၁။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပခြင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နေရာယူခြင်း။
ချင်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ်ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက် (အင်္ဂါနေ့) နံနက်(၁ဝး၀၀)နာရီအချိန်၌ စတင်ကျင်းပပါသည်။
(အစည်းအဝေးအခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဦးက ဆောင်ရွက်ပါသည်။)
၂။ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်း။
အခမ်းအနားမှူး။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…ယခုချိန်ကစပြီး ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့) အစီအစဉ် စတင်တော့ မှာ ဖြစ်တဲ့အတွက် နေရာယူပေးကြပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျား… (၃)ကြိမ်
အခမ်းအနားမှူး။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရောက်ရှိလာပါပြီခင်ဗျား…
ဥက္ကဋ္ဌ။ အားလုံးမင်္ဂလာပါ။
အခမ်းအနားမှူး အားလုံးထိုင်နိုင်ပါပြီခင်ဗျား။
၃။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေများ အခန်း၆၊ နည်းဥပဒေ(၃၄)၊ နည်းဥပဒေ ခွဲ(ခ)တွင် လွှတ်တော် သက်တမ်းတစ်ခုအတွင်းကျင်းပသော လွှတ်တော်အစည်းအဝေး တစ်ရပ်ရပ်၏ ပထမနေ့တိုင်း၌ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေတက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။ အစည်းအဝေးအထ မြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံတစ်ပုံ တက်ရောက်လျှင် အစည်းအဝေးများ အထမြောက်သည်ဟု ဖော်ပြပါရှိပါတယ်၊ ယခုအစည်းအဝေး တက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦးအနက်(၂၀)ဦး တက်ရောက်ပြီး၊ ရာခိုင်နှုန်းအားဖြင့် (၈၃.၃၃%) ရာခိုင်နှုန်းတက် ရောက်တဲ့အတွက် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(တတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာအပ်ပါတယ် ခင်ဗျား….
(လက်ခုပ်ဩဘာသံများ…)
၄။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) အစီအစဉ်ကြေညာခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေအခန်း(၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ခ)အရ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) အစီအစဉ်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးပြီးဖြစ်ပါတယ်…
၅။ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန် ကြားခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ် လွှတ်တော် ဆိုင်ရာနည်းဥပဒေအခန်း (၂)၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ် (၁)အရ ခွင့်ပန်ကြားလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်သည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအတွက် အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကသော်လည်းကောင်း ခွင့်ပန်ကြားရမှာ ဖြစ်ပါတယ်… ဒီကနေ့ အစည်းအဝေးမတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ ခွင့်ပန်ကြားဖို့ ဖြစ်ပါတယ်…

ဦးပြေမင်း(လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအတွင်းရေးမှူး)။ လေးစားအပ်ပါသော ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား… ကျွန်တော်ကတော့ ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းဖြစ်ပါတယ်… ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)သို့ မတက်ရောက်နိုင် သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ကျွန်တော်က ခွင့်ပန်ကြားမှာဖြစ်ပါတယ်… တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟန်ဝင်းအောင်(လုံ/နယ်ဝန်ကြီး) သည် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ကျင်းပပြု လုပ်မည့် အစည်းအဝေးသို့ တက်ရောက်ရမည်သော်လည်းကောင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးပြည့်ဟိန်းသည် အရေးကြီးကိစ္စဖြင့် ခရီးလွန်နေပါသဖြင့် ဒုတိယအကြိမ်ချင်းပြည်နယ် လွှတ်တော်(၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ မတက်ရောက်နိုင်ခြင်းကို ခွင့်အဖြစ်သတ်မှတ် ပေးနိုင်ပါရန် ယင်းတို့၏ကိုယ်စား လေးစားစွာဖြင့် ခွင့်ပန်ကြားအပ်ပါသည်။ ကျေးဇူးတင်ပါသည်…
၆။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့ ) တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေအခန်း(၂)၊ နည်းဥပဒေ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲ ငယ်(၂)အရ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦး၊ ယခင်ခွင့်ပန်ကြားသဖြင့် လွှတ်တော်က ခွင့်ပြုသူ(၂)၊ ယနေ့ခွင့်ပန်ကြားသူ(၂)ဦးနှင့် ခွင့်မဲ့ပျက်ကွက်သူ(-)(မရှိကြောင်း)ကို တင်ပြပါတယ်…
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ဒီကနေ့ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)သို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦးအနက် (၂၀)ဦးတက်ရောက်ပြီး ရာခိုင်နှုန်းအားဖြင့် (၈၃.၆၃၃%)ရာခိုင်နှုန်းတက်ရောက်ပါတယ်။ ၂၀၁၃ခုနှစ်၊ ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း(၂)၊ နည်းဥပဒေ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ် (၂)အရ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို ပြည်နယ်လွှတ်တော်၏ အတည်ပြု ချက်ရယူရန် ဖြစ်ပါတယ်…
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ယနေ့အစည်းအဝေး တက်ရောက်မှု အခြေအနေကို အတည်ပြုရန် အားလုံးသဘောတူပါသလားခင်ဗျား…(၃)ကြိမ်
(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုကြပါသည်။)
သဘောမတူသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါသလား…(၃)ကြိမ်
(သဘောမတူသူမရှိကြောင်း တိတ်ဆိတ်စွာဖြင့် ဆန္ဒပြုကြပါသည်။)
ဥက္ကဋ္ဌ။ လွှတ်တော်ကိုယ်စားလှယ်အားလုံးက အတည်ပြုရန်သဘောတူတဲ့အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်မှ အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…
(လက်ခုပ်ဩဘာသံများ…)
၇။ ၂၀၁၉–၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း တင်သွင်းခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့် စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း တင်သွင်းခြင်းအစီအစဉ်ဖြစ်ပါ တယ်…
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း တင်သွင်းရန် ပြည်နယ်အစိုးရ အဖွဲ့အား ဖိတ်ခေါ်ပါတယ်…

ဦးဝီကော(စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး)။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား… ကျွန်တော်ကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဝီကော ဖြစ်ပါတယ်…ချင်းပြည်နယ်ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းများအား ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ အပ်ပါသည်။ ချင်းပြည်နယ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၅)ဖွဲ့၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုငွေအရအသုံးခန့်မှန်းခြေငွေစာရင်း အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် | အကြောင်းအရာ | သာမန် | ငွေလုံးငွေရင်း | ကြွေးမြီ | စုစုပေါင်း |
(က) | ရငွေ | ၉,၀၆၅.၆၁၃ | ၉,၀၆၅.၆၁၃ | ||
(ခ) | သုံးငွေ | ၃၇,၆၀၄.၀၄၃ | ၁၂၇,၂၂၈.၀၉၁ | ၁၆၄,၈၃၂.၁၃၄ | |
(ဂ) | ပိုငွေ(+)/လိုငွေ(-) | -၂၈,၅၃၈.၄၃၀ | -၁၂၇,၂၂၈.၀၉၁ | -၁၅၅,၇၆၆.၅၂၁ |
အထက်ပါ စာရင်းအရ ရငွေတွင် ပြည်ထောင်စုမှ ခွေဝေပေးသည့် အခွန်ဝေစု ကျပ် ၅,၆၃၁.၀၁၉သန်း အပါအဝင် စုစုပေါင်းကျပ် ၉,၀၆၅.၆၁၃ သန်း၊ သုံးငွေ ကျပ် ၁၆၄,၈၃၂.၁၃၄ သန်း၊ လိုငွေကျပ် -၁၅၅,၇၆၆.၅၂၁သန်းဖြစ်၍ လိုငွေအား ပြည်ထောင်စုမှ ထောက်ပံ့ပါသည်။
၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ချင်းပြည်နယ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂၅)ခုရှိသည့်အနက် ဌာန(၁၈)ခုမှာ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခဲ့ပြီး ဌာန(၇)ခုမှာ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းမရှိပါ။ ဌာနများမှ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း၊ လျော့နည်းသုံးစွဲခြင်းများကြောင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုငွေမှာ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းသို့ ပြောင်းလဲဖြစ်ပေါ်လာသည့် အခြေအနေမှာ အောက်အတိုင်းဖြစ်ပါသည်-
(ကျပ်သန်းပေါင်း)
၂၀၁၉–၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် | ||||||
ငွေစာရင်း ခေါင်းစဉ် | မူလခွင့်ပြု ငွေစာရင်း | ပိုရငွေ(+) | လျော့ ရငွေ(-) | ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံခြင်း | လျော့နည်း သုံးစွဲခြင်း | ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း |
ရငွေ | ၉,၀၆၅.၆၁၃ | ၂,၀၃၆.၇၃၄ | ၁.၀၄၅ | ၁၁,၁၀၁.၃၀၂ | ||
သာမန် | ၉,၀၆၅.၆၁၃ | ၂,၀၂၆.၀၈၄ | ၁.၀၄၅ | ၁၁,၀၉၀.၆၅၂ | ||
ငွေလုံးငွေရင်း | ၁၀.၆၅၀ | ၁၀.၆၅၀ | ||||
အသုံးစရိတ် | ၁၆၄,၈၃၂.၁၃၄ | ၉,၂၆၂.၉၈၂ | ၈၂.၀၇၃ | ၁၇၄,၀၁၃.၀၄၃ | ||
သာမန် | ၃၇,၆၀၄.၀၄၃ | ၆၃၄.၄၇၉ | ၈၁.၂၇၃ | ၃၈,၁၅၇.၂၄၉ | ||
ငွေလုံးငွေရင်း | ၁၂၇,၂၂၈.၀၉၁ | ၈,၆၂၈.၅၀၃ | ၀.၈၀၀ | ၁၃၅,၈၅၅.၇၉၄ | ||
ပိုငွေ(+)/လိုငွေ(-) | (-)၁၅၅,၇၆၆.၅၂၁ | (-)၁၆၂,၉၁၁.၇၄၁ | ||||
လိုငွေအတွက် ပြည်ထောင်စု ထောက်ပံ့ရငွေ | ၁၅၅,၇၆၆.၅၂၁ | |||||
ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ရမည့် ငွေကျပ် | ၇,၁၄၅.၂၂၀ |
အထက်ပါဇယားအရ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရငွေပိုင်းတွင် မူလခွင့်ပြုငွေထက် ပြည်ထောင်စု မှ ခွဲဝေပေးသည့် အခွန်ဝေစု ကျပ် ၁၅၁၄.၉၆၁သန်း၊ အခွန်ရငွေကျပ် ၃၁၄.၈၆၈ သန်း၊ အခြားသာမန် ရငွေကျပ် ၁၉၅.၂၁၀သန်းနှင့် ငွေလုံးငွေရင်းရငွေ ကျပ် ၁၀.၆၅၀သန်း ပိုမိုရရှိမည်ဟု လျာထားသော် လည်း ဌာန(၁၈)မှ ဖြည့်စွက်ခွင့်ပြုငွေကျပ် ၉,၂၆၂.၉၈၂ သန်း ထပ်မံတောင်းခံသဖြင့် လိုငွေကျပ် ၁၆၂,၉၁၁.၇၄၁ သန်းဖြစ်ပေါ်ခဲ့ပြီး မူလခွင့်ပြုငွေတွင် လိုငွေကျပ် ၁၅၅,၇၆၆.၅၂၁ သန်းကို ပြည်ထောင်စုမှ ထောက်ပံ့ခဲ့သည့်ရငွေထက် ကျပ်၇,၁၄၅.၂၂၀ သန်းအား ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ရမည်ဖြစ်ပါသည်။
၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတွင် သာမန်အသုံးစရိတ်၌ ဝန်ထမ်းလစာ စရိတ်များ၊ ခရီးစရိတ်များ၊ ပင်စင်နှင့် လုပ်သက်ဆုငွေအပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ် ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီနှင့် ကလေးအလုပ်သမားပပျောက်ရေးစီမံချက်အရ စာရင်းကောက်ယူခြင်းအသုံးစရိတ်များ၊ ဓာတ်ဆီ၊ စက်ဆီဈေးနှုန်းများ မူလခွင့်ပြုငွေတောင်းခံစဉ်က ကျပ်၄ဝဝဝိ/-နှုန်းဖြင့် လျာထားခဲ့သော်လည်း အမှန်တကယ်တွင် ကျပ်၅ဝဝဝိ/-နှုန်းဖြင့် ဝယ်ယူရပါ သဖြင့် ဈေးနှုန်းကွာခြားချက် လိုငွေတောင်းခံခြင်း၊ လုပ်ငန်းလိုအပ်ချက်အရ နွားနောက်မွေးမြူရေး လုပ်ငန်း၊ ဒုတိယသမ္မတလမ်းညွှန်ချက်အရ ဂျပန်ချယ်ရီပင်(၅၀၀၀)စိုက်ပျိုးရန် အသုံးစရိတ်များ တောင်းခံခြင်း၊ ပိုးဥထားသိုခန်းအတွင်း မျိုးပိုးဥထုတ်လုပ်ရန် အအေးခန်းသုံး စက်ပစ္စည်းများ ဝယ်ယူ ရန် ဆူရ်ခွါ၊ နှာရိန်၊ ဝေဘူလ၊ ကျင်ဒွေးနှင့် မကွီအိမ်နူးမြို့များတွင် ဒီဇယ်ဓါတ်အားပေး စက်လည်ပတ် ရန် ဆီစသည်တို့အတွက် လိုငွေကျပ် ၆၃၄.၄၇၉သန်း တင်ပြတောင်းခံရခြင်းဖြစ်ပါသည်။
ငွေလုံးငွေရင်းအသုံးစရိတ်စာရင်းတွင် မြန်မာ-အိန္ဒိယနယ်နိမိတ်ချောင်းဖြစ်သော တီအိုချောင်း မြေထိန်းနံရံပြုလုပ်ခြင်း၊ ကုလားတန်မြစ်ကူးတံတား၊ ဗာရ်းအရံတံတား၊ ကဖီချောင်းတံတားနှင့် သီးဖေတံတားတို့တွင် ဖြည့်စွက်လုပ်ငန်းများနှင့် လမ်းပိုင်းများတွင် လုပ်ငန်းဆက်ဆောင်ရွက်ခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ဟားခါးမြို့(၄၀၀)ဗို့အား လိုင်းလုံလောက်မှုမရှိ၍ ဆောင်ရွက်ရန်၊ ဖလမ်းမြို့လေယာဉ်ကွင်း ဓါတ်အားရရှိရေးဆောင်ရွက်ရန်၊ ထန်တလန်မြို့ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး ရွှေ့ပြောင်းဆောင်ရွက်ရန်နှင့် ခိုင်ကမ်းမြို့ (၄၀၀)ဗို့လိုင်း တိုးချဲ့တည်ဆောက် ရန်၊ မိုးရာသီအန္တရာယ်ဖြစ်နိုင်သည့် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့်လမ်းပိုင်းများနှင့် ဟားခါးထာရ်(VATVA)နှင့် ဟားခါးမြို့ ရေပေးဝေရေးလုပ်ငန်း (၂)ခုအတွက် လိုငွေကျပ် ၆၈၇.၇၀၀ သန်းအပါအဝင် မူလခွင့်ပြုငွေဖြင့် လုံလောက်မှုမရှိသော လုပ်ငန်းများ ဆောင်ရွက်ရန်တို့အတွက် လိုငွေ စုစုပေါင်း ကျပ် ၈,၆၂၈.၅၀၃ သန်းဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်း(၁၈)ခု၏ ဖြည့်စွက်ခွင်ပြုငွေတောင်းခံသည့် စာရင်းချုပ်အား နောက်ဆက်တွဲ(က)ဖြင့် လည်းကောင်း၊ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံသည့် ရှင်းလင်းချက်များအား နောက်ဆက်တွဲ(ခ)ဖြင့် လည်းကောင်း၊ မူလခွင့်ပြုပြီး ခန့်မှန်းခြေငွေစာရင်းသို့ ပြောင်းလဲဖြစ်ပေါ်ခြင်းအား နောက်ဆက်တြွ(ဂ)ဖြင့်လည်းကောင်း၊ ဌာနများ ၏ အသေးစိတ်စာရင်းများနှင့်အတူ ပူးတွဲတင်ပြအပ်ပါသည်။
၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဌာန၊ အဖွဲ့အစည်း(၁၈)ခု၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် သာမန်အသုံးစရိတ် ကျပ် ၆၃၄.၄၇၉သန်း နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၈,၆၂၈.၅၀၃ သန်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ရမည့် လိုငွေ ကျပ် ၇,၁၄၅.၂၂၀ သန်းအား ထည့်သွင်းလျားထားပြီးဖြစ်ပါ၍ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ချင်းပြည်နယ်လွှတ်တော်မှ စိစစ်သုံးသပ်အတည်ပြုပေးနိုင်ပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် ပြည်နယ်လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်ခင်ဗျား…အားလုံးကို ကျေးဇူးတင်ပါတယ်…
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါ က ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့ နေ့လည်(၁၂း၀၀)နာရီအချိန် နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံသို့ အမည်စာရင်း ပေးသွင်းရန်ဖြစ်ပါတယ်…
၈။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတတိယနေ့(ပထမပိုင်း) ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယပိုင်း)ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ (၀၁း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအား ဆွေးနွေးခြင်းနှင့် အတည် ပြုခြင်းအစီအစဉ်ဖြစ်ပါတယ်ခင်ဗျား…
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအား ဆွေးနွေးရန် အမည်စာရင်းပေးသွင်းသူမရှိပါ။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအား ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းဥက္ကဋ္ဌမှ ဆွေးနွေးရန် ဖိတ်ခေါ်ပါတယ်…
ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း ဥက္ကဋ္ဌ။ ဥက္ကဋ္ဌကြီးခင်ဗျား… ဘတ်ဂျက်နှင့် ပတ်သက်ပြီး တော့ အထူးဆွေးနွေးစရာမရှိကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား…
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအားအတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူရမှာ ဖြစ်ပါတယ်ခင်ဗျား…
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအား အတည်ပြုရန် အားလုံးသဘောတူပါသလား……. အားလုံးသဘောတူ ပါသလား……. အားလုံးသဘောတူပါသလား……
(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုကြပါသည်။)
သဘောမတူသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ရှိပါသလား(၃)ကြိမ်
(သဘောမတူသူမရှိကြောင်း တိတ်ဆိတ်စွာဖြင့် ဆန္ဒပြုကြပါသည်။)
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအား လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…
(လက်ခုပ်ဩဘာသံများ)
၈။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတတိယနေ့ (ဒုတိယပိုင်း)ရပ်နားကြောင်းနှင့် အစည်းအဝေးပြီးဆုံးကြောင်းကြေညာခြင်း။
ဥက္ကဋ္ဌ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား… ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတတိယနေ့(ဒုတိယပိုင်း) ရပ်နားကြောင်းနှင့် အစည်းအဝေးပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား…
( လက်ခုပ်ဩဘာသံများ )
အခမ်းအနားမှူး။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွါပါက အခန်းတွင်းရှိ ပုဂ္ဂိုလ်များအားလုံး မတ်တပ်ရပ်ပေးကြပါရန် ဖြစ်ပါတယ်…
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွါပါပြီခင်ဗျား…