blog-pagination-loader

ခွါဒိုပွဲတော်

ချင်းရိုးရာခွါဒိုပွဲ(ခေါ်)နှစ်သစ်ကူးပွဲတော်သည် ရာသီပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဓိကတောင်ယာ သီးနှံများကို ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိသည်။ ပထဝီအခြေအနေအရ တောင်ယာသီးနှံရိတ်သိမ်းချိန် သည် တစ်နေရာနှင့်တစ်နေရာမတူညီကြချေ။ ထို့ကြောင့် ခွါဒိုပွဲတော်ကို အစောဆုံးစက်တင်ဘာလမှ နောက် အကျဆုံး ဒီဇင်ဘာလအထိ နေရာဒေသအလိုက် ကျင်းပလေ့ရှိကြသည်။ ချင်းရေးရာဦးစီးအဖွဲ့မှ ခွါဒိုပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၄)ရက်မှ လပြည့်ကျော် (၁)ရက်နေ့အထိ ကျင်းပရန်...

ခွါန်ကြွဲပွဲတော်

ခွါန်ကြွဲပွဲတော်ကို ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်ရှိ ချင်းလူမျိုးတို့၏ အကြီးအကျယ်ဆုံးသော ဂုဏ်တုဂုဏ်ပြိုင်ပွဲတော်ဖြစ်သည်။ ပွဲတော်မှာ (၇)ရက်ခန့်ကြာပြီး ပွဲပြုလုပ်သူအိမ်ရှင်၏ တတ်နိ်ုင်သည့်အတိုင်း အတာဖြင့် နွားနောက်ငါးကောင်မှာ အကောင်(၂၀)အထိ အကုန်ကျခံကျင်းပသည် ခွါန်ကြွဲပွဲတော်ကို ရိုးရာဓလေ့များအရ နတ်ပွဲငယ်များကို အစဉ်လိုက်အားလုံးကျင်းပပြီးမှသာ နောက်ဆုံး ကျင်းပသည့် အဆင့်အမြင့်ဆုံးပွဲတော်ဖြစ်သည်။ ခွါန်ကြွဲပွဲတော်ကို တတ်နိုင်ပါက အကြိမ်အကန့်အသတ်မရှိ ကျင်းပနိုင်သည်။ ပထမနေ့သည် ဆွေမျိုးညာတိများဖိတ်သောနေ့ဖြစ်သည်။ ဒုတိယနေ့သည် နယ်မှဧည့်သည် များရောက်နေသာနေ့ဖြစ်သည်။ တတိယနေ့သည် နွားနောက်သတ်သောနေ့ဖြစ်သည်။ လက်ရွေးစင်အက အဖွဲ့များအား...