိန်းသိမ်း လျက်ရှိပြီး၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု နှင့် ပြည်နယ် ရန်ပုံငွေ ကျပ် (၂၅၉၉၈. ၇၅၀)သန်းဖြင့် ကွန်ကရစ်လမ်းခြင်း      ( ၇ မိုင် ၄ ဖာလုံ)၊ (၂၄)ပေအကျယ် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း (၂)မိုင်၊ (၁၈)ပေ အကျယ် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း  ( ၂၈ မိုင် ၇ ဖာလုံ)၊ လမ်းကွေ့ဖြောင့် ကတ္တရာလမ်းသစ်ခင်းခြင်း (၄ မိုင် ၄ ဖာလုံ)၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ( ၃ မိုင်   ၆ ဖာလုံ)၊ လမ်းတာချဲ့ခြင်း( ၁၇ မိုင် ၅ ဖာလုံ)၊ မြေကာပါရေပြွန် တည် ဆောက်ခြင်း(၄၂)စင်း၊     မြေကာ/မြေထိန်းနံရံတည်ဆောက်ခြင်း(၈၂၀၀)ပေ၊ ရေမြောင်းပါမြေထိန်းနံရံ တည်ဆောက်ခြင်း(၁၆၃၂၀)ပေ စသည့်လုပ်ငန်း များအား ဆောင်ရွက်ရန် လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းမှာရှိသော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေရန်၊ လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့ပြီး ကုန်စည်စီးဆင်းမှုကို သွက်လက်မြန်ဆန်စေရန် အဓိကထား၍ လမ်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်လည်း အကန့်အသတ်ဖြင့်ရရှိလာသော ဘတ်ဂျက်ထဲမှာပင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် လမ်းလုပ်ငန်းများကို ဦးစားပေးထည့်သွင်း လျာထား၍ ခွဲဝေသုံးစွဲလျက်ရှိကြောင်း တင်ပြလိုပါသည်။ လမ်းလုပ်ငန်းများဆောင်ရွက်သည့် အခါတွင်လည်း ကိုယ့်ပြည်နယ်အတွင်းမှာရှိသော အင်ဂျင်နီယာများ၏ နည်းပညာအကူအညီ များဖြင့် သာမက လမ်းဦးစီးဌာန(ရုံးချုပ်)မှာရှိသော အင်ဂျင်နီယာများ၏ အကူအညီများကိုပါ ရယူဆောင်ရွက် ပါကြောင်းနှင့် ရုံးချုပ်မှလည်း လာရောက်ကွင်းဆင်းလေ့လာပြီး မြေပြင်အနေအထားအရ ရေရှည်တည်တံ့မှုရှိအောင် ဆောင်ရွက်သင့်သည့် Design ပုံစံများရေးဆွဲပေးပြီး ပြည်နယ် လမ်းဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် လာမည့် ဘဏ္ဍာနှစ်တွင်လည်း အဆိုပါလမ်းပိုင်းတွင် အထက်ပါဖော်ပြပါအတိုင်း လုပ်ငန်းများဆောင်ရွက်ရေး လျာထားလျက်ရှိပါကြောင်းနှင့် လိုအပ်သည့် နည်းပညာအကူအညီများကိုလည်း လမ်းဦးစီးဌာန (ရုံးချုပ်)သို့ ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

ဥက္ကဋ္ဌ။     ချင်းပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းပြီး လွှတ်တော်၌ အတည်ပြုပြီးသော အဆို(၃)ရပ်နှင့် ပတ်သက်၍ မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီး သည်ကိုသိရှိလိုသော မေးခွန်းအား ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်းအား ဖိတ်ခေါ်ပါတယ်……

ဦးဗန်ထောင်း(ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-)။       လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား….. ကျွန်တော်ကတော့ ထန်တလန် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်းဖြစ်ပါတယ်……      ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်၊ (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ထန်တလန် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျွန်တော် ဦးဗန်ထောင်းမှ ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆို(၃)ခုကို တင်သွင်းခဲ့ရာ၊ (၂၆-၉-၂၀၁၉)နေ့တွင် ကျင်းပသော ချင်းပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စား လှယ်အားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုခဲ့ပါသည်။

     ချင်းပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သော ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့် အဆို(၃)ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 (က) ထင်းရူးနှင့် သစ်မာများအား ချင်းပြည်နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးစေရေး၊ သဘာဝမြစ်ချောင်းများရှိ ငါးနှင့်တကွ ရေနေသတ္တဝါများ စည်းကမ်းမဲ့ဖမ်းစီးမှု မရှိစေရေးအတွက် ဒေသခံလူငယ်အသင်းများ ဖွဲ့စည်းလျက် ထောက်ပံ့မှုများပေးရေး၊ မိုးကြိုးတောများနှင့် ရေထိန်းဧရိ ယာများအတွင်းရှိ သစ်ပင်များအား စည်းကမ်းမဲ့ခုတ်လဲခြင်းမပြုစေရန် ချင်းပြည်နယ်အစိုးရအနေဖြင့် လက်တွေ့ကျသော စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ (ခ) ချင်းပြည်နယ်၊ မြို့နယ်/ကျေးရွာများတွင်ရှိသော သဘာဝမြစ်ချောင်းများရှိ ငါးနှင့်တကွရေနေ သတ္တဝါများ ပြုန်းတီးမှုမရှိစေရေး၊ စည်းကမ်းမဲ့ဖမ်းစီးခြင်းမရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများ အလိုက် ဒေသခံလူငယ်အဖွဲ့အစည်း၊ လူမှုရေးအသင်းများဖွဲ့စည်းစေလျက် ၎င်းတို့အား ထိုက်သင့် သော ကူညီထောက်ပံ့မှုများပေးရန်၊ (ဂ) ချင်းပြည်နယ်၊ မြို့နယ်/ ကျေးရွာများ ပတ်ဝန်းကျင်တွင် နှစ်ရှည်လများကပင် ကာကွယ်ထိန်းသိမ်းပြုစုလာခဲ့သော မိုးကြိုးတောများနှင့် ရေထိန်းဧရိယာများ အတွင်းရှိ သစ်ပင်များအား စည်းကမ်းမဲ့ခုတ်လဲခြင်း မပြုစေရန် ချင်းပြည်နယ်လွှတ်တော်မှ အတည်ပြု ပြီးဖြစ်သော ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့် အထက်ဖော်ပြပါအဆို(၃)ရပ်နှင့် ပတ်သက်၍ မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးဖြစ်သည်ကို သိရှိလိုပါသဖြင့် ရှင်းလင်းဖြေကြားပေး နိုင်ပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းအပ်ပါသည်။

ဥက္ကဋ္ဌ။          ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ ဖိတ်ခေါ်ပါတယ်……

ဦးမာန်ဟင်းဒါလ်(စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး)။       လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမာန်ဟင်းဒါလ်ဖြစ်ပါတယ်… (က)ချင်းပြည်နယ် ဧရိယာအကျယ်အဝန်းမှာ (၈၉၀၀၄၅၉) ဧကရှိရာ သစ်တောမြေ ( ကြိုးဝိုင်းတော ၁၈ ခု (၃၈၆၇၃၆)ဧက၊ ကြိုးပြင်ကာကွယ်တော ၁၇ ခု (၈၇၅၂၆၈) ဧက၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၃ ခု (၂၅၂၀၀၄)ဧက၊ စုစုပေါင်း (၁၅၁၄၀၀၈)ဧကပါဝင်မှု အနေဖြင့် (၁၇.၀၁%)ရှိပါသည်။ ချင်းပြည်နယ်အတွင်း ရွက်အုပ်ပိတ်တော (Closed Forest) ၃၁.၁၂%၊ ရွက်အုပ်ပွင့်တော(Open Forest) ၃၀.၇၉%  ရှိသဖြင့်၊ ချင်းပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ၆၂% ရှိပြီး သစ်တောဖုံးလွှမ်းမှု ကောင်းမွန်သော ပြည်နယ်တစ်ခု ဖြစ်ပါသည်။ သစ်တောဦးစီးဌာနအနေဖြင့် ပြည်နယ် တစ်ခုလုံးကို သစ်တောဘိနယ်များ ခွဲခြားပြီး၊ တောအုပ် ဝန်ထမ်းတစ်ဦးမှ စီမံအုပ်ချုပ်လျက်ရှိသဖြင့် ချင်းပြည် နယ်ဧရိယာ(၈၉၀၀၄၅၉)ဧကကို သစ်တောဝန်ထမ်း (တောအုပ်)တစ်ဦးလျှင်(၁၉၃၄၈၈)ဧကကိုကာကွယ်ထိန်း သိမ်းစောင့်ရှောက်ရပါသည်။သို့ဖြစ်ပါ၍ ဝန်ထမ်းအင်အား နည်းပါးသဖြင့် ထပ်မံခန့်ထားရန် လိုအပ်ပါသည်။       မြန်မာ့သစ်တောမူဝါဒနှင့် အညီ သစ်တောများပြန်လည်တည်ထောင်ခြင်းစီမံကိန်း၏ မျှော်မှန်းရလဒ်များရရှိစေရန် ချင်းပြည်နယ်သစ်တောဉီးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်မှ၂၀၂၆-၂၀၂၇ခုနှစ်အထိ (၁၀)နှစ်စီမံ ကိန်းရေးဆွဲပြီး၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ သစ်တော စိုက်ခင်း တည်ထောင်ခြင်း၊ စီးပွားရေးစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်းလုပ်ငန်းများ ကိုလည်းကောင်း၊ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးရွာထင်းစိုက်ခင်းတည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း (ပျိုးပင်များ အခမဲ့ဖြန့်ဝေ ပေးခြင်း)၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ တစ်အုပ် တစ်မချယ်ရီပင်စိုက်ပျိုးခြင်း၊တောင်ဇလပ်ပင်စိုက်ပျိုးခြင်း၊ လူထုဖြန့်ပျိုးပင် ဖြန့်ဝေစိုက်ပျိုး ခြင်းစသည့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ် စီမံချက်ရေး ဆွဲ၍လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း အထက်ပါစီမံချက်များတွင်လည်း ထင်းရှူးနှင့် သစ်မာများကို ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ ထပ်မံစိုက်ပျိုးရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရေး စီမံချက်အားရေးဆွဲလျက်ရန်ပုံငွေတောင်းခံပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (ခ) ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တစ်နှစ်ပတ်လုံး စီမံချက်ရေးဆွဲထား၍ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှစတင်၍ စီမံချက်ရေးဆွဲထား သည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ ချင်းပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေနှင့် ရှော့တိုက်ခြင်းများအတွက် တားမြစ်ချက်များ၊ ပြစ်ဒဏ်များပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိပါသည်။   ၂၀၁၉ ခု၊ နိုဝင်ဘာလမှ၂၀၂၀ခု၊ ဒီဇင်ဘာလကုန် အထိ ဆောင်ရွက်ပြီးစီးမှု မှာမြို့နယ်(၆)မြို့နယ်တွင် ကျေးရွာ(၁၂)ရွာအား သင်တန်းကြိမ်ရေ(၁၂) ကြိမ်နှင့် သင်တန်းသား(၂၇၈)ဦးတို့ဖြင့် ငါးသယံဇာတထိန်းသိမ်းဟောပြောခြင်း၊ ငါးမွေးမြူရေး အခြေခံ သင်တန်းများနှင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပြီး ဖြစ်ပါသည်။ (ဂ) ချင်းပြည်နယ်အတွင်းရှိမြို့/ကျေးရွာများတွင် နှစ်ရှည်ကာလများကပင် ကာကွယ် ထိန်းသိမ်းပြုစုခဲ့သော မိုးကြိုးဝိုင်းတောများနှင့် ရေထိန်းဧရိယာများအတွင်းရှိ သစ်ပင်များ စည်းကမ်းမဲ့ခုတ်လှဲခြင်း မရှိစေရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ စီမံချက်ရေးဆွဲထားရှိပြီးဖြစ်ပါသည်။ အဆိုပါစီမံချက်တွင် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါသည်။ ချင်းပြည်နယ်အတွင်းရှိ ကြိုးဝိုင်းတောများကို အမျိုးသားဥယျာဉ်နှင့် ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းခြင်းဖြင့်လည်းကောင်း၊ ရေထိန်းဧရိယာ (ရေထွက်)နှင့် ရေဝေရေလဲဧရိယာများ တွင်သစ်ပင်များ သစ်ထုတ်ခြင်း၊ကျောက်ထုတ်ခြင်း၊ ရွှေတူးခြင်းမရှိစေရန် အတွက် သစ်တောဥပဒေ၊ နည်းဥပဒေများဖြင့် ကာကွယ်ခြင်း၊ ဒေသခံပြည်သူများအား စည်းရုံးပညာပေးခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီးချင်းပြည်နယ်အစိုးရအဖွဲ့၏ (၁၂.၄.၂၀၁၈)ရက်စွဲပါရုံးမိန့်အမှတ် (၂၃/၂၀၁၈)ဖြင့် ချင်းပြည်နယ်အတွင်းရှိ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့်  သဘာဝနယ်မြေများ ထိန်းသိမ်းရေးဆိုင်ရာဒေသန္တရအမိန့် ထုတ်ပြန်ဆောင်ရွက်ထားရှိပြီး ပြည်နယ်အဆင့် ကြီးကြပ်မှု ကော်မတီကို(၃၁.၉.၂၀၁၇)ရက်စွဲပါ ရုံးမိန့်အမှတ်(၄၇/၂၀၁၇)ဖြင့် ဖွဲ့စည်းခဲ့ပြီး ခရိုင်/မြို့နယ်အဆင့်ကော်မတီများကိုလည်း ဖွဲ့စည်းပြီးဖြစ် ပါသည်။ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဆိုင်ရာ ဥပေဒပုဒ်မ(၁၅)အရ မျိုးသုန်းမည့်အန္တရာယ်မှ ကာကွယ် ရမည့်(၁)လုံးဝကာကွယ် ထားသည့် တောရိုင်းတိရစ္ဆာန်များ၊(၂)သာမန်ကာကွယ်ထားသည့် တောရိုင်တိရစ္ဆာန်များ၊ (၃)ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်အမျိုးအမည်နှင့် ရေရာဒေသကိုလည်းကောင်း သတ်မှတ်ကြေညာထားရှိပါသည်။ ထိုကြေညာထားရှိသည့် အတိုင်း လိုက်နာမှုမရှိပါက တရားရုံးသို့ တရားစွဲဆိုတင်ပို့၍ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နိုင်ကြောင်းနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည့် အခြေအနေအား သက်ဆိုင်ရာ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်အဆင့်ရှိ ကော်မတီများမှ ထိရောက်စွာအရေးယူအပြစ်ပေးသွားရန်နှင့် သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ဒေသခံသဘာဝတောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များချစ်မြတ်နိုး၍ ကာကွယ်ထိန်းသိမ်းရေး စိတ်အားထက်သန်သော အဖွဲ့အစည်း/ပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ ပြည်သူ တစ်ရပ်လုံးအား အသိပေးဆောင်ရွက်သွားရန် အမြဲမပြတ် နှိုးဆော်ဆောင်ရွက်လျက်ရှိပါသည်။ မြို့/ကျေးရွာများ ပတ်ဝန်းကျင်တွင် နှစ်ရှည်လရှည်ကပင် ကာကွယ်ထန်းသိမ်းပြုစုလာခဲ့သော မိုးကြိုးတောများနှင့် ရေထိန်းဧရိယာများ အတွင်းရှိ သစ်ပင်များအား စည်းကမ်းမဲ့ခုတ်လှဲခြင်းမပြုစေရေး စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး စီမံချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

၈။      ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ချင်းပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်/မြို့များ အလိုက် မြေတန်ဘိုးနှင့် နှစ်စဉ်စည်းကြပ်သည့် မြေငှားရမ်းခနှုန်းထားများ ဆွေးနွေးခြင်းနှင့် အတည် ပြုခြင်း။

 ၉။     ချင်းပြည်နယ်အစိုးရအဖွဲ့မှတင်သွင်းသော ချင်းပြည်နယ်အတွင်း ခွင့်ပြုချထားသော ယစ်မျိုးလိုင်စင်ကောက်ခံရန်အတွက် ဒေသနှင့်ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲမှုအား ဆွေးနွေး ခြင်းနှင့် အတည်ပြုခြင်း။

၁၀။    ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှု အောက်ရှိ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေ စာရင်းများကို အမှတ်ပေးစနစ်ဖြင့် စနစ်တကျသတ်မှတ်၍ အဆောက်အဦနှင့် မြေအဆင့် သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးမှုအလိုက် ပစ္စည်းခွန် တိုးမြှင့်ကောက်ခံရေအား ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း။

ဥက္ကဋ္ဌ။           ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/ မြို့စည်ပင် သာယာရေးအဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေစာရင်းများကို အမှတ်ပေးစနစ်ဖြင့် စနစ်တကျသတ်မှတ်၍ အဆောက်အဦနှင့် မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးမှုအလိုက် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံရေးအား ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းအစီအစဉ်ဖြစ်ပါတယ်…

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/ မြို့စည်ပင် သာယာရေးအဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေစာရင်းများကို အမှတ်ပေးစနစ်ဖြင့် စနစ်တကျသတ်မှတ်၍ အဆောက်အဦနှင့် မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးမှုအလိုက် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များမရှိပါသဖြင့် လွှတ်တော်၌ အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ် များ သဘောထားရယူမှာဖြစ်ပါတယ်…

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/ မြို့စည်ပင် သာယာရေးအဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေစာရင်းများကို အမှတ်ပေးစနစ်ဖြင့် စနစ်တကျသတ်မှတ်၍ အဆောက်အဦနှင့် မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးမှုအလိုက် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံရေးအား လွှတ်တော်၌ အတည်ပြုရန် အားလုံးသဘောတူပါသလားခင်ဗျား…(၃)ကြိမ်

(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုကြပါသည်။)

သဘောမတူသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါသလား…(၃)ကြိမ်

(သဘောမတူသူမရှိကြောင်း တိတ်ဆိတ်စွာဖြင့် ဆန္ဒပြုကြပါသည်။)

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်/ မြို့စည်ပင် သာယာရေးအဖွဲ့များအတွင်း ပစ္စည်းခွန်ကောက်ခံနိုင်ရေးအတွက် အိမ်ခြေစာရင်းများကို အမှတ်ပေးစနစ်ဖြင့် စနစ်တကျသတ်မှတ်၍ အဆောက်အဦနှင့် မြေအဆင့်သတ်မှတ်ချက်များ ဆောင်ရွက်ကာ ယင်းအမှတ်ပေးမှုအလိုက် ပစ္စည်းခွန်တိုးမြှင့်ကောက်ခံရေးအား လွှတ်တော်၌ အတည်ပြုကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…

(လက်ခုပ်ဩဘာသံများ)

 ၁၁။   ချင်းပြည်နယ် ()မြို့နယ်တွင် တိုင်းရင်းသား ဘာသာစကား ()မျိုးသင် ကြားရန် လွှတ်တော်နှင့် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်မှုအား အမြန်ဆုံးပုံနှိပ်ဖြန့်ဖြူးပေးနိုင်ပါရန် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသောအဆိုကို ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ် (၈)မြို့နယ်တွင် တိုင်းရင်းသား ဘာသာစကား (၅)မျိုးသင်ကြားရန် လွှတ်တော်နှင့် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်မှု အား အမြန်ဆုံးပုံနှိပ်ဖြန့်ဖြူးပေးနိုင်ပါရန် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသောအဆိုကို ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းအစီအစဉ်ဖြစ်ပါတယ်…

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ် (၆)မြို့နယ်တွင် တိုင်းရင်းသား ဘာသာစကား (၄)မျိုးသင်ကြားရန် လွှတ်တော်နှင့် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်မှု အား အမြန်ဆုံးပုံနှိပ်ဖြန့်ဖြူးပေးနိုင်ပါရန် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသောအဆိုနှင့် ပတ်သက်၍ ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားသူ (၂)ဦးရှိပါတယ်…

ဥက္ကဋ္ဌ။          ပထမဦးစွာ…ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးပြေမင်းအားဖိတ်ခေါ်ပါတယ်…

ဦးပြေမင်း(ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂)။ 

ဥက္ကဋ္ဌ။          မင်းတပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းမှ ဆွေးနွေးရန် ဖိတ်ခေါ်ပါတယ်…

ဦးအောင်သန်း(မင်းတပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁)။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…အဆိုနှင် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်(၂)ဦးတို့မှ ဆွေးနွေးပြီးဖြစ်ပါသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ ရှင်းလင်းရန် ဖိတ်ခေါ် ပါတယ်…

ဦးဖွေအား(လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး)။

၈။       ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)

ရပ်နားကြောင်းနှင့်  အစည်းအဝေး(တတိယနေ့) နေ့ရက်/ အချိန် ကြေညာခြင်း။

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ရပ်နားမည်ဖြစ်ပါတယ်…

ဥက္ကဋ္ဌ။          ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး (တတိယနေ့) ကို ၄.၂.၂၀၂၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…

( လက်ခုပ်ဩဘာသံများ )

အခမ်းအနားမှူး။                 ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွါပါက အခန်းတွင်းရှိ ပုဂ္ဂိုလ်များအားလုံး မတ်တပ်ရပ်ပေးကြပါရန် ဖြစ်ပါတယ်…

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွါပါပြီခင်ဗျား…