ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (စတုတ္ထနေ့) ကျင်းပမှုတင်ပြခြင်း
၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂၄)ဦးအနက် (၁၉)ဦးတက်ရောက်၍ ရာခိုင်နှုန်းအားဖြင့် (၇၉.၁၇%) တက်ရောက်သည့်အတွက် ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (စတုတ္ထနေ့) အထမြောက်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ (၁ဝးဝ၂)နာရီ အချိန်တွင် ကြေညာခဲ့ပါသည်။ (၁ဝး၁၀)နာရီအချိန်တွင်...