၁။ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ (၁၉)ရက်နေ့ (သောကြာနေ့) နံနက် (၁၀:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦးအနက် (၂၃)ဦးတက်ရောက်၍ ရာခိုင်နှုန်းအားဖြင့် (၉၅.၈၃%) တက်ရောက်သည့်အတွက် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ဒုတိယနေ့) အထမြောက် ကြောင်းချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ (၁၀:၀၃) နာရီအချိန်တွင် ကြေညာခဲ့ပါသည်။
၂။ (၁ဝး၀၅)နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား လွှတ်တော်၌ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။
၃။ (၁ဝး၀၀)နာရီအချိန်တွင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဗန်ထောင်းက တင်သွင်းသော ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများကြား ချုပ်ဆိုထားသော စာချုပ်ပါအဓိကအချက်အလက်များအား လုပ်ငန်းဆောင်ရွက်ရာတွင် ပြီးပြည့်စုံစွာ အောင်မြင်စေ ရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှု တာဝန်ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင်/ မြို့နယ် /ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပေးရေး ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသော အဆိုကို ဆွေးနွေးပြီး လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခဲ့ပါသည်။
၁၁။ (၁၁း၀၅)နာရီအချိန်တွင် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၂၀) (ဒုတိယနေ့) ရပ်နားကြောင်းနှင့်အစည်းအဝေးပြီးဆုံးကြောင်းကို လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။